Home ထိပ်တန်းသတင်း ရွာတွင်းဝင်သည့် အစိုးရစစ်တပ် လူသတ်၊ ပစ္စည်းသိမ်းယူခဲ့

ရွာတွင်းဝင်သည့် အစိုးရစစ်တပ် လူသတ်၊ ပစ္စည်းသိမ်းယူခဲ့

1994
နိုဝင်ဘာလ ၁ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ခလယ့်‌ဒေးစခန်းအ‌ခြေစိုက် မြန်မာအစိုးရ စစ်တပ် စကခ(၁၂)လက်‌အောက်ခံ ခမရ(၂၃၀) တပ်ရင်းသည် ပြီးခဲ့သည့်အပတ်က ထို‌ဒေသရှိ ရွာသူကြီးတဦးကို ပစ်သတ်ကာ အရပ်သားပိုင် ပစ္စည်းများကိုလည်း အဓမ္မသိမ်း ယူမှုများ ပြုလုပ်ခဲ့သည်။

ဗိုလ်မှူးကြီးသန်းထိုက်စိုး ဦး‌ဆောင်သည့် အဆိုပါတပ်ရင်းသည် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၉ရက်‌နေ့က ထီးမကျုခီးရွာမှ အသက် ၃၆နှစ်အရွယ် ရွာသူကြီးဖြစ်သူ ‌စောဖါး‌ကော့ဆဲကို ပစ်သတ်ပြီး နားကပ်၊ လက်စွပ်နှင့်အတူ ထိုင်းဘတ်‌ငွေအချို့ကို သိမ်းယူခဲ့သည်။ ၎င်းအပြင် က‌လေ့မိုခီးရွာမှ ရွာသားအချို့ကို ခိုင်း‌စေသည့်အပြင် ထိုင်းဘတ်‌ငွေ၊ ဆန်၊ ‌စောင်၊ အချိုရည်၊ ငါးဗူး၊ လက်ကိုင်ဖုန်း စသည့်ပစ္စည်းများကိုလည်း သိမ်းယူခဲ့သည်ဟု ရွာခံအမျိုးသားတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

“သူတို့(အစိုးရတပ်) ထီးမကျုခီးရွာထဲ ဝင်ပြီးပစ်တာ လက်နက်ကြီးပါ ပါတယ်။ ရွာသူကြီး‌သေပြီး ကျွဲတ‌ကောင်လည်း ဒဏ်ရာရ သွားတယ်။ အဲဒီရွာအပြင်ထွက်တဲ့အခါ KNU တပ်‌တွေ ‌စောင့်ပစ်‌တော့ အနီးအနား က‌လေ့မိုခီးရွာက လူ‌တွေကို ‌ခေါ်ပြီး ပစ္စည်း ထမ်းခိုင်းပြီး အ‌ရှေ့သွားခိုင်းတယ်။ အဲဒီရွာသား‌တွေရဲ့ ပစ္စည်းအချို့ကိုလည်း သိမ်းသွားတယ်။”ဟု ၎င်းက ‌ပြောသည်။

ထို‌နေ့တွင်ပင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဗိုလ်ဒိငါး ဦး‌ဆောင်သည့် တပ်ရင်း(၂၂)မှ အစိုးရစစ်တပ် ကို တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၂ဦး ကျဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့သည်။

မြန်မာအစိုးရ စစ်တပ်သည် ပစ်သတ်ခံရသူ ရွာသား၏ ‌နေအိမ်မှ ‌ရွှေနားကပ် ၆စုံ၊ ‌ရွှေလက်စွပ် ၁ကွင်းနှင့်အတူ ထိုင်း‌ငွေ ဘတ် တစ်‌သောင်းကို သိမ်းယူခဲ့ပြီး က‌လေ့မိုခွီးရွာမှ ရွာသားများ၏ ထိုင်းဘတ်‌ငွေ ၇‌ထောင်‌ကျော်၊ အိမ်သုံးပစ္စည်းနှင့် အစားအစာများ ကို အဓမ္မသိမ်းယူခဲ့သည်ဟုလည်း အဆိုပါ‌ဒေသခံရွာသားက ထပ်မံ ‌ပြောဆိုသည်။

၎င်းအပြင် ထီးမကျုခွီးရွာသားကို ပစ်သတ်ခဲ့ပြီး‌နောက် ထိုရွာရှိ လူ‌နေအိမ်များမှ ဝါး ပျဉ်ပြားအခင်းများ၊ ထမင်းအိုးများ၊ ဝါးကျည် ‌တောင့် စသည့်အိမ်တွင်းပစ္စည်းများကို ပြန်အသုံးပြု၍ မရ‌အောင် အစိုးရစစ်တပ်မှ ထိုး‌ဖောက်ဖျက်ဆီးခဲ့သည်ဟု သိရသည်။

Photo-KIC (စစ်တပ်မှ ဖျက်ဆီးခဲ့သည့် ရွာသားများ၏ပစ္စည်းများ)

က‌လေ့မိုခီးရွာမှ အစိုးရတပ်၏ အဓမ္မပစ္စည်း အသိမ်းခံရသူများမှာ ‌နော်မုပရီး ၇ဝနှစ်၊ ‌နော်ဖီးအဲ့ ၅၂နှစ်၊ ‌စော‌တေ့လယ့် ၄၁နှစ်၊ ‌နော်မုထူး ၃၈နှစ်၊ ‌နော်မခင်‌ရွှေ ၄ဝနှစ်၊ ‌နော်မ‌ရွေ ၃၈နှစ်၊ ‌နော်တုတူး ၄ဝနှစ်၊ ‌နော်ဟဲလှ ၄ဝနှစ်၊ ‌စောထုဟဲ ၃၆နှစ်၊ ‌စောဖါးနိုး ၃၅နှစ်၊ ‌နော်မု‌အောင် ၂၈နှစ်၊ ‌နော်‌ဖောခု ၂၉နှစ်၊ ‌စောပွယ်ဖိုး ၄ဝနှစ်၊ ‌နော်မြ‌ဖော ၃၅နှစ်၊ ‌နော်မုခူး ၆ဝနှစ်နှင့် ‌စောဖါးဒါးဖိုး ၂၆နှစ်တို့ ဖြစ်သည်။

ကလယ့်‌ဒေးအ‌ခြေစိုက် မြန်မာအစိုးရတပ်ဖွဲ့ဝင်များသည် ထို‌ဒေသရှိ ထီးမကျုခီး၊ ငါးကြပ်ကွင်း၊ ထီးတို‌ကော်၊ က‌လေ့မိုးခီး၊ က‌လေ့မိုထာ့ စသည့်‌ကျေးရွာများတွင် သွားလာလှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။