Home သတင်း ရန်ကုန်မြို့တွင် ကမ္ဘာ့‌အေအိုင်ဒီအက်စ်‌နေ့ကို စု‌ပေါင်းကျင်းပကြမည်

ရန်ကုန်မြို့တွင် ကမ္ဘာ့‌အေအိုင်ဒီအက်စ်‌နေ့ကို စု‌ပေါင်းကျင်းပကြမည်

1798
နိုဝင်ဘာလ ၂၉ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ကမ္ဘာ့‌အေအိုင်ဒီအက်စ်‌နေ့ အထိမ်းအမှတ်ပွဲကို မြန်မာပြည်တွင်းရှိ HIV/AIDS ‌ခေါ် ခုခံအားကျဆင်းမှုဆိုင်ရာ လုပ်ငန်းများ ‌ဆောင်ရွက်‌နေသည့် ကွန်ယက် ၇ခုမှ ဒီဇင်ဘာလ ၃ရက်‌နေ့တွင် ရန်ကုန်မြို့ ယုဒသန်ရိပ်သာ၌ စု‌ပေါင်းကျင်းပကြမည် ဖြစ် သည်။

စု‌ပေါင်းလုပ်‌ဆောင်မည့် ထိုကွန်ယက် ၇ခုမှာ ဘာသာ‌ပေါင်းစုံကွန်ယက် -MINA၊ ပြည်တွင်းလူမှု‌ရေးအဖွဲ့အစည်းများကွန်ယက်-3N၊ မြန်မာ‌ပေါ့စတစ်ကွန်ယက်-MPG၊ မြန်မာပြည့်တန်ဆာ ကွန်ယက် -SWIM၊ မြန်မာ‌ပေါ့စတစ်အမျိုးသမီးများကွန်ယက်-PWN၊ မြန်မာလိင်တူခြင်းချစ်သူများ ကွန်ယက်-MNM၊ မြန်မာမူးယစ်‌ဆေးဝါးသုံးစွဲသူများကွန်ယက်-MDNM တို့ဖြစ်ကြသည်။

ထိုကွန်ယက်အဖွဲ့များသည် ယခင်က တစ်ဖွဲ့ချင်းစီသာ အထိမ်းအမှတ်ပွဲများ ပြုလုပ်ခဲ့ကြ‌သော်လည်း ယခုနှစ်တွင်မူ ပထမဆုံး အကြိမ် စု‌ပေါင်းလုပ်‌ဆောင်ကြခြင်း ဖြစ်သည်ဟု မြန်မာ‌ပေါ့စတစ်ကွန်ယက်မှ တာဝန်ရှိသူအမျိုးသမီးတစ်ဦးက ‌ပြောသည်။

သူမက “ဒီလို လုပ်ဖို့အတွက် စီစဉ်‌နေကြတာကြာပါပြီ။ ဒီနှစ်‌တော့ အ‌ကောင်အထည်‌ဖော်ဖြစ်တယ်။ ပွဲ‌တွေသာများတာ လူ‌တွေ က ဒီလူ‌တွေချည်းပဲ‌လေ။ ‌ငွေလည်းအကုန်သက်သာ။ လူ‌တွေလည်း ပင်ပမ်းတာ သက်သာတယ်။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့‌အေအိုင်ဒီအက်စ်‌နေ့ ‌ဆောင်ပုဒ်မှာ “ခွဲခြားနှိမ့်ချကင်း‌ဝေးလို့၊ ‌အေအိုင်ဒီအက်စ်ပ‌ပျောက်ဖို့၊ လူတိုင်း ပါဝင် ‌ဆောင်ရွက်စို့” ဖြစ်ပြီး ယခုကဲ့သို့ စု‌ပေါင်း‌ဆောင်ရွက်ခြင်းကို အလှူရှင်များမှလည်း သ‌ဘောကျ‌ကြောင်း သိရသည်။

ပြည့်တန်ဆာအဖွဲ့များဖြင့် ဖွဲ့စည်းထား‌သောကွန်ယက်မှ တာဝန်ရှိသူကလည်း “ပူး‌ပေါင်းတယ်ဆိုတာ စည်းလုံးတဲ့သ‌ဘောမျိုးဆို ‌တော့ လှူရတဲ့အဖွဲ့‌တွေကလည်း ‌ကျေနပ်တယ်။ တာဝန်‌တွေကို‌တော့ ‌သေချာခွဲလုပ်ဖို့ လိုပါတယ်။”ဟု ဆိုသည်။

ထိုပွဲကို အလှူရှင်အဖွဲ့များအပြင် အမျိုးသားကာလသားနှင့် ခုခံကျတိုက်ဖျက်‌ရေးဌာန (NAP)၊ ကမ္ဘာ့ကုလသမဂ္ဂ-UN အဖွဲ့များ နှင့် NGO အဖွဲ့များကိုလည်း ဖိတ်ကြားထား‌ကြောင်း သိရသည်။

ထို့အပြင် 3N ကွန်ယက် အတိုင်ပင်ခံ တာဝန်ထမ်း‌ဆောင်ခဲ့‌သော ဦးသန့်လွင်ထူးက “ပွဲကို ပြည်နယ်ဝန်ကြီးချုပ်တို့ ကျန်းမာ‌ရေး ဘက်က တာဝန်ရှိတဲ့ သူတို့ ဖိတ်သင့်တယ်။ ‌ပျော်ပွဲရွှင်ပွဲပုံစံမျိုးထက် ကိုယ်‌ပေးချင်တဲ့ သတင်းစကားကို‌ပြောရမှာ။ ဆုံးဖြတ်နိုင် တဲ့သူ‌တွေ ပွဲကို လာတက်တာဖြစ်လို့ တိုက်ရိုက်‌ပေးခွင့်ရတဲ့ အ‌ခြေအ‌နေပါ။ ဥပမာ-‌ဆေးလို‌နေတယ်ဆိုတာမျိုးကို အ‌ထောက် အထား ခိုင်ခိုင်လုံလုံနဲ့ မငြင်းနိုင်‌အောင် တင်ပြလို့ရတဲ့ အ‌ခြေအ‌နေပါ။ ‌ပျော်စရာလည်းတစ်ဝက် သတင်းစကားလည်းတစ်ဝက် လုပ်နိုင်ရင် ‌ကောင်းမှာပါ။”ဟု သုံးသပ်‌ပြောဆိုသည်။

မြန်မာနိုင်ငံတွင် HIV /AIDS လုပ်ငန်းများ လုပ်‌ဆောင်‌နေကြ‌သော လူထုအ‌ခြေပြု အဖွဲ့အစည်းများဖြင့် ဖွဲ့ထားသည့် ကွန်ယက်များသည် ၂၀၀၇ခုနှစ်မှစတင်ကာ အား‌ကောင်းလာခြင်းဖြစ်သည်။