Home သတင်း ဖလုံ-စ‌ဝေါ်ပါတီ ဥက္ကဌ‌ဟောင်း ‌စောသန်း‌ကျော်ဦး ပါတီအသစ် တည်‌ထောင် ရန် ‌လျှောက်ထား

ဖလုံ-စ‌ဝေါ်ပါတီ ဥက္ကဌ‌ဟောင်း ‌စောသန်း‌ကျော်ဦး ပါတီအသစ် တည်‌ထောင် ရန် ‌လျှောက်ထား

1580
နိုဝင်ဘာလ ၂၉ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP ၏ ယခင် ဥက္ကဌ ‌စောသန်း‌ကျော်ဦး ‌ခေါင်း‌ဆောင်သည့် အဖွဲ့ဝင် ၁၆ဦးသည် ကရင်ဒီမိုကရက်တစ်ပါတီအမည်ဖြင့် ပါတီ ‌ထောင်ရန် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့‌လျှောက်ထား‌ကြောင်း ယ‌နေ့ထုတ်အစိုးရပိုင်သတင်းစာတွင် ‌ဖော်ပြထားသည်။

‌စောသန်း‌ကျော်ဦးသည် ပါတီစည်းကမ်း‌ဖောက်ဖျက်မှုဖြင့် ပါတီဥက္ကဌရာထူးမှ နုတ်ထွက်‌ပေးရန် ‌အောက်တိုဘာလ ၃ဝရက်‌နေ့ ၌ ဖလုံ-စ‌ဝေါ်ပါတီအဖွဲ့ဝင်များက အ‌ရေး‌ပေါ်အစည်းအ‌ဝေး ပြုလုပ်ခဲ့ပြီး‌နောက် နိုဝင်ဘာ ၆ရက်‌နေ့တွင် ရာထူးမှ နုတ်ထွက်ကာ ယခုလို နိုင်ငံ‌ရေးပါတီအသစ် တည်‌ထောင်‌ရေး ‌လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဖလုံ-စ‌ဝေါ်ပါတီ၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး စဘီကျင်ဦးက “ကျ‌နော်တို့ ပါတီက‌နေ ဦး‌စောသန်း‌ကျော်ဦး နုတ်ထွက်သွားပါ ပြီ။ ဒါ‌ကြောင့် သူ့သ‌ဘော သူ့ဆန္ဒနဲ့ ပါတီ‌ထောင်ဖို့လုပ်တာကို ကျ‌နော်တို့အ‌နေနဲ့ဘာမှ မ‌ပြောလိုပါဘူး။ သူပါတီ‌ထောင်လိုက်လို့ လည်း ကျ‌နော်တို့ ပါတီအတွက် ဆိုးဆိုးဝါးဝါး ထိခိုက်တာမျိုးလည်း မရှိပါဘူး။”ဟု ‌ပြောသည်။

ပါတီသစ်‌ထောင်ရန် ‌လျှောက်ထားသည့် ကရင်ဒီမိုကရက်တစ်ပါတီထဲတွင် ‌စောသန်း‌ကျော်ဦးအပြင် ဖလုံ-စ‌ဝေါ်မှ အဖွဲ့ဝင် ၂ဦး ထက်မနည်း ပါဝင်မည်ဟု ခန့်မှန်းရ‌ကြောင်းနှင့် မည်သူပါဝင်မည်ကိုမူ တိကျစွာ မသိရ‌သေး‌ကြောင်း သူက ဆက်‌ပြောသည်။

မြန်မာအစိုးရ၏ ၂၀၀၈ပုံဖွဲ့စည်းပုံအရ နိုင်ငံ‌ရေးပါတီ တည်‌ထောင်လိုသူ ပုဂ္ဂိုလ်များသည် နိုင်ငံ‌ရေး မှတ်ပုံတင်ခြင်း ဥပ‌ဒေပုဒ်မ ၄နှင့် ပုဒ်မ ၆ပါ ပြဌာန်းချက်များနှင့် ညီညွှတ်မှုရှိမရှိ စိစစ်‌ပေးနိုင်‌ရေးအတွက် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က သက် ဆိုင်ရာ ဝန်ကြီးများဌာနများထံ ‌မေတ္တာရပ်ခံ ညှိနှိုင်းထား‌ကြောင်းလည်း အစိုးရသတင်းစာတွင် ‌ဖော်ပြထားသည်။

‌စောသန်း‌ကျော်ဦးသည် လက်ရှိ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်‌ရေး ဝန်ကြီးဖြစ်သူ ယခင် ဖလုံ-စ‌ဝေါ်ပါတီ၏ ဥက္ကဌ ‌စော ခင်‌မောင်မြင့်၏‌နေရာတွင် အစားထိုး အ‌ရွေးခံရသူဖြစ်ပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအတွင်း ကျိုက်မ‌ရောမြို့နယ် အမှတ်(၁)တွင် ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ဝင်‌ရောက်အ‌ရွေးခံခဲ့ရာ မဲရှုံးနိမ့်ခဲ့သည်။