Home သတင်း ပိတ်ထားရသည့် နယ်စပ် စာသင်‌ကျောင်း ပြန်ဖွင့်နိုင်ပြီ

ပိတ်ထားရသည့် နယ်စပ် စာသင်‌ကျောင်း ပြန်ဖွင့်နိုင်ပြီ

1283
နိုဝင်ဘာလ ၂၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

အစိုးရစစ်တပ်၏ စစ်‌ရေးလှုပ်ရှားမှု‌ကြောင့် နှစ်ပတ်ကြာ ပိတ်ထားရသည့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှ စာသင်‌ကျောင်းတစ် ‌ကျောင်းသည် ယခုလ ၂၃ရက်‌နေ့တွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။

ယခုလ ၁၂ရက်‌နေ့က အစိုးရစစ်တပ် တပ်မ(၁၁) လက်‌အောက်ခံ ခမရ(၂၁၈)တပ်ရင်းသည် ဖာပွန်မြို့နယ်၊ လယ်ထူ့ဖိုးဂွင်သို့ ဝင် ‌ရောက်လှုပ်ရှားရာတွင် ၇တန်းအထိ သင်ကြားပို့ချ‌ပေးသည့် အလယ်တန်းစာသင်‌ကျောင်းကို လုံခြုံ‌ရေးအ‌ခြေအ‌နေ‌ကြောင့် ယာယီ ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။

လယ်ထူ့ဖိုးဂွင်ရှိ KTWG အဖွဲ့ဝင် ဆရာ‌စောလွဲ‌ဂေက“လုံခြုံ‌ရေးအ‌ခြေအ‌နေ‌ကြောင့် နှစ်ပတ်ကြာ ‌ကျောင်းပိတ်လိုက်ရတယ်။ အခု စစ်တပ်က တို‌သေ့ဖူးဘက်မှာ ပြန်ဆုတ်သွားတဲ့အတွက် အခု ‌ကျောင်းသား‌တွေ ပုံမှန် ‌ကျောင်းပြန်တက်နိုင်ပြီ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါစာသင်‌ကျောင်းသည် ‌ကေအဲန်ယူ ထိန်းချုပ်ရာနယ်‌မြေတွင်ရှိပြီး ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ ၁၀၇ဦးနှင့် ‌ကျောင်းဆရာ ၉ဦးရှိသည်ဟု KTWG က ‌ပြောဆိုသည်။

ထို‌နေရာသည် ဖာပွန်မြို့၏ အ‌နောက်ဘက်ခြမ်းတွင် တည်ရှိပြီး ကားဖြင့် ၇နာရီ ခရီးကြာ ‌မောင်းနှင်ရသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလဆန်းပိုင်းမှ ယခုလလယ်ပိုင်းအထိ ပဲခူးတိုင်း-‌ကျောက်ကြီးမြို့နယ် အ‌ခြေစိုက် အစိုးရတပ် တပ်မ(၁၁) မှ ၎င်းတို့‌ရှေ့တန်းတပ်စခန်းချရာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ နယ်စပ်သို့ ရိက္ခာပို့‌ဆောင်ရာ လမ်းတ‌လျှောက်ရှိ မသကင်္ာဖွယ်ရာ ‌နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု‌ကြောင့် စာသင်‌ကျောင်းတချို့ ပိတ်ပစ်ခဲ့ရသည်။