Home သတင်း တိုက်ပွဲပြင်းထန်နိုင်၍ မိုင်ဂျာယန် ‌ဒေသတွင် စာသင်‌ကျောင်းများစပိတ်

တိုက်ပွဲပြင်းထန်နိုင်၍ မိုင်ဂျာယန် ‌ဒေသတွင် စာသင်‌ကျောင်းများစပိတ်

1766
နိုဝင်ဘာလ ၂၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကချင်ပြည်နယ် မိုး​‌မောက်မြို့နယ် မိုင်ဂျာယန်‌ဒေသတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အတွက် စာသင်‌ကျောင်း ၁ဝ ‌ကျောင်းခန့်ကို ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIO မှ ယ‌နေ့ စပိတ်လိုက်ပြီဟု မိုင်ဂျာယန်‌ဒေသခံများက ‌ပြောသည်။

အဆိုပါ ‌ဒေသရှိ က‌လေးမူကြို‌ကျောင်းများ အပါအဝင် မိုင်ဂျာယန်မြို့ရှိ အထက်တန်း‌ကျောင်းနှင့် မိုခါ၊ ပရန်ခူတုန်၊ မခန်၊ ပရာဝါ၊ ဝင်းခါး၊ ဆိုင်မိုင်ပါ ရွာများမှ မူလတန်း၊ အလယ်တန်း‌ကျောင်းများ ပိတ်လိုက်ခြင်းဖြစ်သည်ဟု ‌ဒေသခံ မိုင်ဂျာယန် အမျိုးသမီးတဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“တိုက်ပွဲက‌တော့ အကြီးအကျယ် ဖြစ်လာနိုင်တဲ့အတွက် KIO က အဲဒီ‌ကျောင်း‌တွေကို ပိတ်ဖို့ ‌ပြောလိုက်တာပဲ။ ‌ကျောင်း‌တွေ ကို ပိတ်ဖို့အတွက် မ‌နေ့ညက ရွာက တာဝန်ရှိလူကြီး‌တွေနဲ့ အစည်းအ‌ဝေးလုပ်တာ ရှိတယ်။ KIO ‌တွေ ‌ပြောတာက ဒီအချီ တိုက်ပွဲဖြစ်မယ်ဆိုရင် အပြင်းအထန် ခံတိုက်မယ်လို့ ကြားတယ်။”ဟု သူမက ‌ပြောသည်။

၎င်း‌ဒေသတွင် တိုက်ပွဲများ အချိန်မ‌ရွေး ဖြစ်လာနိုင်သည့်အ‌ပေါ် ‌ဒေသခံရွာသူရွာသားများကလည်း စားနပ်ရိက္ခာနှင့် အိမ်အသုံး အ‌ဆောင်ပစ္စည်း အထုပ်အပိုးများ ပြင်ဆင်ထားလျှက်ရှိသည်ဟု သူက ဆက်‌ပြောသည်။

လက်ရှိ စပိတ်လိုက်သည့် စာသင်‌ကျောင်းများမှာ KIO မှ ဖွင့်လှစ်‌ပေးထားသည့် KIO ထိန်းချုပ်နယ်‌မြေအတွင်းမှ ‌ကျောင်းများ ဖြစ်သည်။

ယခုလ ၂၆ရက်‌နေ့၌ မိုး‌မောက်မြို့နယ်၊ ဝိုင်း‌မော်မြို့နယ်နှင့် ကချင်ပြည်နယ် သျှမ်းပြည်နယ် နယ်စပ်တွင် ကချင်လွတ်‌မြောက် ‌ရေးတပ်မ‌တော်-KIA နှင့် မြန်မာအစိုးရတပ်အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ စစ်ရဟတ်ယာဉ်ပါ အသုံးပြုခဲ့သည်ဟု သိရသည်။

မိုး‌မောက်မြို့နယ် မိုင်ဂျာယန်‌ဒေသသည် KIO တပ်မဟာ(၃) ထိန်းချုပ်နယ်‌မြေဖြစ်ပြီး လက်ရှိတွင် မြန်မာအစိုးရတပ် တပ်မ (၈၈) လက်‌အောက်ခံတပ်များနှင့် KIA တပ်မဟာ(၃)တပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိသည်။