Home တွေ့ဆုံမေးမြန်းခန်း သမိုင်းက ‌ခေါင်း‌ဆောင်ကို ဆန်းစစ်သလို ပြည်သူကိုလည်း ဆန်းစစ်ပါတယ်

သမိုင်းက ‌ခေါင်း‌ဆောင်ကို ဆန်းစစ်သလို ပြည်သူကိုလည်း ဆန်းစစ်ပါတယ်

2824

နိုဝင်ဘာလ ၁၈ရက်‌နေ့တွင် ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ၏ ဗဟိုဦးစီအဖွဲ့ အစည်းအ‌ဝေးတွင် ပါတီကို မှတ်ပုံတင်သွားမည်ဖြစ်‌ကြောင်းနှင့် ‌ရွေး‌ကောက်ပွဲများ၌ ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်‌ကြောင်း ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ ကြသည်။
ထိုအ‌ခြေအ‌နေအ‌ပေါ်တွင် အဲန်အယ်လ်ဒီ(လွတ်‌မြောက်နယ်‌မြေ) အဖွဲ့ဝင်‌ဟောင်းဖြစ်ခဲ့သူ၊ လက်ရှိ ကိုရီးယား ကရင်လူငယ်အ စည်းအရုံး(KYO-Korea branch) အဖွဲ့ဝင် စကက်နက်မိုး၏ အမြင်သ‌ဘောထားကို ကရင်သတင်းဌာန(‌ကေအိုင်စီ)က ထို‌နေ့ တွင်ပင် ဆက်သွယ်‌မေးမြန်းထားခြင်း ဖြစ်သည်။

‌မေး – ဒီ‌နေ့မှာ အဖွဲ့ချုပ်က ဆုံးဖြတ်လိုက်တဲ့ ပါတီမှတ်ပုံတင်မယ်။ ‌ရွေး‌ကောက်ပွဲဝင်မယ် ဆိုတဲ့အ‌ပေါ် ဘယ်လိုမြင်ပါသလဲ။
‌ဖြေ – ဟုတ်ကဲ့။ မူအားဖြင့် လက်ခံပါတယ်။ လက်မခံတဲ့စိတ် ရှိခဲ့‌တောင် ‌ဒေါ်စုကိုယုံတယ်ဆိုရင် လက်ခံရမှာပဲ။ တခြား‌ခေါင်း ‌ဆောင်ဆိုရင် ပို‌ဝေးမှာ‌လေ။

‌မေး – လူပုဂ္ဂိုလ်ဆိုတာ အမြဲတမ်း ယုံလို့ရတယ်လို့ ‌ပြောချင်တာလား။ စိတ်အ‌ပြောင်းအလဲ မရှိနိုင်ဘူးလား။
‌ဖြေ – ‌လော‌လောဆယ် ‌ရွေးချယ်စရာ မရှိလို့ပါ။ ‌ရွေးချယ်လို့ရတဲ့တစ်‌နေ့ စိတ်တိုင်းကျ‌ပေါ့။ လက်ရှိအ‌နေအထားက စိတ်တိုင်း မကျ‌ပေမဲ့ ဒီလိုပဲ ဖြစ်သင့်ပါတယ်။

‌မေး – NLD ဟာ အခုဆို ဆုံးဖြတ်လိုက်ခြင်းအားဖြင့် ၁၉၉ဝခုနှစ် ‌ရွေး‌ကောက်ပွဲရလဒ်က အလိုအ‌လျောက် မပျက်ပြယ်သွားဘူး လား။
‌ဖြေ – အစကတည်းက ပြယ်‌နေတာပါပဲ။ ဘာမှ အ‌ကောင်အထည် မရှိဘူး‌လေ။ ဘာမှမ‌ဖော်နိုင်ကြဘူး။ ဒါဟာလည်း NLD ရဲ့ သမိုင်းပါပဲ။

‌မေး – ဒါဆိုရင် ၉ဝခုနှစ်မှာ မဲ‌ပေးခဲ့တဲ့ လူထုရဲ့ ခံစားချက်‌တွေ ဘယ်လိုဖြစ်သွားနိုင်မယ် ထင်ပါသလဲ။
‌ဖြေ – လွှင့်‌မျောသွားတဲ့ တိမ်တိုက်များ‌ပေါ့။ သမိုင်းတရားခံတစ်မျိုးပါပဲ။ မျက်စိမှိတ် တားဆီး‌နေတာထက်စာရင် အရှိတရားကို လက်ခံလိုက်ရတာပါ။

‌မေး – တကယ်လို့ ဒီ‌နေ့လို ဆုံးဖြတ်ချက်မျိုး NLD က မဆုံးဖြတ်ခဲ့ရင် ဘာဆက်ဖြစ်နိုင်မယ် ထင်သလဲ။
‌ဖြေ – ပိုရှုတ်‌ထွေး ပိုကြာရှည်တဲ့အရာ‌တွေ ဖြစ်လာမှာပါ။ အခု‌တောင် ကျီး‌တွေလိုပဲ အာကြ‌တော့မှာ။ အမြင်‌တွေက မတူဘူး ‌လေ။ ယုံကြည်တယ်‌ပြောပြီး အမှန်တကယ် ‌ထောက်ခံကြတာ မဟုတ်ဘူး။ ရာသီစာ‌တွေပဲ တည်‌ရောင်းကြတာ။

‌မေး – ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအပြီး ပြန်လွတ်‌မြောက်လာချိန်ကတည်းက ‌ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှား‌ဆောင်ရွက်မှု‌တွေ အ‌ပေါ် ဘယ်လိုမြင်ပါသလဲ။
‌ဖြေ – အားမရဘူး။ တခုခု သိုဝှက် အချုပ်အ‌နှောင် မိ‌နေသလိုပဲ။ ပွင့်လင်းမြင်သာမှု အားနည်းလွန်းပါတယ်။ စည်းရုံး‌ရေးကျတာ အဲဒါပဲ။ ယုံကြည်မှုအားနည်းသွားတာ‌ပေါ့။ သူ့(‌ဒေါ်စု)အ‌ပေါ်ကို ‌ပြောတာပါ။

‌မေး – ဦးသိန်းစိန် အစိုးရနဲ့ နီးကပ်စွာ ဆက်ဆံ‌နေတဲ့အ‌ပေါ် အလိမ်မာနည်းနဲ့ နိုင်ငံ‌ရေးကစားတာများ မဖြစ်နိုင်ဘူးလား။
‌ဖြေ – သိုဝှက်လွန်းတာက သံသယကို ဖြစ်‌စေပါတယ်။

‌မေး – NLD နဲ့ ‌ဒေါ်စုက တိုင်းရင်းသား‌တွေရဲ့ အ‌ခြေအ‌နေ အဆက်ဆက်ကို ဂဃနဏ နားလည်သ‌ဘော‌ပေါက်တယ်လို့ ထင်မိ ပါသလား။
‌ဖြေ – မထင်‌သေးဘူး။ ဘာဖြစ်လို့လဲဆို‌တော့ NLD ဟာ သူ့အရှုတ်ကို‌တောင် သူ မရှင်းနိုင်‌သေးဘူး။ တိုင်းရင်းသားအ‌ရေးကို စိတ်ရှိ‌ပေမဲ့ အချိန်အများကြီးယူပြီး ‌လေ့လာရဦးမယ်။

‌မေး – ‌နောက်ဆုံး‌ပေါ့‌နော်။ NLD ကလည်း သူ့အလုပ်သူ ဆက်လုပ်‌နေတယ်။ တိုင်းရင်းသား‌တွေကိုလည်း အစိုးရက ငြိမ်းချမ်း ‌ရေးကိစ္စ ကမ်းလှမ်း ချဉ်းကပ်‌နေတယ်။ ဒီအ‌ပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေကလည်း သူ လုပ်စရာရှိတာ သူ့မူနဲ့ သူ လုပ်‌နေကြတယ်။ ‌မေးခွန်းက အစိုးရဟာ တိုင်းရင်းသားအ‌ရေးနဲ့ ဒီမိုက‌ရေစီအ‌ရေးကို ဘယ်လိုလုပ်‌နေတယ်လို့ သုံးသပ်နိုင် သလဲ။
‌ဖြေ – အစိုးရက‌တော့ ထုံးစံအတိုင်း ကစား‌နေတာပါပဲ။ တတ်နိုင်သ‌လောက် သူ့ထွက်‌ပေါက်ကို သူ ချဲ့ထွင်‌နေတယ်လို့ ထင်တယ်။ လာမယ် ကြာမယ် ဆိုတဲ့ဟာမျိုး‌ပေါ့။ ကြာလည်း ကြာဦးမှာပါ။

‌မေး – အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်‌ပေးခံရတာနဲ့ တပြိုင်နက် NLD ရဲ့ ဒီ‌နေ့ဆုံးဖြတ်ချက်‌တွေက အံကိုက်လို ဖြစ်မ‌နေ ဘူးလား။ ဒီ‌တော့ တိုင်းပြည်အနာဂတ်အတွက် ဘာများ ဖြည့်စွက်‌ပြောဆိုချင်ပါ‌သေးလဲရှင့်။
‌ဖြေ – အံကိုက်လို‌တော့ ဖြစ်တာ‌ပေါ့။ တိုင်းပြည်အနာဂတ်အတွက်ဆိုရင် ပွင့်လင်းရိုးသားစွာ ‌တွေး‌ခေါ်ပါ။ တတ်‌ယောင်ကား ဆရာများ ဆန့်ကျင်ပါ။ ‌ခေါင်း‌ဆောင်‌ကောင်း ရှားပါတယ်။ ယုံကြည်ရင် စစ်မှန်စွာ ‌ထောက်ခံပါ။ သမိုင်းက ‌ခေါင်း‌ဆောင်ကို ဆန်းစစ်သလို ပြည်သူကိုလည်း ဆန်းစစ်ပါတယ်။ ဘယ်သူစစ်တယ်၊ မစစ်ဘူးဆိုတာ သမိုင်းက အ‌ဖြေ‌ပေးသွားမှာပါ။ ငြိမ်းချမ်း‌ရေးကို တကယ်လိုလားရင် တသီးပုဂ္ဂလ ခံစားမှုကို ဦးစားမ‌ပေးကြပါနဲ့လို့ ‌ပြောချင်ပါတယ်။

‌မေး – တိုင်းရင်းသား‌တွေ ရှု‌ထောင့်က‌ရော ဘာများ ‌ပြောဆိုချင်ပါ‌သေးလဲ။
‌ဖြေ – အရမ်း အ‌ရေးပါတဲ့ ‌မေးခွန်းပါ။ ဘယ်အစိုးရပဲတက်တက် ပြည်‌ထောင်စုအတွင်းမှာ မှီတင်း‌နေထိုင်တဲ့ တိုင်းရင်းသား‌ပေါင်း စုံရဲ့ ခံစားမှု၊ နာကျည်းမှု‌တွေကို ‌ခြေ‌ခြေမြစ်မြစ် နားလည်‌အောင် ‌လေ့လာသင်ကြားဖို့ လိုအပ်ပါတယ်။ ဆုံးရွားမှားယွင်းတဲ့ အ‌ခြေအ‌နေ‌တွေကို ‌ပြောင်းလဲပြုပြင်‌စေတဲ့ သမိုင်းအသစ်‌တွေကို ဖန်တီး‌ပေး‌စေချင်ပါတယ်။ စစ်မှန်တဲ့ ယုံကြည်မှု တည်‌ဆောက်ပုံကို တိုင်းရင်းသား‌တွေရင်ထဲ အမှန်တကယ်‌ရောက်‌အောင် ပို့ချ‌ပေးပါလို့ ‌တောင်းဆိုချင်ပါတယ်။

‌မေး – တိုင်းရင်းသား‌တွေဘက်က‌ရော ဘာ‌တွေများ လုပ်‌ဆောင်သင့်တယ်လို့ အကြံ‌ပေး တိုက်တွန်းချင်ပါသလဲ။
‌ဖြေ – အ‌မြော်အမြင်ကြီးတဲ့ ‌ခေါင်း‌ဆောင်‌တွေကို လိုအပ်ပါတယ်။ ကမ္ဘာကြီးက အ‌ပြောင်းအလဲ သိပ်မြန်တယ်။ ကျ‌နော်တို့ တပ်မက်တဲ့ ငြိမ်းချမ်း‌ရေးအတွက် တချို့‌နေရာ‌တွေမှာ အစွဲအလမ်း မကြီး‌စေလိုပါ။ လူငယ်‌တွေက ကျ‌နော်တို့လို မ‌တွေးပါ။ ကမ္ဘာကြီးမှာ တိုင်းရင်းသား‌တွေ အများကြီး ရှိပါတယ်။ ဝင်‌ပေါက်၊ ထွက်‌ပေါက်ကို အတူတကွ နားလည်မှုနဲ့ ခရီးသွားဖို့ အသင့် ပြင်ဆင်ထားဖို့ လိုပါတယ်။ ဖိနှိပ်မှုမှန်သမျှ‌တော့ အားမနာတမ်း တွန်းလှန်ကြပါလို့။