Home သတင်း စစ်ဝါဒကျင့်သုံး‌နေမှုများ ရပ်တန့်ရန်လို‌ကြောင်း WLB ‌ပြောဆို

စစ်ဝါဒကျင့်သုံး‌နေမှုများ ရပ်တန့်ရန်လို‌ကြောင်း WLB ‌ပြောဆို

1606
နိုဝင်ဘာလ ၂၆ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာအစိုးရအ‌နေဖြင့် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုများ ပ‌ပျောက်‌ရေးအတွက် စစ်ဝါဒ ကျင့်သုံး‌နေမှုများ ရပ်တန့်ရန် လိုအပ်‌ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB က ယ‌နေ့ တိုက်တွန်းလှုံ့‌ဆော်လိုက်သည်။

ယမန်‌နေ့က ကျ‌ရောက်သည့် နိုင်ငံတကာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန် ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အဓိက ‌ပြောချင်တာက‌တော့ မြန်မာနိုင်ငံရှိ‌နေတဲ့ အမျိုးသမီးများအ‌ပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံ‌နေရတာ‌တွေ ပ‌ပျောက်ဖို့ ရယ်၊ ‌နောက်ပြီး အစိုးရအ‌နေနဲ့လည်း ဒီအကြမ်းဖက်မှု‌တွေ ရပ်တန့်‌အောင် လုပ်‌ဆောင်‌ပေးဖို့ လိုအပ်တယ်ဆိုတာကို အဓိက ရည်ရွယ်ပြီး ကျမတို့ ဒီ‌ကြေညာချက်ကို ထုတ်ရတာပါ။”ဟု WLB သဘာပတိအဖွဲ့ဝင် ‌လွေး‌နွေ‌နှောင်းက ‌ပြောသည်။

၁၉၈၂ခုနှစ်တွင် ကုလသမဂ္ဂမှ ထုတ်ပြန်လိုက်သည့် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်သည့် သ‌ဘောတူညီ ချက်တွင် ၁၉၉၇ခုနှစ် ဇူလိုင် ၂၂ရက်က မြန်မာအစိုးရမှ အကျွမ်းတဝင် လက်မှတ်‌ရေးထိုးထား‌သော်လည်း အမျိုးသမီးများအ ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေးကို ထိ‌ရောက်စွာ လုပ်‌ဆောင်ခြင်း မရှိ‌သေးသည့်အ‌ပေါ် တိုက်တွန်းခြင်းလည်းဖြစ်သည်ဟု သူမက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ၈လအတွင်း ရှမ်းနှင့် ကချင်ပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲကာလများတွင် အမျိုးသမီးများနှင့် က‌လေးငယ်‌ပေါင်း ၈၁ဦးအား မုဒိမ်းပြုကျင့်ခဲ့ပြီး ၎င်းတို့အနက် ၃၆ဦးမှာ သတ်ဖြတ်ခဲ့ သည်ကို ‌ထောက်ရှုခြင်းဖြင့် ဦးသိန်းစိန် အစိုးရသည် ယခင် နဝတ/နအဖ အစိုးရလက်ထက် တပ်မ‌တော်လမ်းစဉ်အတိုင်း တိုင်း ရင်းသူအမျိုးသမီးများအား အဓမ္မပြုကျင့်မှုကို စစ်လက်နက်သဖွယ် အသုံးပြု‌နေဆဲဖြစ်‌ကြောင်း ထို‌ကြေညာချက်တွင် ‌ထောက်ပြ ထားသည်။

‌လွေး‌နွေ‌နှောင်းက “နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှု မရှိဘူးဆိုရင် အမျိုးသမီး‌တွေအ‌ပေါ် အကြမ်းဖက်မှု‌တွေကလည်း ‌လျော့နည်း လာမှာ မဟုတ်ဖူး‌လေ။ ဒါ‌ကြောင့် အားလုံးကလည်း ဝိုင်းဝန်းလုပ်‌ဆောင်ကြဖို့ လိုအပ်တယ်။”ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ရှမ်းပြည်တပ်မ‌တော်(RCSS/SSA)တို့ အပစ်ခတ်ရပ်စဲ‌ရေးအတွက် ဦးသိန်းစိန် အစိုးရ ကိုယ်စားလှယ်များနှင် စတင်‌ဆွေး‌နွေးသည်ကို ကြိုဆို‌ကြောင်း၊ နိုင်ငံ‌ရေး ပြဿနာများကို နိုင်ငံ‌ရေးအရ အ‌ဖြေရှာလို‌သော ဆန္ဒ သ‌ဘောထားဖြင့် UNFC ၏ နိုင်ငံ‌ရေး ရပ်တည်မှုများကို အ‌လေးထားကာ ကျန်တိုင်းရင်းသား လက်နက်ကိုင်အင်အားစုအားလုံး နှင့် စစ်မှန်‌သော နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအဆင့်အထိ အမြန်ဆုံးတက်လှမ်းသွားရန်လည်း WLB က တိုက်တွန်းထားသည်။

အလားတူ က‌လောင်အမျိုးသမီးအစည်းအရုံး(PWO)ကလည်း ပ‌လောင်‌ဒေသရှိ အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ကွဲပြားမှုအ ‌ပေါ် အ‌ခြေခံသည့် ခွဲခြားဆက်ဆံမှုများကို ပ‌လောင်‌ဒေသရှိ အမျိုးသမီးများ ဆိုးရွားစွာ ခံစား‌နေ‌ကြောင်း တစ်ရက်တည်းတွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ပ‌လောင်‌ဒေသများတွင် စီးပွား‌ရေး၊ လူမှု‌ရေး အကြပ်အတည်းများကို အစိုးရသစ်က ‌ဖြေရှင်းခြင်းမရှိသည့်အပြင် ၂၀၁ဝ ‌ရွေး ‌ကောက်ပွဲကတည်းက ပ‌လောင်‌ဒေသတွင် ဘိန်းစိုက်ပျိုး‌ရေးနှင့် မူးယစ်‌ဆေးဝါး သုံးစွဲမှုတိုးများလာပြီး အိမ်တွင်းအကြမ်းဖက်မှု ပြဿနာများ တိုက်ရိုက် ဖြစ်‌ပေါ်‌စေသည်ဟု ‌ဖော်ပြထားသည်။

WLB အဖွဲ့မှ နိုင်ငံတကာ အမျိုးသမီးများအ‌ပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ရပ်တန့်‌ရေး‌နေ့ အခမ်းအနားကို ထိုင်းနိုင်ငံရှိ မဲ့စ ရင်း၊ စံခလဘူရီ၊ အိန္ဒိယနိုင်ငံရှိ ချုရာချန်ပူနှင့် ‌ဒေလီမြို့၊ ဘဂင်္လား‌ဒေ့ရှ် ‌ကော့ကဇားမြို့နှင့်၊ တရုတ်-မြန်မာနယ်စပ် မဂျိုင်ရာနှင့် လိုင်ဇာမြို့များတွင် စကားဝိုင်းများလည်း ပြုလုပ်ခဲ့သည်။

WLB အ‌နေဖြင့် နိုဝင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၁ဝရက်‌နေ့အထိ ၁၆ရက်တာလှုပ်ရှားမှုအဖြစ် မဲ့‌ဟောင်‌ဆောင်ဘက်တွင် ကွင်း ဆင်းပြီး ပညာ‌ပေး‌ဟော‌ပြောပွဲများ ပြုလုပ်ကာ ဖဲကြိုးဖြူသီချင်းကို မီဒီယာများထဲ ထုတ်လွှင့်ရန် စီစဉ်လုပ်‌ဆောင်လျှက်ရှိသည်။
မြန်မာတိုင်းရင်းသူအဖွဲ့အစည်း ၁၃ဖွဲ့ ပူး‌ပေါင်းပါဝင်လျှက်ရှိပြီး ၁၉၉၉ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် WLB သည် နိုင်ငံတကာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့ကို ၂၀၀၅ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပလာခဲ့သည်။

၁၉၉၉ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်‌နေ့တွင် ကျင်းပ‌သော ၅၄ကြိမ်‌မြောက် ကမ္ဘာ့ကုလသမဂ္ဂ အ‌ထွေ‌ထွေညီလာခံ၏ ၈၃ကြိမ်‌မြောက် မျက်နှာစုံညီ အစည်းအ‌ဝေး ဆုံးဖြတ်ချက် ၅၄/၁၃၄အရ နိုဝင်ဘာလ ၂၅ရက်‌နေ့ကို နိုင်ငံတကာ အမျိုးသမီးများအ‌ပေါ် အကြမ်း ဖက်မှုပ‌ပျောက်‌ရေး‌နေ့အဖြစ် တရားဝင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။