Home ထိပ်တန်းသတင်း စစ်တပ်မှ အမျိုးသမီးငယ် ၃ဦးကို အဓမ္မကျင့်သတ်ဖြတ်

စစ်တပ်မှ အမျိုးသမီးငယ် ၃ဦးကို အဓမ္မကျင့်သတ်ဖြတ်

1844
နိုဝင်ဘာလ ၄ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရှမ်းပြည်‌မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ဖဲပါရွာမှ အမျိုးသမီးငယ် ၃ဦးအား ခလရ(၂၉၀) တပ်ရင်မှူး လက်‌အောက်ခံတပ်များမှ ပြီးခဲ့သည့်အပတ်က မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဟု ‌ဒေသခံ တစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

“ရွာက တရုတ်ရွာဗျ။ အသတ်ခံရတာကလည်း တရုတ်အမျိုးသမီး‌လေး‌တွေပါ။ မုဒိမ်းကျင့်ထားတဲ့ လက္ခဏာလည်း ‌တွေ့ရ တယ်‌လေ။ ရွာကလူ‌တွေက ဖြစ်ဖြစ်ချင်း ရဲစခန်းတိုင်ဖို့ လုပ်ကြ‌သေးတယ်။ တိုင်ရင် စစ်တပ်က လာနှိပ်စက်ဦးမယ်ဆိုပြီး မတိုင် ဖြစ်‌တော့ဘူး။”ဟု ၎င်း‌ဒေသခံက ဆက်‌ပြောသည်။

အသတ်ခံရ‌သော အမျိုးသမီး‌လေးများမှာ အသက် ၁၇နှစ်အရွယ်သာ ရှိ‌သေး‌ကြောင်းလည်း သိရသည်။

၎င်းစစ်တပ်သည် ၂၅ရက်‌နေ့က ထိုနမ့်ဖဲရွာ မ‌ရောက်မှီ စစ်‌ကြောင်းချီရာ လမ်း‌ပေါ်ရှိ နမ့်‌တောင်နှင့် မုန်း‌ပေါ်ရွာကြားရှိ ‌ကောင်း ခါးရွာကိုလည်း ဝင်‌ရောက်ကာ ရွာထဲရှိ ကြက်များကို ယူ‌ဆောင်သွား‌ကြောင်း သိရသည်။

“အိမ်တိုင်းကိုဝင်ပြီး ‌မွေးထားတဲ့အ‌ကောင်‌တွေ ယူတာ။ အိမ်တအိမ်က‌တော့ မီးဖွားပြီးစ အမျိုးသမီးတစ်‌ယောက်ထဲ‌နေတာ။ ကြက်‌မွေးထားတာ မရှိဘူးလို့‌ပြော‌တော့ တံခါးအတင်းဖွင့်ပြီး အိမ်ထဲက ပစ္စည်း‌တွေယူ သွားတာပဲ‌လေ။”ဟု ရွာခံတစ်ဦးက ‌ပြော သည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလကလည်း မြစ်ကြီးနား-ဗန်း‌မော်သွား ကားလမ်းအ‌နောက်ဖက်ခြမ်း ရှဒပါရွာတွင် တရုတ်အမျိုးသမီး ၃ဦးအား အစိုးရစစ်သားများက အဓမ္မပြုကျင့်ခဲ့ကြသည်။

စက်တင်ဘာလမှစ၍ ထိုးစစ်များ‌ကြောင့် လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်‌ဒေသများရှိ ‌ဒေသခံများမှာ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ ကို ခံ‌နေကြရသည်။