Home ကဗျာ မြယာ‌တောသခင်သို့ တိုင်တည်ခြင်း

မြယာ‌တောသခင်သို့ တိုင်တည်ခြင်း

1886

စ,အိုုင်ခန့် (နှင်းခဲ‌မြေ)

(၁၈-၁၀-၂၀၁၁)

အိုု…အရှင်မြယာ‌တောသခင်
သင်၏လွတ်‌မြောက်‌ရေးတိုုက်ပွဲခရီးဟာ
ဖုုန်းဆိုုး‌မြေ မြယာ‌တောထဲက
ဇနပုုဒ်တဲစုုတ်နံ‌ဘေးမှာ
အဆုုံးသတ် ‌မြေခခဲ့ရတယ်။

ဒါ‌ပေမယ့်
ငါတို့အတွက် ဘယ်‌တော့မှ‌သွေဖည်လို့မရတဲ့
‌တော်လှန်‌သော မျိုးဆက်တို့အတွက်
သီအိုရီ မူ‌လေးချက်ကို
အသင် ချန်ထား‌ပေးခဲ့တယ်။

အိုု…အရှင်မြယာ‌တောသခင်
သင်နှင့်အတူ စခဲ့တဲ့
‌တော်လှန်‌ရေးဖခင်ကြီးများလည်း
တစ်ချို ့ သင်နှင့်အတူ
ဩဂုတ်မှာပွင့်တဲ့ ပန်းနီနီ‌လေး‌တွေအဖြစ်
အာဇာနည်ဘွဲ ့ နှင်းအပ်ခြင်းခံရ
ဒိုု့တစ်‌တွေ ဦးညွှတ်အ‌လေးပြုခြင်း ခံရ‌ပေမယ့်လည်း

အိုု…အရှင်မြယာ‌တောသခင်
တစ်ချို ့ သင်နှင့်‌သွေဖည်စွာ
လှည့်ဖြားသူတိုု့ရဲ့ မက်လုုံးကြားမှာသာယာရင်း
မမှိတ်မသုုန်နဲ့ နိဂုုံးချုပ် အဆုံးသတ်ခဲ့ကြရ
တစ်ချို ့ သာယာ‌နေဆဲ၊ နား‌ယောင်‌နေဆဲပါ

အိုု…အရှင်မြယာ‌တောသခင်
တစ်ချို ့ သင်နှင့်ထပ်တူစွာ
သင်၏မူအား ဆုုပ်ကိုုင်ရင်း
သခင်္ါရတရားရဲ့ ‌လောင်းရိပ်‌အောက်မှာ
အိုုမင်းရင့်‌ရော်ခြင်းနှင့်အတူ
‌လောကဓံ‌အောက် ‌ကြွေကျ
တာဝန်‌တွေ‌ကျေပြွန်စွာ
‌ကျောခိုင်းနှုတ်ဆက်သွားကြရ

ဒါ‌ပေမယ့်
အိုု…အရှင်မြယာ‌တောသခင်
သင်၏ အမျိုးသားလွတ်‌မြောက်‌ရေး ခရီးစဉ်မှာ
သင်၏ ‌မျှော်လင့်ချက်ပန်းတိုင်အတွက်
ဒို့အ‌သွေးအသားမှာ စီးဝင်တဲ့ သင်၏ဝိညာဉ်‌တွေနဲ့
သင်ချန်ထားခဲ့တဲ့ ‌ရေ‌သောက်မြစ် မူ‌လေးချက်နဲ့အတူ
သင့်ရဲ့ အကိုင်းအခက်အရွက်‌တွေဟာ
ရွက်သစ်‌တွေနဲ့ နုပျိုဆဲ၊ ပွင့်‌ဝေဆဲ၊ တွန်းလှန်‌နေဆဲပါ
သင်‌မျှော်မှန်းခဲ့တဲ့ လွတ်‌မြောက်‌ရေး ပန်းတိုုင်ဆီကို‌ပေါ့။

‌တော်လှန်‌နေဆဲနှင့် ကျဆုံး/ကွယ်လွန်သွား‌သော ‌တော်လှန်‌ရေး အရာရှိ အကြပ် တပ်သားအ‌ပေါင်းအား ဂုဏ်ပြုအပ်ပါသည်။