Home ထိပ်တန်းသတင်း မြစ်ကြီးနား-မန္တ‌လေး ရထားလမ်း ပိတ်ထားရ

မြစ်ကြီးနား-မန္တ‌လေး ရထားလမ်း ပိတ်ထားရ

1638
‌အောက်တိုဘာလ ၁ဝရက်။ (‌ကေအိုင်စီ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် မန္တ‌လေးမြို့သို့သွားသည့် ရထားလမ်းကို ပြီးခဲ့သည့် ‌အောက်တိုဘာလ ၆ရက်‌နေ့မှစ၍ ယ‌နေ့ အထိ သွားလာမရဖြစ်ကာ ပိတ်ထားရသည်ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ‌ပြောသည်။

“မန္တ‌လေး-မြစ်ကြီးနား ရထားလမ်းက ပိတ်‌နေတာ ‌လေးရက်ရှိပြီ။ သံလမ်းပျက်လို့‌လေ။ ရထားက မန္တ‌လေးကလာပြီး မြစ်ကြီး နား မ‌ရောက်မချင်း ‌ခေါင်းလှည့်မရ‌တော့ ‌အောက်ပြန်ဆင်းလို့လည်း မရဘူး။”ဟု ၎င်းမြို့ခံက ‌ကေအိုင်စီကို ‌ပြောသည်။

ယင်းသို့ဖြစ်ရခြင်းမှာ ယခု ၅ရက်တွင် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့ (KIA)က ဟိုပင်၊ ဆား‌မှော်နှင့် မရမ်း သုံး‌နေရာရှိ သံလမ်း ‌နေရာများကို ဗုံး‌ဖောက်ခွဲပြီး‌နောက် ၆ရက်‌နေ့တွင် အစိုးရတပ်များက မြစ်ကြီးနား အနီးဝန်းကျင်၌ တန်ပြန် ဗုံး‌ဖောက်ခွဲမှု‌ကြောင့် ဖြစ်သည်ဟု KIA နှင့် နီးစပ်သူတစ်ဦးက ‌ပြောဆိုသည်။

သူက “အစိုးရစစ်သား‌တွေက ရထားနဲ့ အလွယ်တကူလာ‌နေ‌တော့ အဲဒါကို အဟန့်အတားဖြစ်‌အောင် KIA က သံလမ်းဗုံးခွဲတာ ‌လေ။ အဲဒါကို စစ်တပ်ဖက်က မြစ်ကြီးနားမြို့နားက သံ‌ဘောင်ကွန်ကရစ်တံတားကို ဗုံး‌ဖောက် ပြန်ဖျက်တာ တံတားလည်း ကျိုး သွားတယ်‌လေ။ ‌လော‌လောဆယ် မြစ်ကြီးနားနဲ့ မန္တ‌လေးက သွားလာ‌ရေး ရပ်တန့်‌နေတယ်။”ဟု ‌ပြောသည်။

၎င်းရထားသံလမ်းကို ပြင်ဆင်မှု‌နေ‌သော်လည်း အပျက်အစီးများသည့်အတွက် ပြီးစီးခြင်း မရှိ‌သေး‌ပေ။ ယခုလို ရထားလမ်းပိတ် ‌နေသည့် ရက်ပိုင်းအတွင်း မန္တ‌လေးမှ ဟိုပင်၊ ဟိုပင်မှ မိုင်း‌ကောင်း၊ မိုင်း‌ကောင်းမှ မြစ်ကြီးနားကို တွဲ ၂တွဲပါ ရထားဖြင့် ဆွဲ‌ပေး ‌နေသလို ကချင်ပြည်နယ်အတွင်းမှ ခရီးသည်များ သွားလာ‌ရေးအတွက်လည်း ကြားကားပုံစံမျိုး ‌ပြေးဆွဲ‌နေသည်ဟု သိရသည်။

မန္တ‌လေး-ဗန်း‌မော်-မြစ်ကြီးနား ကားလမ်းမှာ ပြီးခဲ့သည့် ဇူလိုင်လ KIA နှင့် အစိုးရ အပစ်ရပ်မှု ပျက်ပြယ်ပြီးကတည်းက လုံးဝ ရပ်နားလိုက်ရပြီး ရထားလမ်းကို အဓိကထား အသုံးပြု‌နေရခြင်း ဖြစ်သည်။

အဆိုပါကုန်သည်က “အခုလို ရထားလမ်းပိတ်‌တော့ တဆင့်ခံသွားရင် ‌ငွေကုန်၊ လူပင်ပမ်းတာမို့ မသွားကြဘူး‌လေ။ ရထား အချိန်မှန်ဖို့လည်း မလွယ်ဘူး။ ‌ရေရှည် ပိတ်မယ်ဆိုရင်‌တော့ ကုန်‌ဈေးနှုန်းတက်မယ်။ စား‌သောက်ကုန်‌ရော လူသုံးကုန်‌ရော ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌ဒေသတွင် ပုံမှန်အားဖြင့် တစ်ရက်လျှင် ရထား ၈စီး ‌ပြေးဆွဲလျှက်ရှိသည်ဟု မြို့ခံလူထု၏ ‌ပြောကြားချက်အရ သိရသည်။ ထို့ အပြင် ‌ရွှေဘို-မြစ်ကြီးနားကားလမ်းမှာလည်း အမည်ခံသာရှိပြီး အမှန်တကယ် သွားလာ၍မရ‌ပေ။

၁၉၉၄ခုနှစ်က မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည့် KIA သည် ယခုနှစ် ဇူလိုင်လတွင် အစိုးရသစ်နှင့် အပစ်ရပ်ခြင်း ပျက်ပြယ်ခဲ့ပြီး‌နောက် နှစ်ဖက်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိသည်။ KIA သည် ရှမ်းပြည်‌မြောက်ပိုင်း ကွတ်ခိုင်၊ သိမ်းနီ၊ မူဆယ်၊ မုန်ကိုးနှင့် နမ့်ခမ်း‌ဒေသများတွင် အ‌ခြေစိုက် လှုပ်ရှား‌နေသည့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။