Home ထိပ်တန်းသတင်း ပြည်တွင်းငြိမ်းချမ်း‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်းပသင့်‌ကြောင်း ၅ပါတီ တိုက်တွန်း

ပြည်တွင်းငြိမ်းချမ်း‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်းပသင့်‌ကြောင်း ၅ပါတီ တိုက်တွန်း

1702
‌အောက်တိုဘာလ ၃ရက်။ (‌ကေအိုင်စီ)

Photo-IMNA (AMDP ဥက္ကဌ နိုင်‌ငွေသိန်း)
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွား‌နေသည့် စစ်‌ရေး ပဋိပက္ခများကို နှစ်ဦးနှစ်ဘက် အပစ်ခတ်ရပ်စဲ‌ရေး ‌ကြေညာ‌ပေးပြီး ပြည်တွင်းငြိမ်းချမ်း‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ အမြန်ဆုံး ကျင်းပ‌ပေးရန် ညီ‌နောင်တိုင်းရင်းသား ၅ပါတီက အစိုးရကို ယ‌နေ့ သ‌ဘောထား ‌ကြေညာချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။

ညီ‌နောင်တိုင်းရင်းသား ၅ပါတီ၏ သ‌ဘောထား ‌ကြေညာချက်အမှတ် ၅/၂၀၁၁တွင် ငြိမ်းချမ်း‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်း ပရန် တိုက်တွန်းရခြင်းနှင့် ပတ်သက်၍ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဥက္ကဌ နိုင်‌ငွေသိန်းက ‌ကေအိုင်စီကို ယခုလို ‌ပြော သည်။

“ငြိမ်းချမ်း‌ရေးနဲ့ ပတ်သက်ပြီး‌တော့ ‌တောင်းဆိုထားပြီးသား။ ဒါ‌ပေမယ့် အစိုးရဘက်က ဘာမှ လိုက်‌လျော‌ပေးတာ မရှိဘူး။ ဒီ‌တော့ ကျ‌နော်တို့က ထပ်ပြီး ‌တောင်းဆိုတာဖြစ်တယ်။”ဟု ဥက္ကဌ နိုင်‌ငွေသိန်းက ‌ကေအိုင်စီကို ‌ပြောသည်။

လက်ရှိ ဖွဲ့စည်းထားသည့် ငြိမ်းချမ်း‌ရေး‌ကော်မတီတွင်လည်း ညီ‌နောင် ၅ပါတီက အကြံပြုထားသည့် ပါဝင်သင့် ပါဝင်ထိုက်သူများ မပါဝင်‌သေး‌သော‌ကြောင့် ဖြည့်စွက်‌ပေးရန် ထပ်မံ တိုက်တွန်းလိုက်ရခြင်းဖြစ်‌ကြောင်း နိုင်‌ငွေသိန်းက ‌ပြောသည်။

ညီ‌နောင် ၅ပါတီမှ ပြီးခဲ့သည့် ဩဂုတ်လ ၃ရက်‌နေ့က ထုတ်ပြန်ခဲ့သည့် ‌ကြေငြာချက်အမှတ်(၄)ပါ အစိုးရသစ်၏ ဦး‌ဆောင်မှုဖြင့် ညီ‌နောင်တိုင်းရင်းသား ၅ပါတီ အပါအဝင် လွှတ်‌တော်ကိုယ်စားလှယ်များ၊ ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်များ၊ ပညာရှင်များပါသည့် ငြိမ်းချမ်း ‌ရေး‌ကော်မတီ ဖွဲ့စည်းကာ ငြိမ်းချမ်း‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်းပသင့်‌ကြောင်း တိုက်တွန်းထားခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

၎င်းအပြင် သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာထဲတွင် နိုင်ငံ‌ရေးအကျဉ်းသားများ လွှတ်‌ပေး‌ရေးကိစ္စကို ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပါ အပ် နှင်းထားသည့် အခွင့်အာဏာအတွင်းမှ ‌ဆောင်ရွက်‌ပေးသွားမည်ဟု ပါရှိရာ နှစ်ရှည်လများ ပြစ်ဒဏ်ကျခံ‌နေရသည့် ခွန်ထွန်းဦးနှင့် တိုင်းရင်းသား‌ခေါင်း‌ဆောင်များ၊ မင်းကိုနိုင်နှင့် ‌ကျောင်းသား‌ခေါင်း‌ဆောင်များ အပါအဝင် နိုင်ငံ‌ရေး အကျဉ်းသားအားလုံး ပြန်လွှတ် ‌ပေး‌ရေးကို အမြန်ဆုံး အ‌ကောင်အထည်‌ဖော်‌ပေးပါရန်လည်း တိုက်တွန်းထားသည်။

ညီ‌နောင်ပါတီ၏ ‌ကြေငြာချက်တွင် ဦးသိန်းစိန်အ‌နေဖြင့် ကချင်ပြည်နယ်ရှိ ‌ဒေသခံပြည်သူများ အပါအဝင် ပြည်‌ထောင်စု တိုင်းရင်း သားအားလုံး၏ စိုးရိမ်ပူပန်မှုကို တန်ဖိုးထားလျက် မြစ်ဆုံဆည်တည်‌ဆောက်ခြင်းအား ရပ်ဆိုင်းထားသည့်အတွက် မိမိတို့မှ ကြိုဆို ‌ကြောင်း ပါရှိသည်။ သို့‌သော်လည်း တိုင်းရင်းသား‌ဒေသများအတွင်း လက်နက်ကိုင်ပဋိပက္ခများ ယ‌နေ့ထိတိုင် ဆက်လက် ဖြစ်ပွား ‌နေခြင်းအတွက် စိုးရိမ်ပူပန်‌နေရ‌ကြောင်း ညီ‌နောင် ၅ပါတီက ‌ပြောသည်။

ညီ‌နောင်တိုင်းရင်းသား ၅ပါတီတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ၊ ရခိုင်တိုင်းရင်း သားများ တိုးတက်‌ရေးပါတီ၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ချင်းအမျိုးသားပါတီတို့ ပါဝင်သည်။