Home သတင်း အစိုးရတပ် ရိက္ခာ အသိမ်းခံရ

အစိုးရတပ် ရိက္ခာ အသိမ်းခံရ

1458
‌အောက်တိုဘာလ ၁၅ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

‌ကော့ကရိတ်မြို့နယ်ရှိ ဆုံဆည်းမြိုင်နှင့် အူးက‌လေ့ထာ့ရွာအကြား၌ အစိုးရတပ်မှ ‌ထော်လာဂျီကား ၂စီးဖြင့် သယ်‌ဆောင်လာ ‌သော တပ်ရိက္ခာကို လက်နက်ကိုင် မဟာမိတ်တပ်များက ယ‌နေ့ ‌နေ့လည်တွင် သိမ်းဆည်းခဲ့သည်ဟု သိရသည်။

တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA၊ ရခိုင်လွတ်‌မြောက်‌ရေးပါတီ-ALP နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF တို့ ပါဝင်သည့် မဟာမိတ်ပူး‌ပေါင်းတပ်ဖွဲ့တို့က အစိုးရတပ်ဘက်မှ သယ်လာ ‌သော ဆန်၊ ပဲနှင့် အမဲဗူးတို့ကို သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

DKBA မှ ဗိုလ်မှူး‌စောဆန်း‌အောင်က “ကျ‌နော်တို့ သိမ်းဆည်းရတဲ့အချိန်မှာ အစိုးရတပ်က စစ်သား‌တွေ တစ်‌ယောက်မှ မ‌တွေ့ ဘူး။ ကျ‌နော်တို့အဖွဲ့‌တွေ လာတာသိလို့ ထွက်‌ပြေးတာ ဖြစ်မယ်။ ကားထဲမှာ ပစ္စည်းအပြည့်ပဲ။”ဟု ‌ပြောသည်။

အစိုးရတပ်မှ ၎င်းတို့ တပ်ရိက္ခာ သယ်‌ဆောင်လာသည့် ‌ထော်လဂျီကားမှာ ထို‌ဒေသရှိ ရွာသူရွာသားများ ကားဖြစ်သည်ဟု သိရ သည်။

ရိက္ခာ သိမ်းဆည်းခံရသည့် အစိုးရတပ်မှာ တပ်မ(၂၂) လက်‌အောက်ခံတပ်ဖွဲ့များ ဖြစ်သည်ဟု မဟာမိတ် ပူး‌ပေါင်းတပ်များက ‌ပြောသည်။

တဆက်တည်းမှာပင် ‌ကော့ကရိတ်မြို့နယ်အတွင်း တာအုထာ့ရွာဘက်မှာလည်း DKBA နှင့် အစိုးရတပ်တို့အကြား ယ‌နေ့ ပစ် ခတ်မှု ဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ တစ်ဦး ကျဆုံးခဲ့သည်ဟု ဗိုလ်မှူး‌စောဆန်း‌အောင်က ‌ပြောသည်။