Home ထိပ်တန်းသတင်း အစိုးရတပ်များ ဆွဲမိုင်းဖြင့် အဆက်မပြတ် တိုက်ခိုက်ခံရ

အစိုးရတပ်များ ဆွဲမိုင်းဖြင့် အဆက်မပြတ် တိုက်ခိုက်ခံရ

1590
‌အောက်တိုဘာလ ၂၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် တံတားကျိုးရွာအနီးတွင် လှုပ်ရှား‌နေသည့် မြန်မာအစိုးရတပ် စကခ(၁၂)လက်‌အောက်ခံ တပ်ရင်းကို ယမန်‌နေ့ ‌နေ့လည်အချိန်တွင် ကရင်ပူး‌ပေါင်းတပ်များက ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ၄ဦးကျဆုံးကာ ၇ဦး ဒဏ်ရရှိခဲ့ သည်။

အဆိုပါ တိုက်ခိုက်မှုကို တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA ကလို့ထူးဝါးဗျူဟာနှင့် ကရင်အမျိုး သားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ပူး‌ပေါင်းတပ်များက ‌ပြောက်ကျားစစ်ဖြင့် သွား‌ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု DKBA ၏ ပြန်ကြား‌ရေး တာဝန်ခံ ဗိုလ်မှူး‌စောလိုးလိုက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ပူး‌ပေါင်းတပ်ဘက်က သူတို့(အစိုးရတပ်)ကို ရုတ်တရက် ဆွဲမိုင်းနဲ့ ဝင်တိုက်လို့ အထိနာတာ။ ‌သေနတ် ကျည် သိပ်အကုန်မခံဘူး။ ဆွဲပြီး တစ်‌အောင့် ခံပစ် ‌နောက်ဆုတ်တာပဲ။ ကျ‌နော်တို့ဘက်က အထိအခိုက် မရှိဘူး။”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

ယခုတိုက်ခိုက်မှု ဖြစ်ပွားသည့် မြန်မာစစ်တပ်‌နေရာသည် ကျုံဒိုးသို့သွားရန် ‌ကော့ကရိတ်မြို့မှအထွက် လမ်း‌ကြောတစ်‌နေရာ တွင် တည်ရှိသည်။

ကချင်ပြည်နယ်တွင် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA ကို မြန်မာအစိုးရတပ်က ထိုးစစ်ဆင်‌နေချိန်တွင် ကရင်ပူး‌ပေါင်း တပ်များလည်း ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ်ကို အဆက်မပြတ် တိုက်ခိုက်‌နေ‌ကြောင်းလည်း DKBA က ‌ပြောသည်။

ယခုလအတွင်း အစိုးရတပ်နှင့် ကရင်ပူး‌ပေါင်းတပ်တို့ကြား တိုက်ပွဲများမှာ ‌နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွား‌နေသလို ယမန်‌နေ့ က မြဝတီမြို့၊ အမှတ်-၄ ရပ်ကွက်ရှိ ကြံ့ခိုင်‌ရေးရုံး‌ရှေ့တွင် ဗုံးတလုံး‌ပေါက်ကွဲခဲ့ရာ သံဃာတစ်ပါး ဒဏ်ရာရရှိခဲ့သည်။