Home ထိပ်တန်းသတင်း မျိုးဆက်သစ်လူငယ်များ ၄နှစ်‌မြောက်‌မွေး‌နေ့ပြီးစီး

မျိုးဆက်သစ်လူငယ်များ ၄နှစ်‌မြောက်‌မွေး‌နေ့ပြီးစီး

1718
‌အောက်တိုဘာလ ၁ဝရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

မျိုးဆက်သစ်လူငယ်များ (Generation Wave) ၏ ၄နှစ်‌မြောက် ‌မွေး‌နေ့ပွဲကို ရန်ကုန်မြို့၊ စမ်း‌ချောင်းမြို့နယ်ရှိ သီရိမဂင်္လာရန် ‌အောင်‌ကျောင်းတိုက်၌ ယမန်‌နေ့က ကျင်းပခဲ့ရာ နိုင်ငံ‌ရေးနှင့် အနုပညာအသိုင်းအဝိုင်းမှ လူပရိဿတ် ၂၀ဝခန့် တက်‌ရောက်ခဲ့ ကြသည်။

အသင်းကို စတင်ထူ‌ထောင်ခဲ့သည့် နိုင်ငံ‌ရေးသမားအဆို‌တော် ကို‌ဇေယျာ‌သော်က အခမ်းအနားကို ဧည့်ခံ‌ကျွေး‌မွေးပွဲရိုးရိုးသာ ပြုလုပ်ခဲ့ခြင်းဖြစ်‌ကြောင်း ‌ကေအိုင်စီကို ‌ပြောသည်။

ထို‌နေ့ မနက် ၉နာရီမှ ၁၂နာရီအထိ ပြုလုပ်ခဲ့သည့် အဆိုပါ Generation Wave အဖွဲ့၏ ‌မွေး‌နေ့ပွဲသို့ NLD ပါတီ ဗဟိုအ လုပ်အမှု‌ဆောင် ဦးဝင်းတင်အပြင် အနုပညာသမားများထဲမှ အဆို‌တော် ရန်ရန်ချန်းလည်း တက်‌ရောက်ခဲ့သည်။

အခမ်းအနားနှင့် ပတ်သက်ပြီး “ကျ‌နော်က ဒီအဖွဲ့ထဲက မဟုတ်‌ပေမယ့် ငယ်သူငယ်ချင်း‌တွေဖြစ်‌တော့ ဒီပွဲကိုလာပြီး တက်တာ ပါ။၊ သူတို့က တိုင်းပြည်အတွက် အလုပ်လုပ်‌နေတာပါ။ မဟုတ်တာ မလုပ်ဘူးလို့ ယုံတယ်။ ‌လေးနှစ်‌မြောက်ကို ဂုဏ်ပြုတဲ့ သ‌ဘောပါပဲ။”ဟု ‌ပြောသည်။

မျိုးဆက်သစ်လူငယ်များအဖွဲ့သည် လွတ်လပ် တရားမျှတ၍ လူ‌နေမှုအဆင့်အတန်း မြင့်မားသည့် သာယာငြိမ်းချမ်း‌သော လူ့ ‌ဘောင်တစ်ခု ‌ပေါ်‌ပေါက်လာ‌စေရန် ဆိုသည့်ရည်ရွယ်ချက်ဖြင့် ၂၀၀၇ခုနှစ်၊ ‌အောက်တိုဘာလ ၉ရက်‌နေ့တွင် စတင် ဖွဲ့စည်းခဲ့ သည်။

အဖွဲ့တည်‌ထောင်ခဲ့သူ အဆို‌တော် ‌ဇေယျာ‌သော်သည် ၂၀၀၈ခုနှစ်၊ မတ်လတွင် ယုံကြည်ချက်‌ကြောင့် ပြစ်ဒဏ်ကျခံရပြီး ၂၀၁၁ခုနှစ်၊ ‌မေလတွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပြီး ‌ကော့‌သောင်း‌ထောင်မှ လွတ်‌မြောက်လာခဲ့သူ ဖြစ်သည်။