Home ထိပ်တန်းသတင်း ဘိန်းစိုက်ပျိုးမှု များလာ‌ကြောင်း ပ‌လောင်အမျိုးသမီး‌ထောက်ပြ

ဘိန်းစိုက်ပျိုးမှု များလာ‌ကြောင်း ပ‌လောင်အမျိုးသမီး‌ထောက်ပြ

1995
‌အောက်တိုဘာလ ၂၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာနိုင်ငံ သျှမ်းပြည်နယ်‌မြောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှုများလာသည်ကို ‌ထောက်ပြသည့်အ‌နေဖြင့် ပ‌လောင်အမျိုးသမီးအ စည်းအရုံး(PWO)မှ “အဆိပ်သင့်‌နေဆဲ”အမည်ရှိ အစီရင်ခံစာတ‌စောင်ကို ယ‌နေ့ ထုတ်ပြန်လိုက်သည်။

၎င်းအစီရင်ခံစာအရ သျှမ်းပြည်‌မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၁၅ရွာသည် ၂နှစ်တာကာလအတွင်း ဘိန်း စိုက်ပျိုးမှု တိုးပွားလာပြီး ထိုအထဲတွင် ၁၂ရွာမှာ ယခင်က ဘိန်းစိုက်ပျိုးမှု မရှိခဲ့သည့် ရွာများဖြစ်သည်ဟု ‌ဖော်ပြထားသည်။

PWO ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌လွေး‌နွေ‌နှောင်း “သျှမ်းပြည်မှာ ဘိန်းစိုက်ပျိုးမှု နယ်‌မြေထဲက တခုကိုပဲ ကျမတို့ စစ်တမ်း ‌ကောက်ယူ ‌ဖော်ပြတာ ဖြစ်တယ်။ ကျန်တဲ့ အခြားမြို့နယ်‌တွေလည်း ဘိန်းစိုက်ပျိုးတာ နမ့်ခမ်းထက်‌တော့ မနည်းဘူး။”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

သျှမ်းပြည်‌မြောက်ပိုင်းရှိ နမ့်ခမ်း၊ မန်တုန်၊ ကွတ်ခိုင်၊ ‌ကျောက်မဲနှင့် တာမိုးညဲမြို့နယ်တို့တွင် ၂၀၁၁ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ယခင်ထက် ပိုများလာ‌ကြောင်း PWO ၏ အစီရင်ခံစာ၌ ထည့်သွင်းထားသည်။ ၎င်းအပြင် ‌ဒေသခံအများစုမှာ စားဝတ်‌နေ‌ရေး အခက်အခဲ‌ကြောင့် ဝင်‌ငွေပိုရရန် ဘိန်းစိုက်ပျိုးခြင်းဖြစ်‌သော်လည်း အချို့မှာ စီးပွားဖြစ် စိုက်ပျိုး‌နေကြ‌ကြောင်း ဘိန်းစိုက်ပျိုးရာ ‌ဒေသမှ ရွာသားတစ်ဦးကို ကိုးကား၍ PWO က ဆိုသည်။

အဆိုပါ ဘိန်းစိုက်ပျိုးမှု အများဆုံး‌ဒေသမှာ လွှတ်‌တော်အမတ်ဖြစ်သူ ဦး‌ကျော်မြင့် အုပ်ချုပ်ရာ‌ဒေသ နမ့်ခမ်းမြို့နယ် ပန်း‌ဆေး နယ်‌မြေဖြစ်ပြီး ထိုနယ်‌မြေတွင် ၂၀၀၉-၂၀၁ဝခုနှစ် ဘိန်းစိုက်ရာသီတွင် ဘိန်းဧက တစ်‌ထောင်ရှိရာမှ ၂၀၁၀-၂၀၁၁ခုနှစ်တွင် ဧက ၁,၄၀ဝ အထိ တစ်ဟုန်ထိုး တိုးပွားလာသည်ဟု PWO က ‌ထောက်ပြထားသည်။

ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ-USDP အဖွဲ့ဝင်တဦးဖြစ်သည့် ဦး‌ကျော်မြင့်က ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမ တိုင်ခင် မဲဆွယ်စည်းရုံးခဲ့ရာတွင် ၎င်းအား မဲထည့်သူများကို ဘိန်းစိုက်ခွင့် ၅နှစ်‌ပေးမည်ဟု ကတိ‌ပေးခဲ့‌ကြောင်းလည်း ထိုအစီ ရင်ခံစာက ဆိုသည်။

Photo-KIC (PWO မှ ‌လွေး‌နွေ‌နှောင်းက ဘိန်းစိုက်ပျိုးမှုကို ရှင်းပြ‌နေစဉ်)

ထို့အပြင် ၂၀၀၈-၀၉ခုနှစ်တွင် နမ့်ခမ်းမြို့နယ်အတွင်းရှိ ဘိန်းစိုက်ပျိုးသည့် ‌ကျေးရွာ ၁၅ရွာ၏ ဘိန်းစိုက်ပျိုးမှုသည် ၆၁၇ ဟတ် တာရှိရာမှ ၂၀၁၀-၁၁ခုနှစ်တွင် ၁,၁၀၉ဟတ်တာအထိ နှစ်ဆ တိုးလာခဲ့သည်နှင့်အမျှ ၂နှစ်အတွင်း ဘိန်းသုံးစွဲသူ ၂ဆ များပြား လာခဲ့ရာ အများစုမှာ အသက် ၁၅နှစ်အထက် အမျိုးသားဖြစ်ပြီး အမျိုးသမီးအချို့လည်း ပါဝင်သည်ဟု PWO က ‌ပြောသည်။

“ဘိန်းသုံးစွဲတဲ့ အမျိုးသမီး‌တွေက‌တော့ သူတို့ မိဘက သုံးစွဲတာကို ကြည့်ပြီး‌တော့ သုံးလာကြတာ များတယ်။ ဘယ်‌လောက် ရာခိုင်နှုန်းရှိလဲဆို‌တော့ (စစ်တမ်း)မ‌ကောက်ရ‌သေးဘူး။”ဟု ‌လွေး‌နွေ‌နှောင်းက ရှင်းပြသည်။

ကုလသမဂ္ဂ မူးယစ်‌ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး-UNODC ၏ ၂၀၁ဝခုနှစ် စစ်တမ်းအရ သျှမ်းပြည်‌မြောက်ပိုင်းရှိ ဘိန်းသုံးစွဲ မှုနှုန်းမှာ ၁.၂ရာခိုင်နှုန်းရှိ‌ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မူးယစ်‌ဆေးဝါး ပ‌ပျောက်‌ရေးအတွက် အထိ‌ရောက်ဆုံး နည်းလမ်းမှာ လက်ရှိ အစိုးရအ‌နေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တနိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲ၍ သုံးပွင့်ဆိုင်‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ပြုလုပ်မှသာ ဖြစ်မည် ဟု PWO က အကြံပြုထားသည်။

ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် PWO သည် သျှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ ၂၀၀၆နှင့် ၂၀၁ဝခုနှစ်တွင် “အဆိပ်သင့်ပန်းများ”နှင့် “အဆိပ်သင့်‌တောင်တန်းများ”အမည်ရှိ အစီရင်ခံစာနှစ်အုပ်ကို ထုတ်‌ဝေခဲ့သည်။