Home ထိပ်တန်းသတင်း တစ်ဖွဲ့တည်းဖြင့် ငြိမ်းချမ်း‌ရေးစကား မ‌ဆွေး‌နွေးလိုဟု KNU ‌ပြောဆို

တစ်ဖွဲ့တည်းဖြင့် ငြိမ်းချမ်း‌ရေးစကား မ‌ဆွေး‌နွေးလိုဟု KNU ‌ပြောဆို

1525
အာက်တိုဘာလ ၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ‌ရွေးချယ်‌စေလွှတ်သည့် ဘာသာ‌ရေးပုဂ္ဂိုလ်များ ပါဝင်‌သော ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ငြိမ်းချမ်း‌ရေးကိစ္စ လာ‌ရောက်‌တွေ့ဆုံ‌သော်လည်း မိမိတို့တဖွဲ့တည်းဖြင့် မ‌တွေ့ဆုံလို ‌ကြောင်း KNU က တုန့်ပြန်‌ပြောဆိုလိုက်သည်။

KNU ဒုဥက္ကဌ ‌စော‌ဒေးဗစ်သက‌ဘောက “ပြည်နယ်အဆင့်က သူတို့ ဘာအာဏာမှ မ‌ပေးထားဘူး‌လေ။ ‌တွေ့လည်း အလကား ပဲ။ ကျ‌နော်တို့ဘက်က အဓိက‌တော့ UNFC အ‌နေနဲ့ ‌တွေ့ချင်တယ်။ တဖွဲ့ချင်းဆိုတာကလည်း အဓိပ္ပာယ်မရှိဘူး။ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူး။”ဟု ‌ပြောသည်။

စက်တင်ဘာလ ၂၈ရက်‌နေ့က ကရင်ပြည်နယ်မှ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ သံဃာ‌တော်များ ပါဝင်သည့် ငြိမ်းချမ်း‌ရေး ကိုယ် စားလှယ်အဖွဲ့တဖွဲ့မှ ငြိမ်းချမ်း‌ရေး လာ‌ရောက်ကမ်းလှမ်းခဲ့‌သော်လည်း KNU ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ လက်ခံ‌တွေ့ဆုံခြင်း မရှိဟုလည်း KNU ဘက်မှ ‌ပြောဆိုသည်။

ယခင်က ပြုလုပ်ခဲ့သည့် တဖွဲ့ချင်းစီ ‌တွေ့ဆုံမှုများတွင် မည်သည့် ငြိမ်းချမ်း‌ရေးနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက် မှ မရရှိကြသလို အချင်းချင်း နားလည်မှု လွဲမှားမှုသာ အဖတ်တင်သည်ဟု ‌စော‌ဒေးဗစ်သက‌ဘောက ‌ပြောသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ‌ရွေးချယ်တာဝန်‌ပေးထား‌သော ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့တွင် ဦး‌စောဖိုးနီ ၇၄နှစ်၊ သိက္ခာ ‌တော်ရ ဆရာ‌တော် ‌စောရင်မြ‌ရွှေ သက်‌တော် ၇ဝနှစ်၊ အရှင်‌ခေမာဝုဓ သက်‌တော် ၆၅နှစ်၊ ဦး‌စောဗစ်တာ အသက် ၆၄နှစ်၊ ဦး တင်‌အေး ၆၄နှစ်၊ ဦးအယ်ဝါး ၄၂နှစ်တို့ဖြစ်‌ကြောင်း ပြည်နယ်အစိုးရအဖွဲ့၏စာတွင် ‌ဖော်ပြထားသည်။

ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးရန် KNU ကို လာ‌ရောက်ကမ်းလှမ်းသည့် ပုဂ္ဂိုလ်များသည် လူကြီးလူ‌ကောင်းများဖြစ်ကြ‌သော်လည်း ဦး သိန်းစိန်အစိုးရ၏ ခိုင်း‌စေမှုခံကို မလွန်ဆန်နိုင်‌သော‌ကြောင့် လာ‌ရောက်ရခြင်းဖြစ်သည်ဟု ‌စော‌ဒေးဗစ်သက‌ဘောက ‌ထောက် ပြ‌ပြောဆိုသည်။

သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီး‌နောက်ပိုင်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးရန်အတွက် ‌ကြေညာချက်အမှတ်(၁/၂၀၁၁)အား ၂၀၁၁ခုနှစ်၊ ဩဂုတ်လ ၁၈ရက် ‌နေ့စွဲဖြင့် တရားဝင် ထုတ်ပြန်‌ကြေညာခဲ့‌သော်လည်း ကရင်ပြည်နယ်အတွင်း ကရင်တပ်ဖွဲ့နှင့် အစိုးရတပ်များ၏ တိုက်ပွဲငယ်များမှာ ယ‌နေ့အထိ အဆက်မပြတ် ဖြစ်ပွားလျှက်ရှိ သည်။

KNU သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွှတ်‌သော တိုင်းရင်းသား ဖယ်ဒရယ်‌ကောင်စီ (UNFC)၏ အဖွဲ့ဝင်ထဲတွင် ပါဝင်ပြီး ၁၉၄၉ခုနှစ်မှ ယ‌နေ့အချိန်ထိ မြန်မာအစိုးရ အဆက်ဆက်နှင့် အကြိမ်ကြိမ် ‌တွေ့ဆုံ‌ဆွေး ‌နွေးမှုများ ပြုလုပ်ခဲ့‌သော်လည်း မ‌အောင်မြင်ခဲ့‌ပေ။