Home ထိပ်တန်းသတင်း DKBA ကို မြန်မာ့ဒီမိုက‌ရေစီ အဖွဲ့ချုပ်(LDB)က ‌ထောက်ခံ

DKBA ကို မြန်မာ့ဒီမိုက‌ရေစီ အဖွဲ့ချုပ်(LDB)က ‌ထောက်ခံ

1611
စက်တင်ဘာလ ၇ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

စစ်အာဏာရှင်စနစ်အား ပြတ်ပြတ်သားသား ဆန့်ကျင်‌တော်လှန်တိုက်ပွဲဝင်‌နေသည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မ‌တော် DKBA ဆက်လက် ရပ်တည်‌နေခြင်းအ‌ပေါ် ‌လေးစား‌ထောက်ခံ‌ကြောင်း ဂျပန်နိုင်ငံ အ‌ခြေစိုက် မြန်မာ့ဒီမိုက ‌ရေစီအဖွဲ့ချုပ်(LDB)မှ စက်တင်ဘာလ ၅ရက်‌နေ့က ‌ကြေညာချက်တ‌စောင် ထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်စာထဲတွင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် ကျင်းပပြုလုပ်ခဲ့သည့် အတုအ‌ယောင် ‌ရွေး‌ကောက်ပွဲရလဒ်ကို လက်မခံဘဲ ၂၀၁ဝခုနှစ်၊ နိုဝင်ဘာလ ၇ရက်မှစတင်ပြီး ဆန့်ကျင်‌တော်လှန်ခဲ့သည့် DKBA သည် မြန်မာနိုင်ငံတွင် ဒီမိုက‌ရေစီနှင့် လူ့အခွင့်အ‌ရေး၊ စစ်မှန်‌သောဖက်ဒရယ် ပြည်‌ထောင်စု‌ပေါ်ထွန်းလာ‌စေ‌ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်‌နေသည့် အခြားအဖွဲ့အ စည်းများကဲ့သို့ မြန်မာပြည်သူလူထုအကြားတွင် အခိုင်အမာ တည်ရှိ‌နေသည့် ‌တော်လှန်‌ရေး အဖွဲ့အစည်းတခုဖြစ်သည်ဟု ‌ဖော် ပြထားသည်။

LDB ၏ ‌ကြေညာချက်အ‌ပေါ် DKBA ကလို့ထူး‌ဘောဗျူဟာမှ ဗိုလ်မှူး‌စောဆန်း‌အောင်က “မြန်မာ့ဒီမိုက‌ရေစီအဖွဲ့ချုပ်က‌နေ ကျ‌နော်တို့ ရပ်တည်‌နေမှုအ‌ပေါ် ‌ထောက်ခံခဲ့တဲ့အတွက် ‌တော်‌တော်လည်း ဝမ်း‌မြောက်ပီတိ ဖြစ်မိပါတယ်။ ကျ‌နော်တို့အ‌နေနဲ့ ကလည်း ပြည်သူလူထုအ‌ပေါ်မှာ လိမ်ညာလှည့်ဖြားတာမရှိပါဘူး။ ‌ရှေ့ဆက်ပြီး‌တော့လည်း တိုက်ပွဲဝင်သွားမှာပါ။ ဒီ‌ကေဘီ‌အေ ရဲ့ သမိုင်းကို‌တော့ ဘယ်‌တော့မှ အ‌ပျောက်မခံပါဘူး။”ဟု ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောသည်။

ထို့အပြင် DKBA သည် စစ်‌ရေးနှင့် နိုင်ငံ‌ရေးကို မိခင်‌ကေအဲန်ယူ၏ လုပ်ငန်းစဉ်အတိုင်း လုပ်‌ဆောင်သွားမည်ဖြစ်ပြီး အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အဖိနှိပ်ခံပြည်သူများနှင့်အတူ ကြံ့ဖွံ့အစိုးရအား ဆက်လက် ‌တော်လှန်သွားမည်ဟု လည်း ဗိုလ်မှူး‌စောဆန်း‌အောင်က ထပ်မံ ‌ပြောဆိုသည်။

၂၀၁၀၊ ဩဂုတ်လ ၁၈ရက်‌နေ့တွင် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များ နယ်ခြား‌စောင့်အသွင်ကူး‌ပြောင်းခဲ့‌သော်လည်း ဗိုလ်ချုပ်‌စော လားပွယ် ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာက ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်ခဲ့သည်။ အလားတူ မြိုင်ကြီးငူတွင် နယ်ခြား‌စောင့်တပ်‌ပြောင်းခဲ့ရာမှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူး‌စောဘိ ဦးစီးသည့်တပ်ဖွဲ့များကလည်း ‌မေလတတိယပတ်မှစ၍ ဒီ‌ကေ ဘီ‌အေအဖြစ် ပြန်လည် ရပ်တည်ခဲ့ကြသည်။

ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ်တွင် ကလို့ထူး‌ဘောလက်‌အောက်မှ ‌တောင်ပိုင်းကလို့ထူးဝါးစစ်ဗျူဟာနှင့် ‌မြောက်ပိုင်းကလို့ ထူးလားစစ်ဗျူဟာဟူ၍ စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု ဒီ‌ကေဘီ‌အေ သတင်းရပ်ကွက်အရ သိရသည်။

‌တောင်ပိုင်းစစ်ဗျူဟာမှာ မြဝတီမြို့၊ ‌ကော့ကရိတ်‌တောင်ဘက်မှ ဘုရားသုံးဆူမြို့အထိဖြစ်ပြီး ဗိုလ်မှူးချုပ်‌စော‌ကျော်သက် ဦး ‌ဆောင်တာဝန်ယူ လှုပ်ရှားလျှက်ရှိသလို မြဝတီမြို့‌မြောက်ဘက်၊ မြိုင်ကြီးငူအထူး‌ဒေသ၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များ အထိရှိသည့် ‌မြောက်ပိုင်းစစ်ဗျူဟာကိုမူ ဗိုလ်မှူးချုပ်‌စောဘိက တာဝန်ယူ လှုပ်ရှားလျှက်ရှိသည်။