Home ထိပ်တန်းသတင်း DKBA ကို အသိအမှတ်မပြု‌ကြောင်း KSDDP သ‌ဘောထားထုတ်ပြန်

DKBA ကို အသိအမှတ်မပြု‌ကြောင်း KSDDP သ‌ဘောထားထုတ်ပြန်

2082
စက်တင်ဘာလ ၃ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်တွင် DKBA အမည်ခံ၍ နိုင်ငံ‌တော် တည်ငြိမ်‌အေးချမ်း‌ရေးကို ဖျက်ဆီး‌နေသည့် အဖွဲ့အစည်းအား DKBA အဖြစ် အသိအမှတ် မပြု‌ကြောင်း ဘားအံမြို့ရှိ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)က ယမန်‌နေ့ ရက်စွဲ ဖြင့် သ‌ဘောထား‌ကြေညာချက် ထုတ်ပြန်လိုက်သည်။

ယ‌နေ့ထုတ် မြန်မာ့အလင်းနှင့် ‌ကြေးမုံသတင်းစာပါ ထိုသ‌ဘောထား‌ကြေညာချက်တွင် DKBA ကို နိုင်ငံ‌တော်ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေနှင့်အညီ “နယ်ခြား‌စောင့်တပ်”အဖြစ် တပ်ရင်း(၁၂)ရင်းဖြင့် ဖွဲ့စည်းထားခဲ့ပြီး အသက် ၅၀‌ကျော် အရာရှိစစ်သည်‌ဟောင်း များကိုလည်း “ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ”အဖြစ် တရားဝင် ဖွဲ့စည်း‌ဆောင်ရွက်လျက်ရှိပြီးဖြစ် သည့်အတွက် DKBA ဟူ၍ မရှိ‌တော့‌ကြောင်း ‌ရေးသားထုတ်ပြန်ထားခြင်း ဖြစ်သည်။

KSDDP ၏ သ‌ဘောထားထုတ်ပြန်ချက်မှာ ကြံ့ဖွံ့အစိုးရ ဦးသိန်းစိန်၏ ခိုင်း‌စေမှု‌ကြောင့်သာဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေ ကလို့ထူး ‌ဘောဗျူဟာမှ ဗိုလ်မှူး‌စောဆန်း‌အောင်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“အဲဒီပါတီက ကြံ့ဖွံ့စစ်အစိုးရ ဦးသိန်းစိန်ရဲ့ ခိုင်းတာလုပ်၊ ‌ကျွေးတာစား၊ ‌ပြောခိုင်းတာ ‌ပြော‌နေရတဲ့သူ‌တွေ။ ဒီ‌ကေဘီ‌အေ ရှိမရှိ ဆိုတာ ကားလမ်း‌ပေါ်ထွက်ပြလို့ ပြည်သူ‌တွေသိပြီးသား။ အစိုးရ DKBA ကို ပ‌ပျောက်‌စေချင်တာ ကြာပြီ။ ဒီအစိုးရက တိုင်းရင်း သားအားလုံးနဲ့ ကမ္ဘာကို လှည့်စား‌နေတာပဲ။”ဟု ‌ပြောသည်။

KSDDP ၏ ‌ကြေညာချက်တွင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်(DKBA) အား တိုးတက်‌သော ဗုဒ္ဓဘာ သာ ကရင်အမျိုးသားအစည်းအရုံး(DKBA)ဟု သုံးနှုန်း‌ဖော်ပြထားသလို နယ်ခြား‌စောင့်တပ် ‌ပြောင်းလဲဖွဲ့စည်းခဲ့သည့် ရက်စွဲကို (၁၈-၈-၂၀၁၀)အစား (၁၈-၈-၂၀၁၁)ရက်ဟု မှားယွင်း‌ဖော်ပြထားသည်။

အဆိုပါသတင်း‌ကြေညာချက်ကို မြန်မာစံ‌တော်ချိန် နံနက် ၅း၃ဝနာရီမှ ၈နာရီအထိ ထုတ်လွှင့်သည့် “ပိ‌တောက်‌မြေ အသံလွှင့် ဌာန”မှလည်း ‌ကြေညာသွားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၈ရက်‌နေ့မှစ၍ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်ကာ အစိုးရတပ်ကို ပြန်လည် တိုက်ခိုက်‌နေသည့် ဗိုလ်ချုပ် ‌စောလားပွယ် ဦးစီး‌သော DKBA ကလို့ထူး‌ဘောဗျူဟာတပ်ဖွဲ့သည် ယခုအချိန်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပူး‌ပေါင်းလက်တွဲကာ အစိုးရတပ်များကို ဆက်လက် တိုက်ခိုက်သွားမည်ဟုလည်း ဗိုလ်မှူး‌စောဆန်း‌အောင်က ‌ပြောသည်။

Photo-KIC (မြိုင်ကြီးငူရှိ နယ်ခြား‌စောင့်တပ်ကို ‌တော်လှန်‌နေသူ ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များ)

ဩဂုတ်လ ၁၈ရက်‌နေ့က ပြည်‌ထောင်စုအစိုးရအဖွဲ့မှ ‌ကြေညာချက်အမှတ် ၁/၂၀၁၁ဖြင့် ထုတ်ပြန်ခဲ့သည့် ငြိမ်းချမ်း‌ရေးဖိတ် ‌ခေါ်ချက်မှာ တပြည်လုံး အတိုင်းအတာ မ‌ဆောင်သည့်အတွက် ယာယီဖြစ်သည့် ‌ဆေးမြီးတိုဖြင့် ကုသခြင်းသာဖြစ်‌ကြောင်း DKBA ကလို့ထူး‌ဘောစစ်ဌာနချုပ်က ဩဂုတ်လ ၂၂ရက်‌နေ့တွင် သ‌ဘောထား ‌ကြေညာချက် ပြန်လည် ထုတ်ပြန်ခဲ့သည်။

ယခုနှစ်ဆန်းပိုင်းတွင် ‌ကေအဲန်ယူထံ ပူး‌ပေါင်းခဲ့သည့် KSDDP ပါတီ မြဝတီမြို့နယ်‌မြောက်ပိုင်း စည်းရုံး‌ရေးမှူး ‌စောဖိုးကလိက “ဒီပါတီဆိုတာက ဒီ‌ကေဘီ‌အေနဲ့ ဘာမှမဆက်စပ်ဘူး။ အစိုးရက ဒီ‌ကေဘီ‌အေကို ‌ပေး‌ဖျောက်ချင်‌နေတာ။ တကယ်‌တော့ သူတို့ဘယ်လိုပဲ‌ပြော‌ပြော ဗိုလ်နှုတ်ခမ်း‌မွှေးတို့၊ ဗိုလ်ဘိတို့က ဒီ‌ကေဘီ‌အေ ဘက်တံဆိပ်ကို မဖြုတ်ဘဲ အခုထိ စစ်တပ်ကို ပြန် တိုက်‌နေတာပဲ‌လေ။”ဟု ဆိုသည်။

ယခု လက်ရှိအချိန်တွင် ‌ရွေး‌ကောက်ပွဲကို လက်မခံခဲ့သည့် ကလို့ထူး‌ဘော အ‌ခြေစိုက် DKBA နှင့် မြိုင်ကြီးငူတစ်ဝိုက်ရှိ နယ်ခြား ‌စောင့်တပ်ကို ဆန့်ကျင်‌တော်လှန်ခဲ့သည့် ဗိုလ်မှူး‌စောဘိ ဦးစီး‌သောအဖွဲ့ကလည်း DKBA အဖြစ်သာ ဆက်လက် ရပ်တည်ရင်း ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်များနှင့်အတူ အစိုးရစစ်တပ်ကို ပြန်လည် တိုက်ခိုက်လျှက်ရှိသည်။

ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(Karen State Democracy and Development Party)ကို ဥက္ကဌ ‌စောသာထူး‌ကျော်၊ ဒုဥက္ကဌ ‌စော‌အောင်‌ငွေနှင့် အတွင်း‌ရေးမှူး ‌စောသန်းမြတို့ဖြင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမတိုင်ခင် ဖွဲ့စည်းတည် ‌ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ကရင်ပြည်နယ်၏ စီးပွား‌ရေးဝန်ကြီး ဦးစိုင်းချစ်လှိုင်မှာ KSDDP ပါတီမှ ဖြစ်သည်။