Home ထိပ်တန်းသတင်း DKBA ကို စနစ်တကျ ပြန်လည် ဖွဲ့စည်းလိုက်ပြီ

DKBA ကို စနစ်တကျ ပြန်လည် ဖွဲ့စည်းလိုက်ပြီ

1773
စက်တင်ဘာလ ၇ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

အစိုးရ၏ နယ်ခြား‌စောင့်တပ်အသွင်‌ပြောင်းလဲ‌ရေး အစီစဉ်ကို လက်မခံနိုင်သည့်အတွက် အစိုးရစစ်တပ်ကို ပြန်လည်တိုက်ခိုက် ‌နေသည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBAသည် ၎င်း၏ နိုင်ငံ‌ရေး၊ စစ်‌ရေး စွမ်း‌ဆောင်နိုင်မှုများ အား မြှင့်တင်နိုင်‌အောင် စနစ်တကျ ပြန်လည်ဖွဲ့စည်းလိုက်ပြီဟု ယ‌နေ့ ထုတ်‌ဖော်‌ပြောသည်။

ဩဂုတ်လ ၁၄ရက်‌နေ့က DKBA သည် ၎င်းတို့ ထိန်းချုပ်နယ်‌မြေတ‌နေရာတွင် တပ်မှူးညီလာခံတခု ပြုလုပ်ပြီး DKBA ဗဟိုကို ကလို့ထူး‌ဘောဌာနချုပ်ဟု သတ်မှတ်‌ခေါ်‌ဝေါ်ကာ ၎င်း‌အောက်တွင် ကလို့ထူးဝါးနှင့် ကလို့ထူးလား ဟူ၍ စစ်ဗျူဟာနှစ်ခု သတ် မှတ်ဖွဲ့စည်းခဲ့သည်။ ၎င်းအပြင် ကလို့ထူး‌ဘောဌာနချုပ်‌အောက်တွင် ပြန်ကြား‌ရေး၊ နိုင်ငံတကာ ဆက်ဆံ‌ရေး၊ ‌ဆေးဝါးကုသ‌ရေး ဌာနများနှင့် ‌ထောက်လှမ်း‌ရေးတပ်ဖွဲ့တို့ကိုလည်း ဖွဲ့စည်းခဲ့သည်။

DKBA ကလို့ထူး‌ဘောဌာနချုပ်၏ ယာယီပြန်ကြား‌ရေးတာဝန်ခံဖြစ်သူ တပ်မှူးက “နအဖအစိုးရကို စတင် တိုက်ခိုက်တဲ့အချိန် တုန်းက (ဒီ‌ကေဘီ‌အေက) စနစ်တကျ သိပ်မရှိ‌သေးဘူး။ ‌နောက်ပိုင်း (အစိုးရ ဖွဲ့‌ပေးထားတဲ့) နယ်ခြား‌စောင့်တပ်က‌နေ ဗိုလ်ဘိ ဦး‌ဆောင်တဲ့အဖွဲ့က ကျ‌နော်တို့နဲ့ ပြန်ပူး‌ပေါင်းလာပြီး‌နောက်ပိုင်း အဖွဲ့ကို ခုလို စနစ်တကျဖြစ်‌အောင် ပြန်ဖွဲ့လိုက်တဲ့သ‌ဘော ပါပဲ။”ဟု ‌ပြောသည်။

ယခု ဖွဲ့စည်းပုံအသစ်အရ ကလို့ထူးဝါး စစ်ဗျူဟာကို ဗိုလ်မှူးကြီး‌စော‌ကျော်သက်က ဦး‌ဆောင်ပြီး ကရင်ပြည်နယ် ‌ကော့က ရိတ်၊ မြဝတီနှင့် ကျိုက်ဒုံနယ်‌မြေများကို တာဝန်ယူမည် ဖြစ်သည်။ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ‌ဒေသကိုမူ ဗိုလ်မှူးကြီး‌စောဘိခို့ ဦး ‌ဆောင်သည့် ကလို့ထူးလားဗျူဟာက တာဝန်ယူရန် ဖြစ်သည်။

‌လော‌လောဆယ်တွင် KNU နှင့် စစ်‌ရေး၊ နိုင်ငံ‌ရေး ပူး‌ပေါင်း‌ဆောင်ရွက်လျှက်ရှိပြီး ‌နောင်တွင် KNU လက်‌အောက်၌ ကလို့ထူး ‌ဘော အထူးတပ်မအဖြစ် ပူး‌ပေါင်းသွားနိုင်သည်ဟု အဆိုပါတပ်မှူးက ရှင်းပြသည်။

DKBA သည် KNU နှင့် ပူးတွဲ လှုပ်ရှားပြီး‌နောက်ပိုင်း နယ်‌မြေ ပိုင်စိုးနိုင်မှုများလည်း ရှိလာသလို အစိုးရစစ်တပ် လှုပ်ရှားမှုများ အားလည်း ‌နှောက်ယှက်နိုင်ခဲ့သည်ဟု ဆိုသည်။

Photo-KIC (ကရင်တပ်ဖွဲ့ဝင်များ၏ ‌ရေ‌ကြောင်းခရီးစဉ်တခု)

DKBA သည် မူရင်းမိခင် အဖွဲ့အစည်း KNU မှ ၁၉၉၄ခုနှစ်တွင် ခွဲထွက်ခဲ့ကာ စစ်အစိုးရနှင့် အပစ်ခတ်စဲ‌ရေး ပြုလုပ်ခဲ့သည်။ ၂၀၁ဝခုနှစ်တွင် အစိုးရက ၎င်းအား နယ်ခြား‌စောင့်တပ်အဖြစ် အသွင်‌ပြောင်းလဲ‌ရေး အစီစဉ်ချမှတ်လာရာ DKBA နာမည်ကို စွန့်လွှတ်ပြီး လက်ခံသွားသူများရှိ‌သော်လည်း လက်မခံနိုင်သူများက DKBA အမည်ကို ဆက်လက်ခံယူကာ ၎င်းနှစ် နိုဝင်ဘာလ တွင် အစိုးရအား ပြန်လည် တိုက်ခိုက်ခဲ့သည်။