Home ထိပ်တန်းသတင်း “ဧရာဝတီကို‌တော့ မလွမ်းချင်ပါ”စာအုပ်မိတ်ဆက်ပွဲ ပြီးစီး

“ဧရာဝတီကို‌တော့ မလွမ်းချင်ပါ”စာအုပ်မိတ်ဆက်ပွဲ ပြီးစီး

1710
စက်တင်ဘာလ ၂၃ရက်။ (‌ကေအိုင်စီ)

Photo-KIC (စာအုပ်မိတ်ဆက်ပွဲသို့ တက်‌ရောက်သူ စာ‌ရေးဆရာများ)
ကချင်ပြည်နယ်၊ မြစ်ဆုံ‌ဒေသတွင် ဆည်‌ဆောက်လုပ်မှုနှင့် ပတ်သက်၍ “ဧရာဝတီကို‌တော့ မလွမ်းချင်ပါ”‌ခေါင်းစဉ်ဖြင့် ထုတ် ‌ဝေ‌သော စာအုပ်မိတ်ဆက်ပွဲကို စက်တင်ဘာလ ၂၁ရက်‌နေ့ မွန်းလွဲ(၂)နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ‌ရွှေဂုံတိုင် ‌တော် ဝင်နှင်းဆီခြံရှိ သီရိခမ်းမ‌ဆောင်၌ ကျင်းပခဲ့ရာ လူပရိဿတ်‌ပေါင်း ၆၀ဝနီးပါး တက်‌ရောက်ခဲ့သည်။

အဆိုပါမိတ်ဆက်ပွဲတွင် ဦးအုန်း၊ ‌ဒေါက်တာခင်‌မောင်ညို၊ ဦးမြင့်‌ဇော်၊ ဦးချိုချို၊ ‌ဒေဝီသန့်စင်၊ ကိုတာ၊ ကာတွန်းဆရာ ‌အော်ပီ ကျယ်နှင့် ‌ဒေါက်တာထွန်းလွင် စသည့်စာ‌ရေးဆရာများက အစိုးရ၏ ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်များ၊ လူထုရင်ဖွင့်သံများကို ‌ဟော‌ပြောတင်ပြခြင်းနှင့် ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ပရိဿတ်တစ်ဦးက “ဒီ‌ဟော‌ပြောပွဲမှာ ကဗျာဆရာ ‌မောင်စိမ်းနီက ဒဂုန်တာရာရဲ့ “ထ‌လော့ မြစ်မင်းဧရာ”ကဗျာနဲ့ ဆရာနိုင် သစ်နီက “မြစ်ရုပ်ကြွင်းရဲ့‌အော်သံ ငါ ကြားရတယ်”ကဗျာကို ရွတ်ဆိုကြတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ကမ္ဘာ‌မြေချစ်သူ ဦးအုန်းက မြစ်ဆုံဆည် တည်‌ဆောက်မှုနှင့် ပတ်သက်၍ ‌ကောင်းကျိုးဆိုးပြစ်များကိုလည်း‌ကောင်း၊ ‌ဒေဝီသန့် စင်က စာအုပ်အတွင်း ပါဝင်သည့် ‌မောင်စမ်း‌အေး(သဲကုန်း)၏ ‌ခေါင်းစဉ်‌လေးမှာ လူတိုင်းကို စွဲညှိနိုင်ပြီး ဧရာဝတီအတွက် ‌လေး နက်ပြည့်စုံမှု ရှိသည်ဟုထင်‌ကြောင်းနှင့် ဆရာ‌ဌေး‌မောင်က ဧရာဝတီကို ဝိုင်းဝန်းကယ်တင်ရန် မှာကြား‌ပြောဆိုခဲ့သည်။

၎င်း‌ဟော‌ပြောပွဲကို ည‌နေ ၄း၃ဝနာရီအထိ ပြုလုပ်ခဲ့ရာ ဒုတိယပိုင်း အစီအစဉ်တွင် ဆည်‌မြောင်းအင်ဂျင်နီယာ(ငြိမ်း) ဦးချိုချိုက ပျက်စီးသွားသည့်မြစ်ကို ပြန်လည်ပြုပြင်ဖြစ်ရန်အတွက် ဆယ်စုနှစ်မှ ရာစုနှစ်အထိ ကြာနိုင်‌ကြောင်း ‌ပြောကြားခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် စိတ်ဝင်စားသူ ဦးမြင့်‌ဇော်က စီမံကိန်း‌နေရာသည် ဧရာဝတီ၏ ‌ရေ‌ဝေ‌ရေလဲ‌ဒေသဖြစ်သလို ဧရာဝတီမြစ် ‌ပျောက် ကွယ်လျှင် မြစ်ကိုမှီခို၍ စိုက်ပျိုးလုပ်ကိုင်‌နေရသည့် ‌တောင်သူလယ်သမားအများစုမှာ ဆိုးကျိုးဖြစ်‌ပေါ်‌စေနိုင်သည်ဟု ဆိုသည်။

ကချင်တိုင်းရင်းသားတို့၏ ယဉ်‌ကျေးမှုနှလုံးသားဖြစ်သည့် မြစ်ဆုံသည် ဆည်စီမံကိန်း‌ကြောင့် ရာသီဥတု ‌ပြောင်းလဲကာ မြစ်ဝ ကျွန်း‌ပေါ်‌ဒေသမှာ ပင်လယ်‌ရေ‌အောက်နစ်မြုပ်ကာ လယ်ယာ‌မြေများ ဆား‌ပေါက်မည့်အပြင် ဆည်တည်‌ဆောက်မှု‌ကြောင့် ဖြစ် ‌ပေါ်လာနိုင်သည့် မြစ်‌ချောင်း‌ရေပမာဏ၊ ‌ရေ‌နေသတ္တဝါများ ပျက်စီးမှုပမာဏ၊ ငလျင်ဖြစ်‌ပေါ်မှုပမာဏ၊ ဆည်ပြိုကမ်းပြိုမှု အန္တ ရာယ်‌ကြောင့် မြို့ပြပျက်စီးမှုနှင့် ဆည်သက်တမ်းတို့ကိုလည်း ဦးမြင့်‌ဇော်က ဆက်လက် ‌ဆွေး‌နွေးခဲ့သည်။

စာ‌ရေးဆရာကိုတာက “ဆည်စီမံကိန်းကိစ္စ ပြည်သူကို အသိမ‌ပေးတာ ထင်သာမြင်သာမှု မရှိဘူး။ ကျ‌နော့်မိတ်‌ဆွေ ကချင်လူ မျိုးတစ်‌ယောက်က ကျ‌နော်တို့မှာ ‌နေပြည်‌တော်လည်း မရှိဘူး။ ပုဂံလည်း မရှိဘူး။ ကျ‌နော်တို့ကို ဒါ‌လေး‌တော့ ချန်ထား‌ပေး‌စေ ချင်ပါတယ်လို့ ‌ပြောတယ်။”ဟု ဆိုသည်။

မိုး‌လေဝသနှင့် ဇလ‌ဗေဒ ပညာရှင်‌ဒေါက်တာထွန်းလွင်ကလည်း မြန်မာနိုင်ငံ‌မြောက်ပိုင်း မြစ်ဆုံ‌ဒေသသည် ‌နောင်အနှစ် ၂ဝ ‌ကျော်တွင် မိုးအနည်းဆုံး‌ဒေသဖြစ်နိုင်၍ ယခု မြစ်ဆုံ‌ရေကာတာ စီမံကိန်းမှာ ရင်‌လေးဘွယ်ရာဖြစ်‌ကြောင်းနှင့် ‌ဒေါက်တာခင် ‌မောင်ညို(‌ဘောဂ‌ဗေဒ)က ၈နှစ်ခန့် ကြာနိုင်သည့် မြစ်ဆုံဆည်စီမံကိန်း‌ကြောင့် ကချင်နယ်ဘက်တွင် အလုပ်သမား ၅‌သောင်း မှ ၈‌သောင်းအထိ ‌ရောက်ရှိလာမည်ဖြစ်သည်ဟု အစီရင်ခံခဲ့သည်။

Photo-KIC (စာအုပ်မိတ်ဆက်ပွဲသို့ တက်‌ရောက်သူ ပရိဿတ်များ

‌ဟော‌ပြောပွဲ တက်‌ရောက်ခဲ့သူတစ်ဦးက “ဒီလို‌ဟော‌ပြောမှုဟာ အကျိုးရှိတယ်။ မြစ်ဆုံစီမံကိန်းက ပြည်သူတစ်ရပ်လုံးကို ထိခိုက်မယ်လို့ နားလည်တယ်။ ဒါ‌ကြောင့် လူထုအားနဲ့ တိုက်ဖျက်ရမှာပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဦးအုန်း၊ အံ့‌မောင်၊ လူထုစိန်ဝင်း၊ ‌ရွှေဥ‌ဒေါင်း၊ ဒဂုန်တာရာ၊ တိုက်စိုး၊ ညီပု‌လေး၊ သိပ္ပံ‌မောင်ဝ၊ ချစ်စံဝင်း စသည့် စာ‌ရေးသူများ၏ ကဗျာ၊ ‌ဆောင်းပါး၊ ဝတ္ထုတို၊ ရသစာစုနှင့် ဓာတ်ပုံအက်‌ဆေးများ ပါဝင်သည့် စာမျက်နှာ ၂၅၄မျက်နှာရှိ “ဧရာဝတီကို‌တော့ မလွမ်းချင်ပါ”စာအုပ်ကို ကျပ်‌ငွေ ၅,၀၀ဝနှင့် ‌ရောင်းချလျှက်ရှိသည်ဟု သိရသည်။