Home ထိပ်တန်းသတင်း နို့ဖိုးဒုက္ခသည်စခန်းတွင် လူဦး‌ရေစာရင်း ‌ကောက်ခံခဲ့

နို့ဖိုးဒုက္ခသည်စခန်းတွင် လူဦး‌ရေစာရင်း ‌ကောက်ခံခဲ့

1852
စက်တင်ဘာလ ၈ရက်။ ‌စောဖိုးမူး (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် တာ့ခ်ခရိုင် အကြီးအကဲများ၏ ညွှန်ကြားမှု‌ကြောင့် ယခုလ ၂ရက်‌နေ့က ဒုက္ခ သည် လူဦး‌ရေစာရင်း ‌ကောက်ခံခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။

ထိုသို့ လူဦး‌ရေ ‌ကောက်ခံရာတွင် တာ့ခ်ခရိုင်အကြီးအကဲက စခန်းရှိ ထိုင်းအုပ်ချုပ်‌ရေးအဖွဲ့မှတဆင့် ညွှန်ကြားမှု‌ကြောင့် စခန်း ရှိ ဒုက္ခသည်များထဲတွင် တတိယနိုင်ငံသွား‌ရောက်မည့်သူများ၊ မြန်မာပြည်ပြန်မည့်သူများ၊ မပြန်မည့်သူများ စသည်ဖြင့် ‌ကောက်ခံခဲ့ခြင်းဖြစ်သည်ဟု နို့ဖိုးစခန်း၏ အတွင်း‌ရေးမှူး ‌စောသူး‌လေဒို့စိုးက ‌ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ‌သောကြာ‌နေ့က ‌ကောက်ခိုင်းတယ်။ သူတို့(ထိုင်းအာဏာပိုင်)ခိုင်းတဲ့အတိုင်း ကျ‌နော်လိုက်လုပ်တာပဲ။ သူတို့ မှာ ဘာအစီအစဉ်ရှိလဲ‌တော့ ကျ‌နော်တို့လည်း မသိဘူး။ ဒီအစီအစဉ်‌တွေ အားလုံးဟာ ထိုင်းအာဏာပိုင်အ‌ပေါ်မှာပဲ မူတည် တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အလားတူ ယခင်လကလည်း တာ့ခ်ခရိုင်ဥက္ကဌ၏ ညွှန်ကြားမှု‌ကြောင့် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင်လည်း ယခုကဲ့သို့ လူဦး‌ရေစာရင်း ‌ကောက်ခံခဲ့သည်။

ယခုလို လူဦး‌ရေစာရင်း ‌ကောက်ခံခြင်းနှင့် ပတ်သက်၍ ဒုက္ခသည်တချို့က တတိယနိုင်ငံသွားရမည်ဆိုပြီး ဝမ်း‌မြောက်ဝမ်းသာ ကြသလို တချို့ကမူ လူဦး‌ရေစာရင်း ‌ကောက်ခံရသည့် ရည်ရွယ်ချက်အတိအကျ မသိရ‌သော‌ကြောင့် စိုးရိမ်ကြသူများလည်း ရှိ ‌နေ‌ကြောင်း ရပ်ကွက်(၇)တွင် ‌နေထိုင်သူတဦးက ‌ပြောသည်။

၎င်းက “တချို့က‌တော့ တတိယနိုင်ငံသွားရမယ်ဆိုပြီး ဝမ်းသာကြတာ‌ပေါ့။ တချို့က ပြန်ပို့ခံရမှာကို စိုးရိမ်ကြတယ်။ ပြီးခဲ့တဲ့လ ကလည်း အုန်းဖျန်စခန်းမှာလည်း လူဦး‌ရေစာရင်း‌ကောက်ခံ‌ပေမယ့် ဘာမှထူးခြားမှု မရှိဘူးဆို‌တော့ ဘာမှမထူးဘူးလို့ပဲ ကျ‌နော်ထင်တယ်။”ဟု ‌ပြောသည်။

ထိုသို့ လူဦး‌ရေစာရင်း ‌ကောက်ခံခြင်းနှင့် ပတ်သက်၍ ကရင်ဒုက္ခသည်များ‌ကော်မတီ (‌ကေအာရ်စီ)ဥက္ကဌ ‌စော‌ရောဘတ်‌ထွေး က “ဒါက‌တော့ လုပ်သင့်လား မလုပ်သင့်လားဆိုတာက ကျ‌နော်တို့ မ‌ပြောတတ်ဘူး‌ပေါ့‌လေ။ မြန်မာပြည်ပြန်မယ့်ကိစ္စကို‌တော့ ငြိမ်းချမ်းမှု မရှိ‌သေးတဲ့အ‌ပေါ်မှာ ‌လော‌လောဆယ် ပြန်လို့မရ‌သေးဘူး။”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်ရှိ နို့ဖိုးဒုက္ခသည်စခန်းမှာ ၁၉၉၇ခုနှစ် မတ်လတွင် စတင် ဖြစ်တည်လာခဲ့ခြင်းဖြစ်ပြီး ယခု အချိန်တွင် လူဦး‌ရေ ၁၇,၀၀၀‌ကျော်ရှိသည်ဟု ကရင်ဒုက္ခသည်များ‌ကော်မတီ (KRC)၏ မှတ်တမ်းအရ သိရသည်။

Photo-KIC (နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည်များ လူဦး‌ရေ စစ်‌ဆေးခဲ့စဉ်က)

ထိုင်း-မြန်မာနယ်စပ်တွင် လူဦး‌ရေ တစ်သိန်း‌လေး‌သောင်း‌ကျော်ရှိသည့် ကရင်ဒုက္ခသည်စခန်း (၇)ခုရှိ‌သော်လည်း ယခုကဲ့သို့ ထိုင်းအာဏာပိုင်များ၏ လူဦး‌ရေ‌ကောက်ခံခြင်း အစီအစဉ်ကို တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုးနှင့် အုန်းဖျန်ဒုက္ခသည်စခန်း ၂ခုသာ လုပ်‌ဆောင်လျှက်ရှိသည်။