Home ထိပ်တန်းသတင်း ကြံ့ခိုင်‌ရေးပါတီမှ ပါတီဝင်အသစ် များ လိုက်လံစည်းရုံး

ကြံ့ခိုင်‌ရေးပါတီမှ ပါတီဝင်အသစ် များ လိုက်လံစည်းရုံး

1600
စက်တင်ဘာလ ၁၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ‌ဒေသတွင် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(USDP)မှ ပါတီ ဝင်များသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် ပါတီဝင်အသစ်များကို လိုက်လံစည်းရုံးလျှက်ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ဘုရားသုံးဆူမြို့ရှိ ကြံ့ခိုင်‌ရေးပါတီ၏ စည်းရုံး‌ရေးမှူး ဦးသန်းဝင်း ကိုယ်တိုင်ဦး‌ဆောင်၍ ဘုရားသုံးမြို့ အ‌နောက်ဘက်ခြမ်း ၈မိုင် ခန့် အကွာအ‌ဝေးရှိ ‌ချောင်းဆုံ‌ကျေးရွာတွင် ယခုလ စက်တင်ဘာလ ၁၄ရက်‌နေ့က စည်းရုံးမှုများ လုပ်‌ဆောင်ခဲ့သည်ဟု ‌ချောင်း ဆုံ‌ဒေသခံတစ်ဦးက ‌ပြောသည်။

၎င်းက “စည်းရုံး‌ရေးမှူး ဦးသန်းဝင်းကိုယ်တိုင် လိုက်လံစည်းရုံးတယ်။ ပါတီထဲကိုဝင်ရင် စီးပွား‌ရေးလုပ်တဲ့‌နေရာမှာ အခွင့်အ‌ရေး ပိုရမယ်ဆိုပြီး စည်းရုံးတာ။ ‌နောက်ပြီး ‌ချောင်းဆုံမှာ ကြံ့ခိုင်‌ရေး အလုပ်သမားအဖွဲ့ ဖွဲ့မယ်တဲ့။ ‌ချောင်းဆုံသား‌တွေ မကြိုက်တဲ့ အခါကျ‌တော့ မ‌အောင်မြင်ဘူး ဖြစ်သွားတယ်။”ဟု ‌ပြောသည်။

ဘုရားသုံးဆူမြို့ရှိ စီးပွား‌ရေးလုပ်ငန်းရှင်တစ်ဦးကလည်း “ငါတို့ရပ်ကွက်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ အကျီင်္‌တွေကိုဝတ်ပြီး လမ်းပြင် တာ ‌တွေ့ရတယ်။ ဒီလမ်းကလည်း ကြာပါပြီ။ တခါမှ မပြီး‌သေးဘူး။ ကျ‌နော်တို့က‌တော့ ပွဲကြည့်ပရိဿတ်ပဲ‌လေ။”ဟု ‌ပြော သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ခွဲ ဖြစ်သည့် ဘုရားသုံးဆူမြို့နယ်၌ ကြံ့ခိုင်‌ရေးပါတီမှ အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ် ဦး‌စော ထွဋ်‌ခေါင်လွင်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦး‌စောကြည်‌အေးနှင့် ဖလုံ-စ‌ဝေါ်ပါတီမှ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စောထယ်ရီတို့က ဝင်‌ရောက်အ‌ရွေးခံခဲ့သည်ဟု ‌ရွေး‌ကောက်ပွဲ ‌ကော်မ ရှင်က ထုတ်ပြန်ခဲ့‌သော်လည်း ကြိုတင်မဲများ‌ကြောင့် ကြံ့ခိုင်‌ရေးပါတီသာ မဲအနိုင်ရရှိခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လကလည်း ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်တွင် ကြံ့ခိုင်‌ရေးပါတီမှ တာဝန်ရှိသူများသည် မြို့ခံများ အား ‌ငွေထုတ်‌ချေး‌ပေးမည်ဟု ‌ပြောဆို‌နေခဲ့‌သော်လည်း သာမန်အိမ်‌လေး ပိုင်ဆိုင်သူများကို ထုတ်မ‌ချေး‌ပေး‌ကြောင်း ‌ကော့က ရိတ်မြို့ခံတစ်ဦးက ‌ပြောသည်။

“ကြံ့ခိုင်‌ရေးက ‌ငွေထုတ်‌ချေး‌ပေးမယ်တဲ့။ ဒါနဲ့ သွား‌မေးတာ သူတို့က တိုက်ခံအိမ်နဲ့ဆိုမှ ‌ငွေ‌ချေး‌ပေးမယ်‌ပြောတယ်‌လေ။”ဟု ဆို သည်။

‌ရွေး‌ကောက်ပွဲပြီးဆုံး၍ အစိုးရသစ် တက်လာပြီး‌နောက် ဒုတိယအကြိမ် လွှတ်‌တော်အစည်းအ‌ဝေး ပြုလုပ်လျှက်ရှိသည့် ယခုအ ချိန်ထိ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီမှ ၎င်းတို့၏ ပါတီဝင်အင်အားကို ဆက်လက် စည်းရုံး‌နေဆဲဖြစ်သည်။