Home ထိပ်တန်းသတင်း မြန်မာ့နိုင်ငံ‌ရေး တိုးတက် ‌ပြောင်းလဲ‌နေသည်ဟု အ‌မေရိကန် အထူးကိုယ်စားလှယ် ရှုမြင်

မြန်မာ့နိုင်ငံ‌ရေး တိုးတက် ‌ပြောင်းလဲ‌နေသည်ဟု အ‌မေရိကန် အထူးကိုယ်စားလှယ် ရှုမြင်

1610
စက်တင်ဘာလ ၁၂ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

အ‌မေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ‌ရေးရာ ညှိနှိုင်း‌ရေးမှူး ဒဲရက်မစ်ချယ် (Derek Mitchell) က မြန်မာနိုင်ငံတွင် နိုင်ငံ‌ရေးအ‌ခြေအ‌နေ တိုးတက်‌ပြောင်းလဲ‌နေသည်ဟု ရှုမြင်‌ကြောင်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က ‌ပြော သည်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်‌တော်ကိုယ်စားပြု ‌ကော်မတီဝင်များကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ‌ဒေါ်‌အောင်ဆန်းစုကြည်‌နေအိမ်တွင် ‌တွေ့ဆုံခဲ့ပြီး‌နောက် ဒဲရက်မစ်ချယ်က ထိုသို့ ‌ပြော ကြားလိုက်ခြင်း ဖြစ်သည်ဟု NLD ‌ပြောခွင့်ရသူ ဦးအုန်းကြိုင်က ‌ပြောသည်။

“ဒဲရက်မစ်ချယ်က မြန်မာပြည်ရဲ့ အ‌ခြေအ‌နေဟာ တိုးတက်‌ပြောင်းလဲ‌နေတယ်လို့ မြင်တဲ့အ‌ကြောင်းနဲ့ မကြာခင်မှာ ‌ကောင်းတဲ့ ရလဒ်သစ်‌တွေ ရလာနိုင်မယ်လို့လည်း သူ ယုံကြည်‌နေတဲ့အ‌ကြောင်း ‌ပြောပါတယ်။”ဟု ၎င်းက ပြန်‌ပြောပြသည်။

မြန်မာနိုင်ငံ ဒီမိုက‌ရေစီအသွင် အမှန်တကယ် ‌ပြောင်းလဲသွားပါက အ‌မေရိကန်နိုင်ငံသည် လူမှု‌ရေးနှင့် ပညာ‌ရေးအပိုင်း၌ ဆက် လက်ပြီး ကူညီမည့် အ‌နေအထားရှိသည်ဟု ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ဆွေး‌နွေးပွဲအပြီး သတင်း‌ထောက်များကို ‌ဖြေကြားခဲ့ ‌ကြောင်း ဦးအုန်းကြိုင်က ဖြည့်စွက်‌ပြောဆိုသည်။

သို့‌သော် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ကချင်၊ ရှမ်းနဲ့ ကရင်‌ဒေသ‌တွေမှာ အစိုးရတပ်‌တွေ ထိုးစစ်‌တွေ အခုထိ မရပ်‌သေးသလို နိုင်ငံ‌ရေး အကျဉ်းသား‌တွေကိုလည်း လွှတ်‌ပေးတာ မရှိ‌သေးတာကို မြန် မာပြည်အ‌ခြေအ‌နေ တိုးတက်လာတယ်လို့ ‌ပြောလို့မရဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ ဒဲရက်မစ်ချယ်နှင့် ‌တွေ့ဆုံရာတွင် ‌ဒေါ်‌အောင်ဆန်းစုကြည်အပြင် NLD ပါတီဘက်မှ ဒု-ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦး သန်းထွန်း၊ ဦးလှ‌ဖေ၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ‌ဒေါ်‌မေဝင်းမြင့်နှင့် CRPP ဘက်မှ အတွင်း‌ရေးမှူး ဦး‌အေးသာ ‌အောင်၊ ပူကျင့်ရှင်းထန်နှင့် ဦးစိုးဝင်းတို့ ပါဝင်သည်။

ဒဲရက်မစ်ချယ်နှင့်အဖွဲ့သည် NLD၊ CRPP အဖွဲ့ဝင်များကို မ‌တွေ့ဆုံမီ မနက် ၁ဝနာရီတွင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် မိနစ် ၄ဝ ကြာ သီးသန့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်။ ယင်း‌နောက် NLD အပါအဝင် CRPP အဖွဲ့ဝင်များကို တ‌ပေါင်းတည်း ၁နာရီနီးပါး ဆက်လက် ‌ဆွေး‌နွေးခဲ့သည်။

‌ဒေါ်စုနဲ့ ဒဲရစ်မစ်ချယ် (Photo-Irrawaddy)

စက်တင်ဘာလ ၉ရက်‌နေ့က မြန်မာနိုင်ငံကို ‌ရောက်ရှိခဲ့သည့် Derek Mitchell သည် နိုင်ငံခြား‌ရေးဝန်ကြီး ဦးဝဏ္ဏ‌မောင်လွင် နှင့် အမျိုးသားလွှတ်‌တော် ဥက္ကဌ အပါအဝင် အမတ်များကို အရင်ဦးဆုံး ‌တွေ့ဆုံခဲ့သည်။

ထို့‌နောက် ၎င်းနှင့်အဖွဲ့သည် ရုပ်ရှင်မင်းသား ဦး‌ကျော်သူ ဦး‌ဆောင်သည့် နာ‌ရေးကူညီမှုအသင်းကို ရန်ကုန်တွင် စက်တင်ဘာ လ ၁၁ ရက်‌နေ့က သွား‌ရောက်‌တွေ့ဆုံခဲ့သည်။ ထို‌နေ့မှာပင် ရန်ကုန်တိုင်း ‌တောင်ဒဂုံတွင် NLD ပါတီက ဖွင့်လှစ်ထားသည့် HIV-AIDS ‌ဂေဟာကိုလည်း သွား‌ရောက်ကာ လူနာများ၏ အ‌ခြေအ‌နေများကို ‌မေးမြန်းခဲ့သည်။

အ‌မေရိကန်အစိုးရက မြန်မာ့အ‌ရေး ကူညီရန် အစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် မစ္စတာဒဲရက်မစ်ချယ်ကို ၂၀၁၁ခုနှစ်၊ ဇွန် လက တရားဝင်ခန့်အပ်ခဲ့ပြီး‌နောက် မြန်မာနိုင်ငံကို ယခု ပထမဆုံးအကြိမ် လာ‌ရောက်ခဲ့ခြင်း ဖြစ်သည်။