Home ထိပ်တန်းသတင်း မြစ်ဆုံစီမံကိန်း ပညာရှင် များနှင့် ညှိနှိုင်း‌ဆောင်ရွက်သင့်ဟု ဒီမိုမိတ်‌ဆွေပါတီများ ‌ကြေငြာချက်ထုတ်

မြစ်ဆုံစီမံကိန်း ပညာရှင် များနှင့် ညှိနှိုင်း‌ဆောင်ရွက်သင့်ဟု ဒီမိုမိတ်‌ဆွေပါတီများ ‌ကြေငြာချက်ထုတ်

3478
စက်တင်ဘာလ ၂၁ရက်။ (‌ကေအိုင်စီ)

၂၀၁ဝ ‌ရွေး‌ကောက်ဝင် ဒီမိုက‌ရေစီ မိတ်‌ဆွေပါတီ ၁ဝပါတီတို့က မြစ်ဆုံ‌ရေကာတာစီမံကိန်း တည်‌ဆောက်ရာတွင် ကျွမ်းကျင်သည့် ပညာရှင်များနှင့် ညှိနှိုင်းပြီး ‌ဆောင်ရွက်သင့်‌ကြောင်း အစိုးရအား တိုက်တွန်းလိုက်သည်။

ဒီမိုက‌ရေစီ မိတ်‌ဆွေပါတီများက စတင် တည်‌ဆောက်‌နေပြီးဖြစ်သည့် မြစ်ဆုံ‌ရေကာတာစီမံကိန်း၏ လုပ်ငန်း စတင် လုပ်‌ဆောင်‌နေ မှု၊ စီမံကိန်း‌ကြောင်း ရရှိလာသည့်အကျိုး‌ကျေးဇူးနှင့် စီမံကိန်း‌ကြောင့် ဖြစ်လာနိုင်သည့် သဘာဝ‌ဘေးအန္တရာယ် အပါအဝင် စီမံကိန်း ဆိုင်ရာ အချက်အလက် (၇)ချက်ပါ ‌ကြေငြာချက်တစ်‌စောင်ကို ယ‌နေ့ ထုတ်ပြန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“မြစ်ဆုံဟာ အမျိုးသားအကျိုးစီးပွားအတွက် သင့်‌လျော်‌ပေမယ့် အကျိုးအမြတ်တခုတည်းကို မကြည့်ဘဲနဲ့ ပြည်သူ‌တွေရဲ့ လက် ‌တွေ့ကျတဲ့ ဘဝအ‌ခြေအ‌နေ ‌ပြောင်းလဲနိုင်မှု စိတ်ခံစားမှု ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အချက်အလက်‌တွေ ‌ဘေးအန္တရာယ်‌တွေ လုံခြုံ‌ရေးဆိုင်ရာ အချက်အလက်‌တွေ ‌သေချာ‌ဆောင်ရွက်ဖို့လိုတယ်။”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဦးသု‌ဝေက ‌ပြောသည်။

ဧရာဝတီမြစ်ဆုံ ‌ရေကာတာစီမံကိန်းကို ပြည်သူတို့၏ ဆန္ဒသ‌ဘောထားနှင့်အညီ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်နိုင်ရန်အတွက် ဒီမိုကရက်တစ် မိတ်‌ဆွေပါတီများက စက်တင်ဘာလ ၁၈ရက်‌နေ့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး‌နောက် ယခုလို ‌ကြေငြာချက် ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

ထုတ်ပြန်‌ကြေငြာချက်တွင် မြစ်ဆုံစီမံကိန်းသည် သီးခြားကင်းလွတ်သည့် ဆိုင်ရာကျွမ်းကျင်ပညာရှင်များဖြင့် ကဏ္ဍစုံမှ ‌လေ့လာစိ စစ်ပြီး ဆက်လက် ‌ဆောင်ရွက်သင့်မသင့် အကဲဖြတ်မှုကို အမြင်မတူသည့်ဘက် နှစ်ဖက်စလုံး ချင့်ချိန်ပြီး ကျယ်ကျယ်ပြန့်ပြန့် စဉ်း စားကာ အချိန်ယူ ‌ဆောင်ရွက်ရန် သင့်‌တော်‌ကြောင်း တိုက်တွန်းထားသည်။

၎င်းအပြင် စီမံကိန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် ပညာရှင်များ၏ စိစစ်‌ဝေဖန်မှုကို ‌ကောင်းကျိုး၊ ဆိုးကျိုးများ ကို ပြည်သူလူထု အ‌သေးစိတ် သိရှိ‌ရေး အချိန်မီ ထုတ်ပြန်ရန်နှင့် နိုင်ငံ‌တော်အဆင့် စီမံကိန်းကြီးများကို ‌ဆောင်ရွက်ရာတွင် အချက် အလက် ပြည့်စုံစွာဖြင့် ‌ဒေသခံပြည်သူလူထုတရပ်လုံး၏ ဆန္ဒများကို အ‌ခြေပြုစဉ်းစား ‌ဆောင်ရွက်သင့်‌ကြောင်း တိုက်တွန်းထား သည်။

ကချင်ပြည်နယ်တွင် ဧရာဝတီ မြစ်ဆုံဆည် အပါအဝင် ဆည် ၇ခုတည်‌ဆောက်မည်ဖြစ်ပြီး မြစ်ဆုံလျှပ်စစ်စီမံကိန်းမှာ စွမ်းအင် စုစု ‌ပေါင်း မဂ္ဂါဝပ် ၁၆,၅၀ဝ ထုတ်လုပ်ရရှိကာ တနှစ်လျှင် ကီလိုဝပ် ၆သန်းအထိ တရုတ်ပြည် ယူနန်သို့ တင်ပို့မည်ဟု ‌ကြေညာချက်က ဆိုသည်။

‌မေခ-မလိခ မြစ်နှစ်သွယ် ‌ပေါင်းစည်း‌နေသည့် ဧရာဝတီမြစ်ဖျား‌ဒေသ

ပြည်သူတရပ်လုံးက မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ဝိုင်းဝန်းကန့်ကွက်‌နေသည့်ကြားက စက်တင်ဘာလ ၁ဝရက်‌နေ့က ‌နေပြည် ‌တော်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦး‌ဇော်မင်းက စီမံကိန်းကို ‌နောက်မဆုတ်တမ်း ဆက်လုပ်သွားမည်ဟု ‌ပြောကြားခဲ့သည်။

ဦး‌ဇော်မင်း၏ ‌ပြောကြားချက်‌ကြောင့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သည့် တုံ့ပြန်‌ဝေဖန်မှုများ ပိုမို ဖြစ်‌ပေါ်လာသည့်အ‌ပေါ် စက်တင် ဘာလ ၁၇ရက်‌နေ့တွင် “ဧရာဝတီမြစ်ဝှမ်း ‌ရေအားလျှပ်စစ်စီမံကိန်းများ‌ကြောင့် ဧရာဝတီမြစ်နှင့် သဘာဝပတ်ဝန်းကျင်အ‌ပေါ် သက် ‌ရောက်မှုဆိုင်ရာ”‌ခေါင်းစဉ်ဖြင့် အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြစ်ဆုံ‌ရေကာတာစီမံကိန်းကိစ္စအား လွှတ်‌တော်နှင့် အစိုးရအ ဖွဲ့၏ မူဝါဒ အဆုံးအဖြတ်အတိုင်း ဆက်လက် ‌ဆောင်ရွက်သွားမည်ဟု ‌ပြောဆိုခဲ့ကြသည်။

ဒီမိုက‌ရေစီမိတ်‌ဆွေများပါတီတွင် အမျိုးသားဒီမိုက‌ရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်‌ထောင်စုဒီမိုက‌ရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်‌ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ မွန်‌ဒေသလုံးဆိုင်ရာဒီမိုက‌ရေစီပါတီ၊ ချင်းအ မျိုးသားပါတီ၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုက‌ရေစီနှင့်ငြိမ်းချမ်း‌ရေးပါတီ၊ ညီညွှတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးပါတီတို့ ပါဝင်သည်။