Home ထိပ်တန်းသတင်း ‌ရွှေသဘာဝဓါတ်‌ငွေ့ပိုက်လိုင်း စီမံကိန်း‌ကြောင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ဖြစ်‌ပေါ်‌နေ

‌ရွှေသဘာဝဓါတ်‌ငွေ့ပိုက်လိုင်း စီမံကိန်း‌ကြောင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ဖြစ်‌ပေါ်‌နေ

1659
စက်တင်ဘာလ ၆ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ‌ဖောက်လုပ်‌နေသည့် ‌ရေနံနှင့် ‌ရွှေသဘာဝဓါတ်‌ငွေ့ပိုက်လိုင်း စီမံ ကိန်း‌ကြောင့် ‌ဒေသခံများအား အတင်းအဓမ္မ အလုပ်ခိုင်း‌စေမှု၊ ‌မြေယာသိမ်းမှုနှင့် အလုပ်သမားများ ‌ခေါင်းပုံဖြတ်ခံရမှု စသည့် လူ့အ ခွင့်အ‌ရေးချိုး‌ဖောက်မှုများ ဖြစ်ပွား‌နေသည်ဟု ‌ရွှေသဘာဝဓါတ်‌ငွေ့လှုပ်ရှားမှု(SGM)အဖွဲ့က ‌ပြောကြားလိုက်သည်။

၂၀၀၉ ခုနှစ်မှ စတင်ခဲ့သည့် အဆိုပါစီမံကိန်းသည် ယခုအခါ လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်တိုးချဲ့ လုပ်ကိုင်လာသည်နှင့်အမျှ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ပိုမို များပြားလာသည်ဟု SGM အဖွဲ့၏ ‌ပြောခွင့်ရသူ ‌ဒေါ်ဖြိုးဖြိုးက ‌ကေအိုင်စီကို ‌ပြောသည်။

ထို့အပြင် လယ်‌မြေအသိမ်းခံရမှုများလည်း ဖြစ်‌ပေါ်လာသဖြင့် ‌ဒေသခံများ စီးပွား‌ရေး ကြပ်တည်းလာရသည်ဟုလည်း ‌ပြောဆို သည်။ ‌လော‌လောဆယ် ရခိုင်ပြည်နယ် မ‌ဒေးကျွန်းတွင် လယ်ယာ‌မြေဧက ၅၀ဝနှင့် ‌ကျောက်ဖြူမြို့နယ်တွင် လယ်ယာ‌မြေဧက ၂၀ဝ အသိမ်းခံထားရသည်ဟု SGM က ‌ပြောသည်။

ကီလိုမီတာ ၂,၈၀ဝ ဝန်းကျင် ရှည်လျားမည့် ထို‌ရေနံနှင့် သဘာဝဓါတ်‌ငွေ့ပိုက်လိုင်းသည် ရခိုင်ကမ်းရိုးတန်းမှတဆင့် ရခိုင်ပြည် နယ်၊ မ‌ကွေးတိုင်း၊ မန္တ‌လေးတိုင်းနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းသွားမည်ဖြစ်သည်။

ပိုက်လိုင်း ဖြတ်သန်းသွားမည့် ရှမ်းပြည်နယ်တွင် အစိုးရလုံခြုံ‌ရေး တပ်ဖွဲ့ဝင်ဦး‌ရေ ၆‌ထောင်‌ကျော်နှင့် အစိုးရကို ဆန့်ကျင်သည့် ကချင်နှင့် ရှမ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဦး‌ရေ ၁‌သောင်း‌ကျော် ရှိသည်ဟု SGM အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

“ဒီလိုမျိုး စစ်တပ်‌တွေ ချထား‌တော့ ‌ဒေသခံ‌တွေဟာ စစ်တပ်ရဲ့ ခြိမ်း‌ခြောက်မှု အမျိုးမျိုးကို ခံ‌နေရတယ်။”ဟု ‌ဒေါ်ဖြိုးဖြိုးက ‌ပြော သည်။

ထို့အပြင် စီမံကိန်း‌ဆောက်လုပ်‌ရေးလုပ်ငန်းခွင်တွင် အမျိုးသမီးများသည် ရပိုင်ခွင့်များ ဆုံးရှုံး‌နေပြီး ၎င်းတို့၏လုပ်အားခမှာ အမျိုး သားများ လုပ်အားခ၏ ထက်ဝက်သာ ရှိသည်ဟုလည်း SGM က ‌ပြောသည်။

‌ရွှေသဘာဝဓာတ်‌ငွေ့ ပိုက်လိုင်း စီမံကိန်းတွင် တရုတ်အစိုးရပိုင် အမျိုးသား ‌ရေနံ‌ကော်ပို‌ရေးရှင်း (CNPC) အပါအဝင် ‌တောင်ကိုရီး ယား Dawoo International ကုမ္ပဏီ၊ အိန္ဒိယ ONGC Videsh ကုမ္ပဏီ၊ Gas Authority of India-GAIL၊ မြန်မာ‌ရေနံနှင့် သဘာဝ ဓာတ်‌ငွေ့လုပ်ငန်း(MOGE)တို့ ပူးတွဲ လုပ်ကိုင်လျှက်ရှိသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝဓါတ်‌ငွေ့အပြင် အ‌ရှေ့အလယ်ပိုင်း‌ဒေသနှင့် အာဖရိကတိုက်တို့မှ ‌ရေနံတင်သ‌ဘေင်္ာများဖြင့် သယ်‌ဆောင်လာမည့် ‌ရေနံများကိုလည်း မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ ယခု တည်‌ဆောက်‌နေသည့် ပိုက်လိုင်းမှတ ဆင့် တင်ပို့မည်ဖြစ်သည်။

၎င်းပိုက်လိုင်းစီမံကိန်းကို ၂၀၁၃ခုနှစ်တွင် အပြီး‌ဖောက်လုပ်ရန်ရှိသည်။ ထိုပိုက်လိုင်းမှတဆင့် သဘာဝဓါတ်‌ငွေ့များကို တရုတ်နိုင်ငံ သို့ တင်ပို့‌ရောင်းချမည်ဖြစ်ပြီး နှစ် ၃ဝကာလအတွင်း အ‌မေရိကန်‌ဒေါ်လာ ၂၉ဘီလီယံခန့်ကို မြန်မာအစိုးရက အကျိုးခံစားခွင့် ရရှိ မည်ဟု SGM အဖွဲ့၏ အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။