Home ထိပ်တန်းသတင်း ‌ရွှေတူးလုပ်ငန်း‌ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များပြား

‌ရွှေတူးလုပ်ငန်း‌ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များပြား

2383
စက်တင်ဘာလ ၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အ‌နောက်ဘက်ရှိ မယ်ကလယ့်‌လော်‌ချောင်း၊ မယ်တိုး‌ချောင်း၊ မဲဝယ်‌ချောင်းနှင့် ‌ဘော‌လော ‌ချောင်းများအတွင်း မြန်မာပြည်ရှိ ပုဂ္ဂလိကပိုင် ကုမ္ပဏီများ၏ ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းများ‌ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု များပြားသည်ဟု ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)က စက်တင်ဘာလ ၂ရက်‌နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

၂၀၀၉ခုနှစ်မှစ၍ ယခုအချိန်ထိ တူး‌ဖော်‌နေဆဲဖြစ်သည့် ၎င်း‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်း‌ကြောင့် ယခင် သဘာဝ သစ်‌တောများမှာ ကွင်းပြင်ကြီးများ ဖြစ်ကုန်သည့်အပြင် လယ်ယာ‌မြေများနှင့် ‌ချောင်း‌ရေများ ပျက်စီးကုန်သဖြင့် ရွာသားများ၊ တိရိစ္ဆာန်များအ တွက် ‌သောက်‌ရေ၊ သုံး‌ရေ ခက်ခဲကာ ‌သေ‌ကြေပျက်စီးရသည်အထိ ဖြစ်‌နေ‌ကြောင်း KHRG ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌စောအဲလ် ဘတ်က ‌ပြောသည်။

သူက “ပျက်စီးမှုက‌တော့ ဧက‌ပေါင်း မ‌ရေတွက်နိုင်‌လောက်‌အောင်ပဲ။ ‌တောတစ်ခုလုံး ကွင်းပြင်ကြီး အကုန်လုံးဖြစ်သွားတာ။ ‌ချောင်း‌ရေက‌တော့ အကုန်လုံး ‌ရေ‌နှောက်ကုန်‌တော့ ဘယ်သူမှ မ‌သောက်ရဲကြ‌တော့ဘဲ ‌ရေတွင်းတူးပြီး‌တော့ ‌သောက်‌ရေ၊ သုံး ‌ရေ ယူသုံးရတယ်။ တချို့တိရိစ္ဆာန်‌တွေက ညစ်ပတ်‌နေတဲ့ ‌ချောင်း‌ရေကို‌သောက်လို့ ‌သေသွားသလို ငါး‌တွေလည်း အကုန်‌သေ တယ်။”ဟု ‌ပြောသည်။

၎င်း‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းကို ပြီးခဲ့သည့် ၂၀၀၉ခုနှစ်၊ ‌အောက်တိုဘာလတွင် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ် မ‌တော်(DKBA) တပ်မဟာ(၃၃၃)၊ (၆၆၆)၊ (၉၉၉)မှ တပ်ဖွဲ့ဝင်များနှင့် ‌ရွှေကုမ္ပဏီတချို့သည် ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းများ ဝင် ‌ရောက်လုပ်‌ဆောင်ခဲ့ပြီး ‌နောက်ပိုင်းတွင် ‌ရွှေဖူး၊ ‌ရွှေရတနာ၊ ‌ရောင်နီဦး၊ ‌ရွှေမြနန္ဒာ၊ ထီးဖြူရှင် စသည့် ‌ရွှေကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၉ခုမှ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)ထံမှ ခွင့်ပြုချက်ယူကာ ယ‌နေ့အချိန်ထိ ‌ရွှေ ဆက်လက် တူး ‌ဖော်‌နေ‌ကြောင်း KHRG က ‌ပြောဆိုသည်။

‌ရွှေတူး‌ဖော်သည့် အ‌ခြေအ‌နေနှင့် ပတ်သက်၍ KNU တပ်မဟာ(၅)မှ တာဝန်ရှိသူများကို ဆက်သွယ်‌မေးမြန်းရာ ပြန်လည် ‌ဖြေ ကြားမည့်သူ မရှိ‌ပေ။

ထို‌ဒေသတွင် ယခင် ‌ရွှေတူး‌ဖော်ခဲ့သည့် DKBA တပ်ဖွဲ့ဝင်များက ၎င်းတို့၏ လုံခြုံ‌ရေးအတွက် ‌ရွှေတူး‌ဖော်သည့် ‌နေရာပတ် လည်တွင် ‌မြေမြှုပ်မိုင်းများစွာ ‌ထောင်ထားခဲ့ပြီး ယခုအချိန်ထိ ပြန်လည် ‌ဖော်ထုတ်ရှင်းလင်းခြင်း မရှိ‌သေးသည့်အတွက် ‌ဒေသခံ ရွာသားများမှာ လုပ်ငန်းခွင်သို့ မသွားရဲကြ‌ကြောင်း KHRG က ‌ပြောသည်။

၂၀၁ဝခုနှစ်၊ ဩဂုတ်လက မဲ့ကလယ်‌ချောင်းရှိ ‌ရွှေတူး‌ဖော်‌ရေးတွင်လည်း DKBA မိုင်းများ‌ကြောင့် ‌ဒေသခံများ ဥယျာဉ်ခြံများသို့ သွားလာလုပ်ကိုင်ရန် ခက်ခဲကာ ကွီး‌ဒေး‌လော၊ ဝါ့သိုးကလားနှင့် မယ်တဲ‌ကျေးရွာများမှ ရွာသား ၃၀၀‌ကျော်မှာ ‌နေရပ်စွန့်ခွာခဲ့ရ သလို (မ‌လေးလယ်)‌ကျေးရွာအုပ်စုရှိ ရွာသားပိုင် လယ်ဧက ၄၀ဝမှ လယ်ကွင်း ၈၅ကွင်းမှာ ပျက်စီးသွားခဲ့ရသည်။

Photo-KHRG (‌ရွှေကုမ္ပဏီများက တူး‌ဖော်‌ရေးလုပ်‌ဆောင်‌နေစဉ်)

၎င်း‌ရွှေတူး‌ဖော်ရာနယ်‌မြေသည် ကရင်ပြည်နယ် ဖာပွန်အ‌နောက်စူးစူးရှိ ဝင်း‌မောင်း‌ကျေးနယ်အတွင်း၌ဖြစ်ပြီး မွန်ပြည်နယ်၊ ဘီး လင်းမြို့နယ်နှင့် နယ်‌မြေနီးစပ်ကာ ‌ရွှေတူးသည့် ‌ချောင်းသွယ်များမှာ ဘီးလင်း‌ချောင်းအတွင်းသို့ စီးဝင်သွားခြင်း ဖြစ်သည်။

အဆိုပါ ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းများ‌ကြောင့် ‌ဒေသခံရွာသားများ ပိုင်ဆိုင်‌သော ‌မြေကွက်၊ ယာ‌မြေများ ဆုံးရှုံးသည့်အတွက် လာ မည့်နှစ်တွင် စားနပ်ရိက္ခာ ပြဿနာများနှင့် ကြုံ‌တွေ့နိုင်သည်ဟု KHRG က ‌ပြောသည်။