Home ထိပ်တန်းသတင်း ‌ကော့ကရိတ်အ‌ရှေ့ဖက် တစ်နာရီကြာ တိုက်ပွဲတွင် မြန်မာစစ်သည် ၁ဦးကျဆုံး

‌ကော့ကရိတ်အ‌ရှေ့ဖက် တစ်နာရီကြာ တိုက်ပွဲတွင် မြန်မာစစ်သည် ၁ဦးကျဆုံး

1734
စက်တင်ဘာလ ၁၆ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့အ‌ရှေ့ဘက်တွင် ကရင့်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)၊ တိုးတက်‌သော ဗုဒ္ဓ ဘာသာကရင်အမျိုးသားတပ်မ‌တော် (DKBA) ပူး‌ပေါင်းတပ်ဖွဲ့များနှင့် အစိုးရဘက်မှ တပ်ရင်း(၉၇)တို့ ယ‌နေ့ တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရစစ်သည် ၁ဦး ကျဆုံးသွားခဲ့သည်ဟု ဒီ‌ကေဘီ‌အေဘက်က ‌ပြောသည်။

ယ‌နေ့ မွန်းတည့် ၁၂နာရီတွင် ‌ကော့ကရိတ်မြို့မှ ၂မိုင်အကွာအ‌ဝေးရှိသည့် တတန်ကူးရွာအနားတွင် ဗိုလ်ကြီး‌စောက‌ညော ဦး ‌ဆောင်သည့် KNLA တပ်ရင်း(၁၀၁)နှင့် ဗိုလ်‌စော‌နော့မု ဦး‌ဆောင်သည့် DKBA ကလိုထူးဝါးစစ်ဗျူဟာ တပ်ရင်း(၉၀၇) ပူး‌ပေါင်း တပ်ဖွဲ့ဝင်များသည် စကခ(၁၂) လက်‌အောက်ခံ ခလရ(၉၇)တပ်ရင်းနှင့် တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့‌ကြောင်း DKBA ကလို့ထူး‌ဘောဗျူဟာမှ ဗိုလ်မှူး‌စောဆန်း‌အောင်က ‌ကေအိုင်စီကို ‌ပြောသည်။

ဗိုလ်မှူး‌စောဆန်း‌အောင်က “ဒီ‌နေ့ ‌နေ့လည် ၁၂နာရီမှာ ကျ‌နော်တို့ DKBA နဲ့ KNLA တပ်ဖွဲ့ဝင်‌တွေ ပူး‌ပေါင်းပြီး ရန်သူတပ်ကို ဝင်တိုက်ကြတယ်။ တိုက်ပွဲက‌တော့ မိနစ် ၅၀‌ကျော် ကြာပြီး ရန်သူ့ဘက်က ၁‌ယောက် ကျတယ်။”ဟု ‌ပြောသည်။

အဆိုပါတိုက်ပွဲမှာ လုံခြုံ‌ရေးအရ လှုပ်ရှားသွားလာ‌နေသည့် အစိုးရစစ်တပ်များကို ‌ပြောက်ကျားစနစ်ဖြင့် အလစ် ဝင်‌ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ မိမိတို့ဘက်မှ ထိခိုက်၊ ကျဆုံးမှုမရှိဟုလည်း ဗိုလ်မှူးဆန်း‌အောင်က ဆက်လက် ‌ပြောဆိုသည်။

‌ကော့ကရိတ်မြို့နယ်တွင် ကလို့ထူးဝါး စစ်ဗျူဟာ လက်‌အောက်ခံ တပ်ရင်းများဖြစ်သည့် (၉၀၁)၊ (၉၀၂)နှင့် (၉၀၇)တပ်ရင်းများ KNLA တပ်မဟာ(၇) လက်‌အောက်ခံ တပ်ရင်း(၁၀၁)တို့ အ‌ခြေစိုက် လှုပ်ရှားလျှက်ရှိပြီး အစိုးရဘက်မှ စကခ(၁၂) လက် ‌အောက်ခံ တပ်ရင်းများ စစ်‌ရေးလှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

ထို့အပြင် မြဝတီမြို့နယ်၊ ‌ဝေါ်‌လေဂွင်ရှိ ဝါ့မီထာ့‌နေရာတွင် ယ‌နေ့ည ၆နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွား‌နေသည်ဟု ‌ကေအိုင်စီ က သတင်းရရှိ‌သော်လည်း မည်သည့်အဖွဲ့များဖြစ်ပြီး ထိခိုက်မှု မည်သို့ရှိသည်ကိုမူ ‌ကေအိုင်စီက အ‌သေးစိတ် မသိရှိရ‌သေး ဘဲ စုံစမ်းဆက်သွယ်‌နေဆဲ ဖြစ်သည်။