Home ထိပ်တန်းသတင်း ‌ကေအဲန်ယူမိုင်းနင်းမိ၍ အရပ်သားတစ်ဦး ‌သေဆုံးဟု အစိုးရသတင်းထုတ်ပြန်

‌ကေအဲန်ယူမိုင်းနင်းမိ၍ အရပ်သားတစ်ဦး ‌သေဆုံးဟု အစိုးရသတင်းထုတ်ပြန်

1672
စက်တင်ဘာလ ၂၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ပဲခူးတိုင်း‌ဒေသကြီး၊ ‌ရွှေကျင်မြို့နယ်၊ ဝါး‌တောကြီးရွာသား‌ကျေးရွာသားတစ်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ရက်‌နေ့က ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များ ‌ထောင်ထား‌သော မိုင်းတစ်လုံး တက်နင်းမိ၍ ပွဲချင်းပြီး ‌သေဆုံးခဲ့သည်ဟု ယမန်‌နေ့ထုတ် အစိုးရပိုင် ‌ကြေးမုံသတင်းစာတွင် ပါရှိသည်။

အစိုးရပိုင် ‌ကြေးမုံသတင်းစာ‌ဖော်ပြချက်အရ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ရက်‌နေ့ ည‌နေ ၃နာရီခန့်တွင် ဝါး‌တောကြီး ရွာသား နှစ်ဦးဖြစ်သည့် ကိုချစ်ထွန်းနှင့် ကိုစစ်နိုင်တို့သည် ရွာ၏ အ‌ရှေ့ဘက် နှစ်မိုင်ခန့်အကွာတွင် ဝါးခုတ်‌နေစဉ် ‌ကေအဲန်ယူတပ်ဖွဲ့ ဝင်များ ‌ထောင်ထား‌သော မိုင်းတစ်လုံးနင်းမိ၍ ကိုစစ်နိုင် ၂၇နှစ်၏ ဘယ်‌ခြေချင်းဝတ်မှ ပြတ်သည့်အပြင် ‌မေး‌စေ့‌အောက် မိုင်းစ ‌ဖောက်ဝင်ဒဏ်ရာရှိပြီး ‌နေရာ၌ပင် ပွဲချင်းပြီး ‌သေဆုံးခဲ့သည်ဟု ‌ဖော်ပြထားသည်။

အဆိုပါ သတင်း‌ဖော်ပြချက်အ‌ပေါ် ကရင်အမျိုးသားအစည်းအရုံး‌ကေအဲန်ယူ၏ ဒုဥက္ကဌ ‌စော‌ဒေးဗစ်သက‌ဘောက ၎င်းတို့ ‌ကေအဲန်ယူတပ်ဖွဲ့၏ လက်ချက်မဟုတ်‌ကြောင်း ငြင်းဆိုလိုက်ပြီး အစိုးရစစ်တပ်က ရွာသားများ မ‌နေနိုင်‌အောင် ရည်ရွယ်ချက် ရှိရှိ မိုင်း‌ထောင်ခြင်းသာဖြစ်သည်ဟု တုံ့ပြန်‌ပြောဆိုသည်။

၎င်းက “‌ကေအဲန်ယူမှာက အရပ်သား‌တွေ သွား‌နေတဲ့‌နေရာ၊ အရပ်သား‌တွေ ဝါးခုတ်၊ ထင်းခုတ်တဲ့‌နေရာ‌တွေကို မိုင်း လုံးဝ မ‌ထောင်ရဘူးဆိုပြီး‌တော့ စည်းကမ်းသတ်မှတ်ချက်ရှိတယ်။ ဒါမျိုး‌နေရာ‌တွေမှာ ‌ထောင်တာ အစိုးရစစ်တပ်ကပဲ များတယ်။ ဆို လိုချင်တာက ရွာသား‌တွေ မ‌နေနိုင်‌အောင် လုပ်‌ဆောင်တာဖြစ်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ရွာသား‌တွေ လုပ်ကိုင်စား ‌သောက်နိုင်ရင် သူပုန်အဖွဲ့‌တွေ အခွန်‌ကောက်မယ်။ အဲသလို တွက်ချက်မှုမျိုးနဲ့ မိုင်း‌ထောင်တာဖြစ်တယ်။”ဟု ‌ပြောသည်။

၎င်းအပြင် လက်ရှိ မြန်မာအစိုးရသည် စည်းကမ်းရှိသည့် ဒီမိုက‌ရေစီအစိုးရဟု ‌ကြွေး‌ကြော်‌နေ‌သော်လည်း ယခင် စစ်အစိုးရအ တိုင်းသာ တိုင်းရင်းသားလူမျိုးစုများ ခုခံ‌တော်လှန်စစ်ကို အကြမ်းဖက်‌သောင်းကျန်းသူများအဖြစ် အမြစ်ပြတ်‌ချေမှုန်း‌ရေးစသည့် လမ်းစဉ်အတိုင်း လုပ်‌နေဆဲဖြစ်သည်ဟု ‌ကေအဲန်ယူ ဒုဥက္ကဌက ‌ပြောသည်။

အလားတူ ယ‌နေ့ထုတ် ‌ကြေးမုံသတင်းစာ၌ပင် ကချင်ပြည်နယ်၊ ဝိုင်း‌မော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲ ‌ဈေးတန်းသို့ ကချင်လွတ် ‌မြောက်‌ရေးအဖွဲ့(KIA)က စက်တင်ဘာလ ၂၂ရက် မနက် ၃နာရီ ခန့်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ လက်ပစ်ဗုံးဖြင့် ပစ်‌ပေါက်ခဲ့သည့်အတွက် အသက် ၄၃နှစ်အရွယ် ကချင်အမျိုးသမီး ‌ဒေါ်မရှီ‌ကော့မှာ လက်နက်ငယ် ထိမှန်သည့်ဒဏ်ရာဖြင့် ‌သေဆုံးသွားခဲ့သည်ဟု ‌ဖော်ပြထားသည်။

မြန်မာအစိုးရသည် ယခင်က ‌ကေအဲန်ယူကိုသာ ‌သောင်းကျန်းသူဟု ‌ခေါ်‌ဝေါ်သတ်မှတ်ခဲ့‌သော်လည်း ဇူလိုင်လကတည်းက အပစ်ရပ်မှု ပျက်ပြားခဲ့သည့် ‌ကေအိုင်‌အေကိုလည်း ယခုဆိုလျှင် ‌သောင်းကျန်းသူအဖျက်သမားဟု သတင်း‌ရေးသား ‌ဖော်ပြ လာခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)သည် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိ‌ရေးအတွက် ၁၉၄၉ခုနှစ်မှစ၍ ယ‌နေ့အချိန်ထိ မြန်မာ အစိုးရ အဆက်ဆက်ကို ခုခံ‌တော်လှန်‌နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည်။