Home ထိပ်တန်းသတင်း အ‌မေရိကန်က ဒုက္ခသည် တစ်‌သောင်း ‌ခေါ်ယူမည်

အ‌မေရိကန်က ဒုက္ခသည် တစ်‌သောင်း ‌ခေါ်ယူမည်

2089
စက်တင်ဘာလ ၂၂ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

အ‌မေရိကန်အစိုးရက ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် တစ်‌သောင်းခန့်ကို တတိယနိုင်ငံတွင် အ‌ခြေချ‌နေထိုင်ခွင့် အစီ အစဉ်ဖြင့် ယခုနှစ်အတွင်း ‌ခေါ်ယူမည်ဟု ထိုင်းနိုင်ငံထုတ် The Nation သတင်းစာ၌ ယ‌နေ့ ‌ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဘန်‌ကောက်အ‌ခြေစိုက် အ‌မေရိကန်သံအမတ် ခရစ္စတီးကန်နီ(Kristie Kenney)က ထိုင်း-မြန်မာနယ်စပ် ရတ်ချဘူရီခရိုင် စွန်ဖုမြို့နယ်အတွင်းရှိ ထမ်းဟင်စခန်း၏ အ‌ခြေအ‌နေကို ယမန်‌နေ့က သွား‌ရောက်ကြည့်ရှုအပြီး ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒုက္ခသည်စခန်းများထဲရှိ လူမှုဘဝအ‌ခြေအ‌နေမှန်ကို နားလည်‌ကြောင်း ၎င်းက ‌ပြောသည်။ ထို့အပြင် စခန်းအတွင်းရှိ လူများသည် “ယခုကဲ့သို့ အမြဲ‌နေထိုင်ရန် မဖြစ်နိုင်‌ကြောင်း” The Nation သတင်းက သံအမတ်ကြီးကို ကိုးကား၍ ‌ဖော် ပြထားသည်။

အ‌မေရိကန်သံအမတ်ကြီးက ထမ်းဟင်စခန်း ခရီးစဉ်အပြီး ယခုလို သတင်းထွက်‌ပေါ်လာ‌သော်လည်း ထမ်းဟင်စခန်းမှ လူမှု‌ရေးတာဝန်ခံ ‌စော‌မောင်ပြာက သူ့အ‌နေဖြင့် တရားဝင် အစီအစဉ် မကြားသိရ‌သေး‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြော သည်။

“မ‌နေ့က သံအမတ်က စခန်းကိုလာတာ ‌ဆေးခန်း၊ စာသင်‌ကျောင်းနှင့် လူ‌နေအိမ်‌တွေကို ကြည့်ရှု‌လေ့လာခဲ့တယ်။ တတိယနိုင်ငံ ခိုလှုံခွင့်ကိစ္စ‌တော့ ‌ပြောမသွားဘူး။”ဟု ‌ပြောသည်။

ထမ်းဟင်စခန်းမှ အ‌မေရိကန်နိုင်ငံသို့ အ‌ခြေချ‌နေထိုင်ခွင့် အစီအစဉ်ဖြင့် ‌ရောက်ရှိသွားသူ ဦး‌ရေ ၆‌ထောင်ခန့်ရှိပြီ ဖြစ် သည်။ လက်ရှိ စခန်းအတွင်း ‌နေထိုင်သူ ၈‌ထောင် ဝန်းကျင်ရှိ‌နေ‌သေးသည်ဟု သိရသည်။

တတိယနိုင်ငံသို့ မသွား‌ရောက်ပဲ ဒုက္ခသည် စခန်းများအတွင်း ကျန်ရှိ‌နေသူများကို ဆက်လက် ကူညီ‌ပေးသွားမည်ဟု လည်း အ‌မေရကန် သံအမတ်ကြီးက The Nation ကို ‌ပြောသည်။ အ‌မေရိကန်နိုင်ငံသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခ သည်စခန်းများကို တစ်နှစ်လျှင် အ‌မေရိကန်‌ဒေါ်လာ ၄၂ သန်း ကူညီလျှက်ရှိသည်။

Photo-KIC (Kristie Kenney မတ်လက မယ်‌တော်‌ဆေးခန်း‌ရောက်ရှိစဉ်က)

ကရင်ဒုက္ခသည်များ‌ကော်မတီ-KRC ၏ ‌မြောက်ပိုင်းတာဝန်ခံ ‌စောတူးတူးက “ဒုက္ခသည်‌တွေကို ဒီထက် ‌ခေါ်နိုင်ရင် ‌ကောင်းတယ်။ အခု စခန်း‌တွေထဲမှာ ရတဲ့ အ‌ထောက်အပံ့က နည်းလာ‌တော့ လူ‌တွေ တတိယနိုင်ငံသွားရင် ကျန်တဲ့သူ နည်းနည်း သက်သာမယ်။”ဟု ‌ပြောသည်။

ဒုက္ခသည်စခန်းများကို ပုံမှန်ကူညီ‌ပေး‌နေသည့် ပြည်ပအ‌ထောက်အပံ့တချို့ ၂၀၁ဝခုနှစ်မှစ၍ ဖြတ်‌တောက်ခံခဲ့ရသည်။

အ‌မေရိကန်အစိုးရသည် ၂၀၀၆ခုနှစ်မှစ၍ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် ၆‌သောင်း‌ကျော်ကို ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR အစီအစဉ်မှတဆင့် ‌ခေါ်ယူလက်ခံခဲ့ပြီ ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်တ‌လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ်းဟင်၊ ဘန့်ဒုံယမ်း စသည့် ကရင်ဒုက္ခသည် စခန်း ၇ခုနှင့် ကရင်နီစခန်း အမှတ်(၁)၊ အမှတ်(၂) အပါအဝင် ဒုက္ခသည်စခန်း ၉ခု ရှိပြီး လူဦး‌ရေ တစ် သိန်း‌ကျော် ရှိသည်ဟု သိရသည်။