Home ထိပ်တန်းသတင်း အပစ်ရပ်‌ရေးနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ကို မွန်အမျိုးသားဒီမိုက‌ရေစီအဖွဲ့မှ လိုလား

အပစ်ရပ်‌ရေးနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ကို မွန်အမျိုးသားဒီမိုက‌ရေစီအဖွဲ့မှ လိုလား

1766
စက်တင်ဘာလ ၂၈ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

မြန်မာနိုင်ငံ၏ တိုင်းရင်းသား‌ဒေသများရှိ ထိုးစစ်များ အမြန်ဆုံးရပ်ရန်နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး အ‌ဖြေရှာမှုများ ပြုလုပ်ရန် မွန်အမျိုး သားဒီမိုက‌ရေစီအဖွဲ့(လွတ်‌မြောက်နယ်‌မြေ) MNDF(LA)မှ လိုလား‌ကြောင်း ယ‌နေ့ကျ‌ရောက်သည့် ၎င်းအဖွဲ့ ဖွဲ့စည်းတည် ‌ထောင်ခြင်း ၃နှစ်ပြည့် အထိမ်းအမှတ်‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန်‌တောင်းဆိုလိုက်သည်။

MNDF (LA) ၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး နိုင်ဥဿာက “တိုက်ပွဲဖြစ်ရင် အဓိက ‌ဒေသခံ‌တွေပဲ ထိခိုက်နစ်နာသလို နိုင်ငံတိုး တက်ဖွံ့ဖြိုး‌ရေးကိုလည်း အဟန့်အတား ဖြစ်‌စေတဲ့အတွက် ကျ‌နော်တို့က အစိုးရစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့‌တွေ နှစ်ဖက်စ လုံးကို အပစ်ရပ်ဖို့ ‌တောင်းဆိုတာဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

မဟာမိတ်များနှင့် ဆက်သွယ်ဆက်ဆံ‌ရေး၊ တိုင်းရင်းသားအင်အားစုများနှင့် ပူး‌ပေါင်း‌ဆောင်ရွက်‌ရေးတို့ကို အ‌ခြေခံပြီး ၁၉၉ဝခု နှစ် ‌ရွေး‌ကောက်ပွဲရလဒ်ကို လက်ကိုင်ထားဆဲဖြစ်‌ကြောင်း MNDF (LA) ၏ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

MNDF (LA) သည် တိုင်းရင်းသားနိုင်ငံ‌ရေးအဖွဲ့များ စု‌ပေါင်းထားသည့် UNA (UNLD), UNFC ၊ မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည် ဦး‌ဆောင်‌သော NLD၊ ဒီမိုက‌ရေစီအင်အားစုများနှင့် လက်ရှိ အာဏာရ‌နေသည့် အစိုးရတို့မှ ‌တွေ့ဆုံ ‌ဆွေး‌နွေးခြင်းနည်းဖြင့်သာ နိုင်ငံ‌ရေးအခက်အခဲကို ‌ဖြေရှင်းနိုင်မည်ဖြစ်သလို အပစ်အခတ် ရပ်စဲ‌ရေး၊ အဆင့်ဆင့် ‌တွေ့ဆုံ‌ဆွေး ‌နွေး‌ရေးပြီးမှသာ ထာဝရ ငြိမ်းချမ်း‌ရေးကိုတည်‌ဆောက်နိုင်မည်ဟု ယုံကြည်ထားသည်။

နိုင်ဥဿာက “လက်ရှိအစိုးရအ‌ပေါ်မှာ ကျ‌နော်တို့ ‌လေ့လာအကဲခတ်‌နေတုန်းပါ။ အရင်ကဆို အ‌ပြောနဲ့ အလုပ် မညီတာ‌တွေ ရှိခဲ့‌တော့ အခု တက်လာတဲ့ အစိုးရကလည်း အ‌ပြောမှာ‌တော့ အ‌တော်‌ကောင်း‌နေပြီ။ အလုပ်ဖြစ်တာ သိပ်မမြင်ရ‌သေး‌တော့ ဒါ ကို ‌စောင့်ကြည့်‌နေတာ ဖြစ်ပါတယ်။”ဟု ဆိုသည်။

လက်ရှိ အစိုးရအ‌နေဖြင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနှင့် ကမ္ဘာက လက်ခံ‌သော အစိုးရတစ်ရပ်ဖြစ်ရန် ယခင် ၁၉၉ဝ ပြည့်နှစ်‌ရွေး‌ကောက်ပွဲ၊ ယခု မြစ်ဆုံ‌ရေအား လျှပ်စစ်ထုတ်လုပ်‌ရေး ‌ရေကာတာတည်‌ဆောက်‌ရေး စီမံကိန်းနှင့် ထိန်းသိမ်းဖမ်း ဆီးထားဆဲဖြစ်‌သော နိုင်ငံ‌ရေးအကျဉ်းသားများ လွှတ်‌ပေး‌ရေးကိစ္စများကို ပြန်လည်သုံးသပ်ကာ အများသ‌ဘောထားနှင့်အတူ မှန်ကန်စွာ အချိန်မှီ ဆုံးဖြတ်ရန်လို‌ကြောင်း MNDF (LA) က ‌ထောက်ပြ‌ပြောဆိုလိုက်သည်။

MNDF (LA) အ‌နေဖြင့် သုံးနှစ်တာ ကာလအတွင်း မွန်လူထုအတွင်း စည်းရုံး‌ရေးနည်းကို အားပြုလုပ်‌ဆောင်ခဲ့သလို တိုင်းရင်း သား အချင်းချင်း ရသင့်ရထိုက်သည့် အခွင့်အ‌ရေးများ ရှင်းလင်း‌ပြောဆိုခြင်းအပြင် တိုင်းရင်းသားများနှင့် ဒီမိုက‌ရေစီအင်အားစု များ ပူး‌ပေါင်း‌ဆောင်ရွက်ရန်၊ စစ်မှန်သည့် ဖယ်ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်း‌ရေး စု‌ပေါင်းလုပ်‌ဆောင်ကြရန် ‌ရှေ့လုပ်ငန်းစဉ် ချ မှတ်ထားသည်ဟု နိုင်ဥဿာက ‌ပြောဆိုသည်။

၂၀၀၈ခုနှစ်၊ စက်တင်ဘာလ ၂၈ရက်‌နေ့တွင် ထိုင်း-မြန်မာနယ်စပ်၌ စတင် ဖွဲ့စည်းခဲ့ပြီး ပြည်ပဌာနခွဲ ၉ခုထားရှိသည့် MNDF (LA) သည် ၁၉၈၈ခုနှစ်၊ မြန်မာနိုင်ငံလုံး ဒီမိုက‌ရေစီ‌ရေး ‌တောင်းဆိုမှု အ‌ရေး‌တော်ပုံကြီးအတွင်း မွန်အမျိုးသားထုကို နိုင်ငံ‌ရေး ဦး‌ဆောင်မှု‌ပေးရန် မွန်အမျိုးသားတစ်သိန်း‌ကျော်၏ ‌တောင်းဆိုမှုအရ ဖွဲ့စည်းခဲ့‌သော မွန်အမျိုးသားဒီမိုက‌ရေစီအဖွဲ့၏ သ‌ဘော ထားအတိုင်း ဖယ်ဒရယ်ပြည်‌ထောင်စု ‌ပေါ်‌ပေါက်သည်အထိ ချီတက်သွားမည်ဟု ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။