Home ထိပ်တန်းသတင်း အစိုးရ ဒု-တိုင်းမှူးနှင့် BGF ‌ဆွေး‌နွေးမှု ကရင်တပ်များကို ထိုးစစ်ဆင်‌ရေးအတွက်လား

အစိုးရ ဒု-တိုင်းမှူးနှင့် BGF ‌ဆွေး‌နွေးမှု ကရင်တပ်များကို ထိုးစစ်ဆင်‌ရေးအတွက်လား

1902
စက်တင်ဘာလ ၂ဝရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

မြန်မာအစိုးရ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်၊ ဒု တိုင်းမှူး ဗိုလ်မှူးချုပ်‌ဇော်မင်းသည် စက်တင်ဘာ ၁၇ရက်‌နေ့က ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့တွင် ကရင်နယ်ခြား‌စောင့်တပ်-BGF ‌ခေါင်း‌ဆောင်တချို့နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့‌ကြောင်း သိရသည်။

Photo-KIC (နယ်ခြား‌စောင့်တနှစ်ပြည့့် အခမ်းအနားတွင် လူထုနှင့် နှုတ်ဆက်သည့် ဗိုလ်မှူးချုပ်‌ဇော်မင်း)

ထို‌ဆွေး‌နွေးမှုသည် အစိုးရစစ်တပ်က နယ်‌မြေစိုးမိုးနိုင်‌ရေးအတွက် ထိုးစစ်ဆင်ရန် BGF ကို လာ‌ရောက် စည်းရုံးခြင်းဖြစ်နိုင် သည်ဟု တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA ပြန်ကြား‌ရေးတာဝန်ခံ ဗိုလ်မှူး‌စောလိုးလိုက ‌ကေအိုင် စီသို့ ‌ပြောသည်။

“သူတို့(အစိုးရ)က မြဝတီမြို့နယ်မှာရှိတဲ့ ချူကလီးကို မြို့နယ်ခွဲအဖြစ် လုပ်‌နေတဲ့အခါကျ‌တော့ (သူတို့မှာ) နယ်‌မြေစိုးမိုးမှုရှိဖို့ လိုအပ်တယ်။ ထိုးစစ်လုပ်မယ်ဆိုရင် အဲဒီကိစ္စ‌ကြောင့် ဖြစ်နိုင်တယ်။”ဟု သူက ဆက်‌ပြောသည်။ ကရင်ပြည်နယ် မြဝတီမြို့နယ် အတွင်းရှိ ချူကလီး‌ဒေသကို မြို့နယ်ခွဲအဖြစ် အဆင့်တိုးမြှင့်တည်‌ထောင်ရန် ယခင် စစ်အစိုးရလက်ထက် ၂၀၁ဝပြည့်နှစ်က တည်းက စတင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ဒုတိုင်းမှူး၏ ခရီးစဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး-KNU ဒု ဥက္ကဌ ပဒို ‌စော‌ဒေးဗစ်သာက‌ဘောကလည်း “သူတို့ (အစိုးရ)က ကရင်အချင်းချင်း ပြန်တိုက်ဖို့အတွက် လာ‌ဆွေး‌နွေးတာပဲ။ ကျ‌နော်တို့ ကရင်အချင်းချင်းကို သူတို့ အမျိုးမျိုးနဲ့ ‌သွေး ခွဲတဲ့သ‌ဘော ဖြစ်တယ်။”ဟု သုံးသပ်သည်။

မြန်မာအစိုးရသည် လာမည့်နှစ် ‌ဖေ‌ဖော်ဝါရီလတွင် ‌ကေအဲန်ယူ ထိန်းချုပ်ထားသည့် တပ်မဟာနယ်‌မြေများကို ထိုးစစ်ဆင်မည် ဆိုသည့်သတင်းများ ရထား‌ကြောင်းလည်း သူက ဆက်‌ပြောသည်။

လက်ရှိအ‌ခြေအ‌နေအရ ကရင်ပြည်နယ်၊ မြဝတီနှင့် ‌ကော့ကရိတ်မြို့နယ်များအတွင်း လှုပ်ရှား‌နေသည့် အစိုးရတပ်များနှင့် နယ် ‌မြေခံ KNU၊ DKBA တပ်များအကြား တိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွား‌နေ‌သော်လည်း အစိုးရဘက်က ထိုးစစ်တရပ် ချက် ချင်း ဆင်နွဲမည့် အရိပ်လက္ခဏာများ မ‌တွေ့ရ‌သေးဟု DKBA က ‌ပြောသည်။

မြန်မာအစိုးရတပ်များသည် မိုးရာသီအကုန် ပွင့်လင်းရာသီဖြစ်သည့် နိုဝင်ဘာလမှ ‌မေလအထိ KNU ထိန်းချုပ်နယ်‌မြေများကို ထိုးစစ်ဆင်‌လေ့ရှိသည်။

မြဝတီနှင့် ‌ကော့ကရိတ်မြို့နယ်အတွင်း၌ အစိုးရ စစ်ဆင်‌ရေးကွပ်ကဲမှု ဌာနချုပ်-စကခ(၁၂)လက်‌အောက်ခံ အ‌မြောက်တပ် တပ်ရင်းတစ်ရင်း အပါအဝင် ‌ခြေလျင်တပ်ရင်း ခလရ(၉၇)၊ (၂၃၀)၊ (၂၃၁)၊ (၃၅၅)နှင့် (၄၅၆)တပ်ရင်းများ လှုပ်ရှားလျက်ရှိ သည်။