Home ထိပ်တန်းသတင်း မူးယစ်တရားခံများမှာ မြန်မာအစိုးရ၏ ပူး‌ပေါင်းကြံစည်မှုဟု KNU ရှင်းလင်းချက်ထုတ်ပြန်

မူးယစ်တရားခံများမှာ မြန်မာအစိုးရ၏ ပူး‌ပေါင်းကြံစည်မှုဟု KNU ရှင်းလင်းချက်ထုတ်ပြန်

1507
စက်တင်ဘာလ ၁၄ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ထိုင်း ASTV နှင့် Manager online မဂ္ဂဇင်းပါ သတင်းအရ ထိုင်းအာဏာပိုင်များ ဖမ်းဆီးမိသူ မူးယစ်တရားခံနှစ်ဦးက မိမိတို့ သည် KNU များဖြစ်သည်ဟု ထွက်ဆိုချက်မှာ မြန်မာအစိုးရနှင့် ၎င်းတို့၏ လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်များ၏ ညစ်ညမ်း သည့် ပူး‌ပေါင်းကြံစည်မှုဖြစ်‌ကြောင်း KNU ဗဟိုဌာနချုပ်က ယ‌နေ့ ‌နေ့စွဲဖြင့် သတင်းထုတ်ပြန်ကာ ရှင်းလင်း‌ပြောဆိုလိုက်သည်။

အသက် ၃၀‌ကျော်အရွယ်ရှိ အဆိုပါ မူးယစ်တရားခံနှစ်ဦးကို ထိုင်းနိုင်ငံ၊ မဲ့ကု‌ကျေးရွာအနီးတွင် ‌ကျေးရွာလူကြီးများနှင့် နယ်စပ် ထိုင်းရဲအချို့က စက်တင်ဘာလ ၉ရက်‌နေ့တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး မိမိတို့သည် “မင်းကြီးမိန်း”တပ်ရင်းမှ KNU အဖွဲ့ဝင်များ ဖြစ်‌ကြောင်း ထိုင်းအာဏာပိုင်များကို ထုတ်‌ဖော်‌ပြောဆိုချက်မှာ မမှန်ကန်‌ကြောင်းနှင့် KNU တွင် ၎င်းတပ်ရင်း အမည်မရှိ ‌ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘောက “ထိုင်းသတင်း‌ဖော်ပြချက်‌တွေမှာ တရားခံ‌တွေရဲ့ ‌ပြောဆိုချက်‌တွေက ‌ကေအဲန်ယူကို နာမည်ပျက်‌အောင် ‌ပြောဆိုတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ကြံမှု‌တွေပါပဲ။ ကျ‌နော်တို့ ‌ကေအဲန်ယူ ‌ပေါ်လစီအရ မူး ယစ်‌ဆေးဝါး ထုတ်လုပ်တာ၊ ‌ရောင်းဝယ်တာနဲ့ သုံးစွဲတာ‌တွေကို လူသားမျိုးနွယ်စုအ‌ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime against Humanity) လို့ သတ်မှတ်ထားပါတယ်။ ဒီလူ‌တွေဟာ မြန်မာအစိုးရတပ်‌တွေနဲ့ သူတို့နဲ့ ပူး‌ပေါင်းထားတဲ့ နယ်ခြား ‌စောင့်တပ်‌တွေရဲ့ လုပ်ရပ်ပါပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောဆိုခဲ့သည်။

ထိုင်းရုပ်မြင်သံကြား၊ အွန်လိုင်းမဂ္ဂဇင်းတွင် ၉-မမ တစ်လက်နှင့် ကျည်ဆံများ၊ လက်ကိုင်ဖုန်း ၂လုံး၊ အခြား‌ပေါက်ကွဲပစ္စည်းအ ချို့ အပါအဝင် စိတ်ကြွ‌ဆေး ၁၂ပြားနှင့်အတူ ထိုင်းအာဏာပိုင်များ ဖမ်းဆီးမိသည့် ၎င်းတရားခံနှစ်ဦးမှာ ထိုင်း-မြန်မာနယ်စပ်ရှိ ‌သောင်ရင်းမြစ်ကို ဖြတ်ကူးဝင်‌ရောက်လာခြင်းဖြစ်ပြီး အဖမ်းခံရချိန်တွင် မူးယစ်‌ဆေးဝါး သုံးစွဲထား‌ကြောင်းလည်း သတင်း‌ဖော် ပြထားသည်။

KNU က အဆိုပါ မူးယစ်တရားခံနှစ်ဦးမှာ မြန်မာစစ်တပ် လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များဖြစ်‌ကြောင်း စုံစမ်းသိရှိရ ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ‌မှေးမှိန်သွား‌အောင် ကြံစည်လုပ်‌ဆောင်ခြင်းသာဖြစ်ပြီး ၎င်းမှာ စစ်တပ်‌နောက်ခံထား သည့် ကြံ့ဖွံ့အစိုးရ ပါဝင်ပတ်သက်သည့် ဆိုးဝါး‌သော ပူး‌ပေါင်းကြံစည်မှုဖြစ်သည်ဟု ဆိုသည်။

မြန်မာအစိုးရသည် ပြည်တွင်းစစ် ‌ရေရှည်ဖြစ်‌အောင် လုပ်‌ဆောင်‌နေသည့်အပြင် တိုင်းရင်းသားများအား ရှင်းလင်းခြင်း၊ မူးယစ် ‌ဆေးဝါး‌ရောင်းဝယ်မှုဖြင့် ရန်ပုံ‌ငွေရှာခြင်း၊ တိုင်းပြည်တွင်းရှိ လူငယ်များကို ပျက်စီး‌စေခြင်းများကို ယခင် မူဝါဒအတိုင်း ပြုလုပ် လျက်ရှိသည်ဟု KNU က ဆိုသည်။

Photo-ASTV (ဖမ်းဆီးခံရသည့် တရားခံနှစ်ဦးနှင့် ထိုင်းအာဏာပိုင်များ)

သို့‌သော် KNU သည် ၎င်းတို့၏ ‌ပေါ်လစီအရ မူးယစ်‌ဆေးဝါး ထုတ်လုပ်၊ ‌ရောင်းဝယ်မှုကို လူသားဖြစ်မှုကို ဆန့်ကျင်သည့် ရာဇ ဝတ်မှု(Crime against Humanity)အဖြစ် သတ်မှတ်ထားသလို ပြစ်မှုကျူးလွန်သူများကိုလည်း ကြီး‌လေးသည့် ပြစ်ဒဏ်စီရင် ‌လေ့ရှိ‌ကြောင်းလည်း ‌ပြောဆိုထားသည်။

လက်ရှိအချိန်တွင် ဦးသိန်းစိန် အစိုးရအ‌နေဖြင့် သူ၏အ‌ပေါင်းပါများက လာဘ်စားမှု၊ ဆင်းရဲမွဲ‌တေမှု တိုက်ဖျက်ရန်နှင့် ပြည် တွင်းစစ်အဆုံးသတ်ရန် ‌ပြောဆို‌နေ‌သော်လည်း ပွင့်လင်းရာသီတွင် ‌ဆောင်ရွက်မည့် ထိုးစစ်အတွက် လိုအပ်သည့် လက်နက် များကို လျှို့ဝှက်စွာ ဝယ်ယူ‌နေသည်ဟု KNU ၏ ရှင်းလင်းချက်တွင် ထည့်သွင်း‌ဖော်ပြထားသည်။

၎င်းမူးယစ်တရားခံနှစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးမိသည့် ထိုင်း-မြန်မာနယ်စပ်‌နေရာသည် BGF အကြံ‌ပေး ဗိုလ်မှူးကြီး ‌စောချစ်သူ၏ လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်များ ဝင်ထွက်သွားလာ‌နေသည့် လမ်း‌ကြောင်းတစ်ခုဖြစ်ပြီး ၎င်းတို့မှာ မြဝတီ မြို့နယ်၊ ‌ရွှေကုက္ကို‌ကျေးရွာမှ နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များဖြစ်သည်ဟု နယ်ခြား‌စောင့်တပ်နှင့် နီးစပ်သူများ၏ အ‌ပြောအရ သိရ သည်။