Home ထိပ်တန်းသတင်း မိုးကြီးကာ ‌ရေစီးသန်မှု‌ကြောင့် မယ်လဒုက္ခသည်နှစ်ဦး ‌ရေနစ်‌သေဆုံး

မိုးကြီးကာ ‌ရေစီးသန်မှု‌ကြောင့် မယ်လဒုက္ခသည်နှစ်ဦး ‌ရေနစ်‌သေဆုံး

1882
စက်တင်ဘာလ ၁၄ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းတွင် ထီးနူ‌ချောင်း(‌ရေဝင်‌ချောင်း) ‌ရေစီးသန်မှု‌ကြောင့် စက်တင်ဘာလ ၁၂ရက်‌နေ့က ဒုက္ခသည် ၂ဦး ‌ရေနစ်‌သေဆုံးသွားခဲ့သည်ဟု စခန်းတွင်း‌နေထိုင်သူများ၏ ‌ပြောပြချက်အရ သိရသည်။

ယခု ရက်သတ္တပတ်အတွင်း မိုးများ ဆက်တိုက် ရွာသွန်း‌နေမှု‌ကြောင့် စခန်းတွင်းရှိ ထီးနူ‌ချောင်း ‌ရေစီးအားသန်ချိန်တွင် ဆယ် တန်း‌ကျောင်းသား ‌စောပီခ‌လေး ၁၉နှစ်မှာ ‌ချောင်းဖြတ်ကူးသွားရင်း ‌ရေနစ်မြုပ်ကာ ‌သေဆုံးသွားခဲ့‌ကြောင်း မယ်လစခန်း လုံခြုံ ‌ရေးမှူး ‌စောအားမူက ‌ကေအိုင်စီကို ‌ပြောသည်။

“ပြီးခဲ့တဲ့ ၁၁ရက်‌နေ့က စခန်းထဲမှာ မိုးကြီးပြီး ‌ရေစီးပိုသန်လာတယ်။ ‌ရေစီးကလည်း သန်‌နေတုန်း ‌နေ့လည် ၂နာရီ‌လောက်မှာ C1A ရပ်ကွက်က ‌စောပီခ‌လေးဟာ သူ့သူငယ်ချင်းနဲ့အတူ ‌ချောင်းဖြတ်ကူးတာ ‌ရေကလည်းသန်‌နေ၊ သူကလည်း ‌ရေမကူး တတ်‌တော့ ‌ရေနစ်သွားတယ်။ သူ့အ‌ဖော်က အသက် ၁ဝနှစ်‌လောက်ပဲ ရှိ‌ပေမဲ့ ‌ရေကူးတတ်‌တော့ လွတ်သွားတယ်။ ဒါကိုမြင်တဲ့ သူ ရှိ‌ပေမဲ့ ‌ဆော့‌နေကြတယ်ထင်ပြီး တ‌ယောက်မှ ဂရုမစိုက်မိကြဘူး။”ဟု ‌ပြောသည်။

အလားတူ အသက် ၅၄နှစ်အရွယ်ရှိ ‌စောဖားပနာ့သည် စက်တင်ဘာလ ၁၂ရက်‌နေ့ ည ၈နာရီခွဲတွင် တံတား‌ပေါ်မှပြုတ်ကျပြီး ‌ချောင်း‌ရေတွင် ‌မျောပါသွားကာ ‌သေဆုံးသွား‌ကြောင်း ၎င်း၏ မိသားစုဝင်တဦးက ယခုလို ‌ပြောပြသည်။

“အဲဒီ‌နေ့က သူ အစားအ‌သောက်(ဖာက‌ဖောင်း) သွားဝယ်တယ်။ အရက်လည်း နဲနဲမူး‌နေတယ်နဲ့ တူတယ်။ B5 ရပ်ကွက်မှာရှိတဲ့ တံတား‌ပေါ်လည်း တက်‌ရော ‌ခြေ‌ချော်ပြီး ‌ချောင်းထဲပြုတ်ကျသွားတယ်။ ‌ရေစီးကလည်း အရမ်းသန်‌နေ‌တော့ အနီးမှာရှိတဲ့လူ ‌တွေလည်း ဘယ်သူမှ သူ့ကို မကယ်နိုင်ကြဘူး။ အဲဒီအချိန်ကစပြီး သူ့အ‌လောင်းကိုလည်း ခုထိ မ‌တွေ့‌တော့ဘူး။”ဟု ဆိုသည်။

ထိုသို့ ‌ရေစီးသန်ကာ ‌ချောင်း‌ရေမြင့်တက်လာသည့်အတွက် စခန်းအတွင်းရှိ လူ‌နေအိမ်များ ပျက်စီးဆုံးရှုံးမှု မရှိ‌သော်လည်း ‌ချောင်းအနီးရှိ ဒုက္ခသည်များ၏ ‌မွေးမြူ‌ရေးဝက်ခြံများ ပြိုကျကာ ဝက်‌ကောင်‌ရေအချို့လည်း ‌ချောင်း‌ရေနှင့်အတူ ‌မျောပါသွားခဲ့ သည်ဟု သိရသည်။

လက်ရှိအချိန်တွင် စခန်းအတွင်း၌ ‌ရေများ ပြန်လည် ‌လျော့ကျသွားပြီဖြစ်‌သော်လည်း ‌စောဖားပနာ့၏ အ‌လောင်းကို ယ‌နေ့အထိ စခန်းတာဝန်ရှိသူများက ရှာ‌ဖွေ‌နေဆဲဖြစ်သည်ဟု မိသားစုဝင်များက ‌ပြောသည်။

Photo-KIC (‌နွေရာသီက မယ်လစခန်းတွင်းရှိ စမ်း‌ချောင်း‌လေးမှ ဒုက္ခသည်မိန်းက‌လေးအချို့)

မယ်လဒုက္ခသည်စခန်းတွင် ဇုံ A, B, C ဟူ၍ သတ်မှတ်ထားပြီး ရပ်ကွက်‌ပေါင်း ၂၂ခုရှိရာ ယခင်က ‌ရေကြီးခြင်း၊ ‌ရေစီးသန်ခြင်း များ ရှိခဲ့‌သော်လည်း ဒုက္ခသည်များ ‌ရေ‌မျော‌သေဆုံးမှုမှာ ယခုတကြိမ်သည် ပထမဦးဆုံးဖြစ်‌ကြောင်း ‌စောအားမူက ဆိုသည်။