Home ထိပ်တန်းသတင်း ဖလုံ-စ‌ဝေါ်ပါတီ ဂျာနယ် ထုတ်‌ဝေ‌တော့မည်

ဖလုံ-စ‌ဝေါ်ပါတီ ဂျာနယ် ထုတ်‌ဝေ‌တော့မည်

2112
စက်တင်ဘာလ ၁၉ရက်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပါတီရုံးထားရှိသည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီသည် လာမည့် ကရင်နှစ်သစ်ကူး‌နေ့မှစ၍ “ဖလုံ-စ‌ဝေါ်ဂျာနယ်”ကို လစဉ် ထုတ်‌ဝေသွားရန် စက်တင်ဘာလ ၁၇ရက်‌နေ့က အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။

၎င်းဂျာနယ်ထုတ်ရန် စက်တင်ဘာလ ၁၅ရက်‌နေ့တွင် ပါတီဝင်များက ပဏာမ ‌ဆွေး‌နွေးခဲ့ကြ‌သော်လည်း ဂျာနယ်အမည်၊ ထည့် သွင်း‌ဖော်ပြမည့် ဘာသာစကားနှင့် သတင်းအမျိုးအစားများကို စက်တင်ဘာလ ၁၇ရက်‌နေ့တွင် ပါတီရုံး၌ ထပ်မံ ‌ဆွေး‌နွေးပြီး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းပါတီ၏ လူငယ်ဥက္ကဌ စဘီကျင်ဦးက ‌ပြောသည်။

“စာ‌စောင်ကို‌တော့ ဖလုံ-စ‌ဝေါ်ဂျာနယ်လို့ပဲ ‌ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီမှာ ပိုးကရင်၊ စ‌ကောကရင်၊ မြန်မာနှင့် အဂင်္လိပ် ‌လေးဘာသာနဲ့ ထုတ်‌ဝေသွားမယ်။ အဓိက ရည်ရွယ်ချက်က‌တော့ ပြည်သူ‌တွေကို နိုင်ငံ‌ရေး‌သော်လည်း‌ကောင်း၊ ကရင့်အ ‌ကြောင်းအရာနဲ့ နိုင်ငံတကာ ဗဟုသုတ‌တွေ သိရှိဖို့အတွက်ပါ။ တစ်လမှတစ်ကြိမ်ပဲ ထုတ်မှာမို့ သတင်း‌တွေက update ဖြစ်မှာ ‌တော့ မဟုတ်ဘူး။”ဟု စဘီကျင်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

ဂျာနယ်ဖြစ်‌မြောက်‌ရေးအတွက် ဖလုံ-စ‌ဝေါ်ပါတီ ‌ခေါင်း‌ဆောင်များက ကြီးကြပ်‌ရေး‌ကော်မတီအဖြစ် ‌ဆောင်ရွက်သွားမည်ဖြစ်ပြီး အယ်ဒီတာချုပ်အဖြစ် ‌စောရှား‌မောင်ခို့ဒါ(ယှးမါန်‌ခေါဟ်ဍာ)၊ တွဲဖက် အယ်ဒီတာအဖြစ် ‌နော်ယုဇနဝါတို့က တာဝန်ယူသွားမည် ဖြစ်သည်။

ဂျာနယ်တွင် ပါဝင်မည့် ကဏ္ဍများမှာ နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ သတင်းများ၊ ရုပ်‌ပြောင်ကာတွန်းများ၊ အ‌ထွေ‌ထွေ ဗဟုသုတများ ဖြစ် ပြီး သတင်း အချက်အလက် စု‌ဆောင်းမည့်သူ ၁၃ဦးရှိသည်ဟု သိရသည်။

ခွင့်ပြုချက်အမှတ် ၂သ-၀၂၈ဖြင့် ထုတ်လုပ်သွားမည့် အဆိုပါဂျာနယ်အတွက် စာမူများကို ယခုလ ၂၂ရက်‌နေ့မှစ၍ နိုဝင်ဘာလ ၂ဝရက်‌နေ့အထိ လက်ခံသွားဖြစ်ပြီး လာမည့် ကရင်နှစ်သစ်ကူးအမှီ စတင် ထုတ်‌ဝေသွားမည်ဖြစ်သည်။ ၎င်း‌နောက် လစဉ် အုပ်‌ရေ ၃‌ထောင် ထုတ်‌ဝေသွားမည်ဟု ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း အစည်းအ‌ဝေးသို့ တက်‌ရောက်ခဲ့သူ ပါတီအဖွဲ့ဝင်တစ်ဦးက ‌ပြောသည်။

သူက “ဂျာနယ်ကို ကရင်နှစ်သစ်ကူး‌နေ့အမှီ ထုတ်လုပ်သွားမှာပါ။ ဒီအတွက် ဂျာနယ်ဖြစ်‌မြောက်‌ရေး ‌ကော်မတီ၊ နယ်ဆင်း သတင်း‌ထောက်‌တွေ၊ ပင်တိုင်‌ဆောင်းပါးရှင်း‌တွေကို ၁၇ရက်‌နေ့ အစည်းအ‌ဝေးမှာ အဆင့်ဆင့် ဖွဲ့စည်းထားပါတယ်။”ဟု ဆို သည်။

Photo-KIC (စက်တင်ဘာလ ၁၇ရက်‌နေ့က ဖလုံ-စ‌ဝေါ်ပါတီဝင်များ ‌ဆွေး‌နွေး‌နေစဉ်)

ဖလုံ-စ‌ဝေါ်ပါတီဝင်တစ်ဦးက “အခုချိန်မှာ လွတ်လပ်စွာ ‌ပြောဆို‌ရေးသားခွင့် ရှိ‌နေပါပြီ။ ကျ‌နော်တို့ ဂျာနယ်စည်းကမ်းမှာ‌တော့ ဘာမှမရှိပါဘူး။ နိုင်ငံ‌တော် တည်မြဲ‌ရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲ‌ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ‌ရေး ဒီသုံးချက်ကို မထိခိုက်ရင် ရပါပြီ။ ကျန်တာ‌တွေ လွတ်လပ်စွာ ‌ရေးသားနိုင်တယ်။”ဟု ‌ပြောဆိုသည်။

၎င်းဂျာနယ်ဖြစ်‌မြောက်‌ရေး အစည်းအ‌ဝေးသို့ ကရင်စာ‌ပေအသင်းများ၊ ဖလုံပညာတိုးတက်‌ရေးယူနစ်(PEDU)အဖွဲ့ဝင်များနှင့် စာ‌ပေပညာရှင် စုစု‌ပေါင်း ၇၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။