Home ထိပ်တန်းသတင်း ထားဝယ်‌ရေနက်ဆိပ်ကမ်း စီမံကိန်း PTT ကုမ္ပဏီက US ‌ဒေါ်လာ ၄သန်း ရင်းနှီးမြုပ်နှံမည်

ထားဝယ်‌ရေနက်ဆိပ်ကမ်း စီမံကိန်း PTT ကုမ္ပဏီက US ‌ဒေါ်လာ ၄သန်း ရင်းနှီးမြုပ်နှံမည်

2471
စက်တင်ဘာလ ၂ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထားဝယ်‌ရေနက်ဆိပ်ကမ်းတွင် အီတာလျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်မှု (ITD) ကုမ္ပဏီက ထုတ်လုပ်မည့် မဂ္ဂါဝပ် ၃,၀၀ဝရှိ ‌ကျောက် မီး‌သွေးလျှပ်စစ်စွမ်းအင် စီမံကိန်းတွင် PTT ကုမ္ပဏီမှ အ‌မေရိကန်‌ဒေါ်လာ ၄သန်း ရင်းနှီးမြှုပ်နှံမည်ဟု PTT တာဝန်ရှိသူတစ်ဦး ၏ ‌ပြောကြားချက်ကို ကိုးကား၍ The Nation သတင်းဌာနတွင် ယမန်‌နေ့ ‌ဖော်ပြထားသည်။

၎င်းသတင်း‌ဖော်ပြချက်အရ PTT ကုမ္ပဏီက ၎င်းစီမံကိန်းတွင် အပိုင်း ၃ပိုင်းခွဲ၍ ရင်းနှီးမြှုပ်နှံမည်ဟု ‌မျှော်လင့်ထားပြီး ‌ကျောက် မီး‌သွေးလျှပ်စစ်စွမ်းအင် ဝယ်ယူ‌ရေး သ‌ဘောတူညီချက်ရယူရန် အီတာလျံ-ထိုင်း(ITD) ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး ဌာန‌အောက်ရှိ Egat တို့ ‌ဆွေး‌နွေးတိုင်ပင်ကြပြီဟု PTT ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက the Nation ကို ‌ပြောသည်။

၎င်းက “PTT ကုမ္ပဏီဟာ အ‌ရှေ့‌တောင်အာရှမှာ လျှပ်စစ်စွမ်းအင် ရင်းနှီးမြှုပ်နှံဖို့အတွက် အမြဲတမ်း လမ်းစရှာတယ်။ PTT က လာအိုနိုင်ငံမှာလည်း Xayaburi ဟိုက်ဒရိုလျှပ်စစ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတယ်။ ‌နောက် စီမံကိန်းတခုက radar နဲ့ PTT က အခု လုပ်ငန်းမှာလည်း ပူး‌ပေါင်းပါဝင်ဖို့ ဆန္ဒရှိတယ်။”ဟု ‌ပြောသည်။

အကယ်၍ PTT ကုမ္ပဏီက အခြားစီမံကိန်းများမှာ ရင်းနှီးမြှုပ်နှံခွင့်ရရှိပါက တနှစ်အတွင်း ‌ကျောက်မီး‌သွေးတန်ချိန် သိန်းနှင့်ချီ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ရတ်ချဘူရီခရိုင်မှ အခြားစွမ်းအင်ဌာန ကုမ္ပဏီကလည်း ၎င်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင် စားလျှက်ရှိသည်ဟု ဆိုသည်။ ၎င်း‌ကျောက်မီး‌သွေး လျှပ်စစ်စွမ်းအင်တချို့ကို ထားဝယ်‌ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် (Egat) တို့ထံ ‌ရောင်းချသွားမည်ဖြစ်သည်ဟု PTT တာဝန်ရှိသူက ‌ပြောသည်။

ယခုနှစ်လယ်ပိုင်းတွင် ITD က မြန်မာအစိုးရနှင့် ထားဝယ်‌ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ၇၅နှစ်တာ သ‌ဘောတူညီချက် ရယူထား‌ကြောင်း လာ‌ရောက်ရင်းနှီးမြှုပ်နှံမည့် မဟာမိတ်ကုမ္ပဏီများအား ထုတ်ပြန်‌ကြေညာခဲ့သည်။ ထို့အပြင် ITD ကုမ္ပဏီက လာ‌ရောက်ရင်းနှီးမြှုပ်နှံမည့် မဟာမိတ်ကုမ္ပဏီများ ပိုမိုရရှိရန်အတွက် တရုတ်၊ ဂျပန်၊ ‌တောင်ကိုရီးယား၊ အိန္ဒိယနိုင်ငံများမှ ‌ဖောက်လုပ်မည့် အ‌ဝေး‌ပြေးလမ်းမကြီးများ စီမံကိန်းတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

အဆိုပါ ‌ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ထိခိုက်ဆုံးရှုံးမှု ‌မြောက်များစွာရှိနိုင်သည်ကို တာဝန်ယူတည်‌ဆောက်မည့် ကုမ္ပဏီများ က တိကျ‌သေချာသည့် ‌လေ့လာစုံစမ်းမှုများ ပြုလုပ်ခြင်းမရှိ‌ကြောင်း Environm ental & Social Action Network (KESAN) ၏ သတင်းပြန်ကြား‌ရေးတာဝန်ခံ ကို‌ရွှေက ယခုလို ‌ပြောသည်။

“တာဝန်ယူ တည်‌ဆောက်မယ့် ကုမ္ပဏီ‌တွေက ဒီစီမံကိန်းမှာ ‌ဒေသခံလူထု‌တွေရဲ့ စားဝတ်‌နေ‌ရေး ပြဿနာ ကြုံ‌တွေ့ရမယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမယ်။ ကျန်မား‌ရေး၊ ‌နောက်ဖြစ်‌ပေါ်လာနိုင်တဲ့ ‌နောက်ဆက်တွဲ ပြဿနာ‌တွေကို ‌လေ့လာစုံစမ်းမှု ‌တွေ ‌သေ‌သေချာချာ လုပ်တာမရှိဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုစီမံကိန်းတွင် ‌ထောင်နှင့်ချီသည့် ‌ဒေသခံပြည်သူများ၏ လယ်၊ ‌မြေ၊ ခြံ သိမ်းဆည်းမှုများ ဖြစ်‌ပေါ်‌နေသလို ‌ကေအဲန်ယူ ထိန်း ချုပ်ရာနယ်‌မြေရှိ ‌ကျေးရွာ ၁ဝရွာ‌ကျော်မှာ အဓမ္မ‌ပြောင်း‌ရွှေ့ခံရနိုင်ပြီး ယခုအချိန်တွင် ‌ကျေးရွာ ၆ရွာမှာ စတင် ‌ပြောင်း‌ရွှေ့ခံ‌နေ ရပြီဟု ကို‌ရွှေက ဆက်‌ပြောသည်။

ထားဝယ်‌ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် စုစု‌ပေါင်း အ‌မေရိကန်‌ဒေါ်လာ ၅၈သန်း ကုန်ကျမည်ဖြစ်ပြီး ‌ဒေါ်လာ ၈သန်း ကုန်ကျ မည့် ပထမအဆင့် စီမံကိန်းတွင် ‌ရေနက်သ‌ဘေင်္ာဆိပ်ကမ်း၊ အ‌ဝေး‌ပြေးလမ်းမကြီးနှင့် မီးရထားလမ်း‌ဖောက်လုပ်ငန်းများ ပါဝင် သည်။ အလားတူ ‌ဒေါ်လာသန်း ၅ဝကုန်ကျမည့် ဒုတိယစီမံကိန်းတွင် ‌ရေနံချက်စက်ရုံ၊ စက်မှုဇုံနယ်‌မြေများ တည်‌ဆောက်ခြင်း၊ ‌ရေနံဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများ ထူ‌ထောင်ခြင်း၊ တည်‌ဆောက်ခြင်း၊ လျှပ်စစ်စက်ရုံများ တည်‌ဆောက်ခြင်း၊ စက္ကူနှင့် သံမ ဏိလုပ်ငန်းများ ပါဝင်သည်ဟု KESAN က ‌ပြောသည်။

ပထမစီမံကိန်းကို ၂၀၁ဝခုနှစ်မှ ၂၀၁၅ခုနှစ်အထိ သတ်မှတ်ထားပြီး ဒုတိယစီမံကိန်းကိုမူ ၂၀၁၆တွင် စတင်မည်ဟု KESAN ဆိုသည်။

၂၀၁ဝခုနှစ် နိုဝင်ဘာလ ၂ရက်‌နေ့တွင် ထားဝယ် ‌ရေနက်ဆိပ်ကမ်း စီမံကိန်း စတင်ရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ နားလည်မှု စာ ချွန်လွှာတစ်ရပ်(MoU)ကို လက်မှတ်‌ရေးထိုးခဲ့ပြီး ၎င်းသ‌ဘောတူညီချက်အရ Italian-Thai Development ကုမ္ပဏီနှင့် Myan-mar Port Authority တို့က တာဝန်ယူ ‌ဆောက်လုပ်မည်ဖြစ်သည်။

ထားဝယ် ‌ရေနက်ဆိပ်ကမ်း စီမံကိန်းသာ ပြီးဆုံးသွားပါက ထိုင်းနိုင်ငံအ‌နေဖြင့် ကုန်ပစ္စည်းထားရှိမှုနှင့် လုပ်သားများအတွက် ကုန်ကျ‌ငွေများစွာ သက်သာသွားမည်ဖြစ်သလို မြန်မာနိုင်ငံတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးနိုင်မည်ဟု မြန်မာနှင့် ထိုင်းအာဏာပိုင်များက ဆိုသည်။