Home ကဗျာ ချစ်သူချည်တဲ့ကြိုး

ချစ်သူချည်တဲ့ကြိုး

2187
လကင်္ာဒီပ

ကရင်‌တွေဟာ…
လူကိုလူလို ဆက်ဆံမှုထား
လူသားစိတ်နဲ့လူ‌တွေမို့‌လေ
လူလို‌နေရာ‌ပေး
‌နွေး‌ထွေးပျူငှာတဲ့ အချင်းအရာ
မိတ္ထီလာကန်မှာ‌လေ
တို့မျက်ရည်‌တွေ မ‌ခြောက်‌သေးဘူး။

ဒီလိုပါပဲ ကရင်‌တွေဟာ…
တ‌ခေတ်ပြီးတ‌ခေတ်
လူသားကျင့်ဝတ်မပျက်ခဲ့
ရိုးသားတဲ့ သ‌န္ဓေမျိုးနွယ်များ
‌နောက်‌ကျောဓါးထိုးခံရလည်း
အစွဲအမှတ်သညှာ မထားပါ‌ပေါ့လား။

ပင်လုံကို ရင်ခုန်ဖို့များ
တိုင်းရင်းသား‌တွေကို
နားလှည့်ပါးရိုက်လုပ်‌နေတာ
ဧရာဝတီမြစ်တစ်ခွင်
သံလွင်မြစ်ရိုးတစ်‌လျှောက်
‌ဗျောက်သံ ယမ်းသံ ပလူပျံ
စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးလိုလို
ဒီမိုက‌ရေစီရည်ရွယ်
ဖက်ဒရယ်လို ‌ပြောလို‌ပြော‌နေ
စကား‌တွေက တ‌ဖောင်‌ဖောင်
ဟို‌ယောင်‌ယောင် ဒီ‌ယောင်‌ယောင် မျက်လှည့်ပြ
မနက်နဲ့ည ‌ပြောင်းပြန်‌ရေးတဲ့သူ။

လိမ်လုံးလိမ်ကွက် ညာလုံးညာကွက်
အရှက်တစ်ပြားသားမှမရှိ
ဒီငတိ‌တွေကိုမှ
အမိအဖလို့ သတ်မှတ်‌နေရင်ဖြင့်
‌နေရစ်‌ပေအုံး ‌ဖောက်ပြန်‌ရေးသမားတို့‌ရေ
အ‌ခြေအ‌နေတစ်ခုမှာ
ကရင်ဟာ ကရင်လို့ မသိတဲ့‌နောက်
‌ထောက်ထားမှာမဟုတ်ဘူးဆိုတာ ‌ပြောချင်ပါရဲ့။

‌ဘေး‌ပြောစကား အယုံလွယ်ရင်ဖြင့်
‌ရွှေသမင် အလိုက်မှားခဲ့ရတာလည်း
နည်းတဲ့အကြိမ်‌တွေ မဟုတ်ဘူး
မထူးခြားတဲ့ဒီပွဲ လမ်းခွဲကာ ပြန်လာခဲ့‌ပေ‌ရော့။

ချစ်သူ……….
နင်ချည်တဲ့ကြိုး သ‌ဝေထိုး‌နေလား
အမိုးအပါးတို့လည်း အားကုန်
တုန်တုန်ချိချိ ‌ပြေး‌နေရတုန်း
ဆုံးရှုံးရင်းဆုံးရှုံးပဲ ဖိုးခွား‌ရေ
ကရင်‌တွေကိုချစ်တဲ့ ကရင်
ရင်ခွင်သစ်ကို အတည်မမှတ်လိုက်ပါနဲ့
စစ်မှန်တဲ့ မူ‌လေးချက်ကို တန်ဖိုးထား
‌သွေးစကားကိုနာခံ
နင် အမြန် ပြန်လာဖို့သင့်ပြီ။ ။

(စက်တင်ဘာ ၂၉၊ ၂၀၁၁)