Home ထိပ်တန်းသတင်း ကျိုးကျခဲ့သည့် မယ်ရာမို ကြိုးတံ တား ပြန်လည်တည်‌ဆောက် ပြီးစီး

ကျိုးကျခဲ့သည့် မယ်ရာမို ကြိုးတံ တား ပြန်လည်တည်‌ဆောက် ပြီးစီး

1832
စက်တင်ဘာလ ၁၇ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ- မယ်‌ဟောင်‌ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ မယ်ရာမိုဒုက္ခသည်စခန်းကို ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက မှိုင်းလုံး ကြီး‌ချောင်း‌ရေ နစ်မြုပ်ခဲ့သည့်အတွက် စခန်းအတွင်းရှိ ကြိုးတံတားကျိုးသွားခဲ့ပြီး ယခုအချိန်တင် ပြန်လည်ပြုပြင် ‌ဆောက်လုပ် ပြီးစီးသွားပြီ ဖြစ်‌ကြောင်း သိရသည်။

အဆိုပါတံတားကို ဩဂုတ်လ ၁၇ရက်‌နေ့မှ စတင်ကာ ပြုပြင်တည်‌ဆောက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၄ရက်‌နေ့တွင် ကြိုး တံတား တည်‌ဆောက်မှု ပြီးစီးသွား‌ကြောင်း ထိုင်းမြန်မာနယ်စပ်တ‌လျှောက် ကူညီ‌စောင့်‌ရှောက်‌ရေးညွန့်‌ပေါင်းအသင်း TBBC မှ ဝန်ထမ်းတစ်ဦးက ‌ပြောသည်။

သူက “တံတားကို ပြီးခဲ့တဲ့လ ၁၇ရက်‌နေ့က စပြီးပြင်တယ်။ အခုလ ၁၄ရက်‌နေ့က‌တော့ ပြီးသွားတယ်။ အဲ့ဒါ‌ကြောင့် ၁၅ရက်‌နေ့ မှာပဲ တံတားဖွင့်ပွဲလုပ်ပြီး တံတားက အခုဆိုရင်‌တော့ သွားလာလို့ ရ‌နေပါပြီ။ ‌ကျောင်းတက်‌နေတဲ့က‌လေး‌တွေ‌ကော စခန်းမှာ ‌နေထိုင်တဲ့သူ‌တွေအတွက်‌ကော အဆင်‌ပြေသွားတာ‌ပေါ့။”ဟု ‌ပြောပြသည်။

ထိုသို့ ပြန်လည် တည်‌ဆောက်ရာတွင် TBBC, IRC/RSC, SVA, Dare စသည့် NGOs အဖွဲ့အစည်းများ စု‌ပေါင်းကာ ထိုင်းဘတ် ‌ငွေ ၃၂၅,၈၀ဝ အကုန်အကျခံ ကူညီခဲ့ကြပြီး စခန်းရှိ တာဝန်ရှိသူများနှင့် ဒုက္ခသည်များမှ စု‌ပေါင်းကာ ပြန်လည် ပြုပြင်ခဲ့ခြင်းဖြစ် သည်ဟုလည်း ၎င်းက ဆိုသည်။

ကြိုးတံတားသည် မယ်ရာမိုစခန်းတွင်းရှိ ရပ်ကွက် ၇(A)နှင့် (B)ကို ဆက်သွယ်‌ပေးထားပြီး စခန်းသူ စခန်းသားများ၊ ‌ကျောင်းသူ ‌ကျောင်းသားများအတွက် အလွန်အ‌ရေးပါ‌ကြောင်းကိုလည်း ကရင်ဒုက္ခသည်‌ကော်မတီ(KRC)က ‌ပြောသည်။

မဲ့စရင်းမြို့ရှိ KRC ရုံးမှ ‌စောတူးတူးက “စခန်းထဲမှာ ‌ကျောင်းတက်‌နေကြတဲ့ က‌လေး‌တွေအတွက် အလွန်ပဲ အ‌ရေးပါတယ်‌လေ။ ‌လှေနဲ့ကူးတာ မလုံ‌လောက်ဘူး။ တံတားရှိ‌တော့ အလွယ်တကူ သွားလာလို့ရတယ်။ ပိုက်ဆံ အကုန်အကျ သက်သာတယ်။ ‌နောက်ပြီး လစဉ် ရိက္ခာထုတ်တဲ့အခါမှာလည်း ပို့‌ဆောင်ရတာ လွယ်ကူတယ်။ ကျန်းမာ‌ရေးအတွက်ဆို ရပ်ကွက်(၇-B)မှာပဲ ‌ဆေးရုံရှိ‌တော့ A ဘက်ကလူ‌တွေ ‌နေထိုင်မ‌ကောင်းဖြစ်ရင် တံတားက‌နေ အလွယ်တကူ သွားလာနိုင်တယ်။”ဟု ‌ပြောသည်။

Photo-Naw Hser Hser (မယ်ရာမိုစခန်းတွင်းရှိ ကြိုးတံတား)

မယ်ရာမိုကြိုးတံတားကို ၂၀၀၀-၂၀၀၁ခုနှစ်အတွင်း AMI အဖွဲ့အစည်း၏ အကူအညီဖြင့် စတင် တည်‌ဆောက်ခဲ့ပြီး ၂၀၀၅ ခု နှစ်တွင် COERR (Catholic Office for Emergency Relief)အဖွဲ့မှ တံတားကို တစ်ကြိမ် ပြုပြင်ခဲ့‌သေး‌ကြောင်း သိရသည်။

လက်ရှိအချိန်တွင် လူဦး‌ရေ နှစ်‌သောင်းနီးပါးရှိသည့် မယ်ရာမိုစခန်းမှာ ‌ကေအဲန်ယူ ဗဟိုဌာနချုပ်ဖြစ်ခဲ့သည့် မာနယ်ပ‌လော ကျပြီး‌နောက်ပိုင်း ၁၉၉၅ခုနှစ်တွင် စတင် တည်‌ထောင်ခဲ့သည့် ဒုက္ခသည်စခန်းတစ်ခု ဖြစ်သည်။