Home ထိပ်တန်းသတင်း ဒုံသမိ မြစ်‌ရေ တက်လာ‌နေသဖြင့် မွန်နှင့်ကရင်ပြည်နယ်မှ ‌ဒေသခံများ စိုးရိမ်‌နေ

ဒုံသမိ မြစ်‌ရေ တက်လာ‌နေသဖြင့် မွန်နှင့်ကရင်ပြည်နယ်မှ ‌ဒေသခံများ စိုးရိမ်‌နေ

2587
ဩဂုတ်လ ၃ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းသည့် အတွက် ကရင်ပြည်နယ် ဘားအံမြို့နယ်နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြား ဖြတ်သန်းသွားသည့် ဒုံသမိမြစ် တဖက်တချက်ရှိ ‌ကျေးရွာများတွင် မြစ်‌ရေများ မြင့်တက်လာ‌နေရာ စိုးရိမ်ရသည့် အ‌နေအထားသို့ ‌ရောက်ရှိ‌နေသည်ဟု ထို‌ဒေသတွင်‌နေထိုင်သည့် ကရင်‌ဒေသခံများက ‌ပြောသည်။

ဒုံသမိမြစ်ကမ်းနံ‌ဘေးရှိ ကြိုးဝိုင်းကမ်းနားစုရွာမှ အမျိုးသမီးတဦးက “မိုးစရွာတာ ဒီရက်နဲ့ဆို ၄ရက်ရှိပြီ။ မြစ်လည်း ‌ရေပြည့်လျှံ‌နေပြီ။ ကျမတို့ရွာက မြစ်နံ‌ဘေးမှာပဲဆို‌တော့ အိမ်ဆိုရင် ‌ရေ‌တွေတက်လာတာ ၃‌ပေ‌ကျော်‌လောက် ရှိပြီ။ ဒီထက် ‌ရေထပ်တက်လာရင် ‌တော့ ကျမတို့ ‌နေလို့မရ‌တော့ဘူး။”ဟု ‌ပြောသည်။

ဒုံသမိမြစ် ဖြတ်သန်းရာ‌ဒေသတွင် ကရင်ပြည်နယ်ဘက်ခြမ်း၌ ပျဉ်းမပင်ဆိပ်အ‌ရှေ့ဘက်ခြမ်း၊ ကြ‌သောင်းဆိပ်အ‌ရှေ့ဘက်ခြမ်း၊ တ‌ဂေး‌လောင်း၊ မင်း‌ဇောရွာများနှင့် မွန်ပြည်နယ်ဘက်ခြမ်းဘက်၌ ပျဉ်းမပင်ဆိပ်အ‌နောက်ဘက်ခြမ်း၊ ကြ‌သောင်းဆိပ်အ‌နောက် ဘက်ခြမ်း၊ ကြိုးဝိုင်း၊ ကြိုးဝိုင်ကမ်းနားစု၊ မြစ်ကျိုး၊ ‌လေး‌ကေ၊ ‌ကျောက်ဖျာ၊ ဝင်းတာပန်၊ ကားမဲ စသည့်ရွာများ တည်ရှိသည်။

အဆိုပါ‌ဒေသရှိ ဒုံသမိမြစ်၏ ကမ်းနံ‌ဘေးတ‌လျှောက် ရွာများသည် တရွာနှင့်တရွာ ၂မိုင်မှ ၄မိုင်အထိ ‌ဝေးကွာပြီး တရွာလျင် အိမ်‌ခြေ ၇ဝမှ ၅၀၀‌ကျော်အထိရှိကာ ယခင်နှစ်များက မိုးရာသီတွင် ‌ရေကြီး‌ရေလျှံဖြစ်မှုများ ရှိခဲ့‌သော်လည်း ယခုကဲ့သို့ အ‌ခြေအ‌နေ ဆိုးဝါး ခြင်း မရှိခဲ့ဟုလည်း ဆိုသည်။

မင်း‌ဇော‌ကျေးရွာသူ ‌နော်‌ဖောဘုကလည်း “ဒီနယ်‌မြေမှာ ‌မြေပြန့်ချည်းပဲရှိ‌တော့ ‌ရေကြီးရင် အနီးအနားက ရွာ‌တွေလည်း အကုန်ပါ တယ်။ အခု ကျမတို့ ရွာပတ်ပတ်လည်မှာ ‌ရေ‌တွေကြီးလို့ ‌လှေ(‌လှော်‌လှေ)နဲ့ သွား‌နေရတယ်။ အခြားရွာ‌တွေလည်း တရွာနဲ့တရွာ ‌လှေနဲ့ပဲ သွားရတယ်။”ဟု ‌ပြောပြသည်။

ဒုံသမိမြစ် ကမ်းနံ‌ဘေး‌နေထိုင်သူများသည် အများအားဖြင့် လယ်ယာလုပ်ငန်းကိုသာ အဓိကထား အသက်‌မွေးဝမ်း‌ကျောင်းသူများ ဖြစ်ရာ ယခုလို ‌နေ့စဉ်ရက်ဆက် မိုးများရွာသွန်းသည့်အတွက် ပျိုးထားပြီး စိုက်ချိန်တန်သည့် စပါးများလည်း ‌ရေမြုပ်ကာ ပျက်စီး‌နေ သည်ဟု ၎င်းက ဆက်‌ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းပြီး ‌ရေများတဖြည်းဖြည်း တက်လာ‌နေသည့်အ‌ပေါ် စိုးရိမ်မှုများရှိ‌သော်လည်း အ‌ခြေအ ‌နေ ပိုမိုဆိုးရွားလာမှုရှိ မရှိ ‌စောင့်ကြည့်‌နေ‌ကြောင်း ‌ဒေသခံရွာသားများက ‌ပြောသည်။

ဇူလိုင်လကုန်ပိုင်းကလည်း ကရင်ပြည်နယ်၏ မြို့‌တော် ဘားအံမြို့တွင် မိုးရွာသွန်းပြီး သံလွင်မြစ်‌ရေလျှံတက်လာမှု‌ကြောင့် မြို့တွင်း ရပ်ကွက်များရှိ ‌မြေနိမ့်ပိုင်းများတွင် ‌ရေလွှမ်းမိုးကာ အမှတ်(၁) အထက်တန်း‌ကျောင်းသို့ ‌ရေ‌ဘေးဒုက္ခသည်များ ယာယီ‌ရွှေ့‌ပြောင်း ‌နေထိုင်ခဲ့ရ‌သေးသည်။

ယ‌နေ့ထုတ် မြန်မာအစိုးရသတင်းစာ၏ ‌ဖော်ပြထားချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘဂင်္လားပင်လယ်‌အော်တို့တွင် မုတ်သုံ‌လေ အား‌ကောင်းပြီး ၃ရက်အတွင်း ကမ်းရိုးတန်း ‌ဒေသများဖြစ်သည့် ရခိုင်ကမ်းရိုးတန်းများ၊ မွန်-တနသင်္ာရီ ကမ်းရိုးတန်း‌ဒေသများတွင် ဆက်လက်မိုးရွာသွန်းကာ မိုးကြီးခြင်းနှင့် ‌လေပြင်းတိုက်ခိုက်မှုများ ဖြစ်‌ပေါ်နိုင်သည်ဟု မိုး‌လေဝသနှင့် ဇလ‌ဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ သတင်းထုတ်ပြန်ထား‌ကြောင်း ပါရှိသည်။