Home ဆောင်းပါး ငြိမ်းချမ်း‌ရေးအဆိုနဲ့လှုပ်ရှားမှု မှန်သမျှ ပယ်ချခံရမည့် ‌ရှေ့‌တော်‌ပြေးနိမိတ်

ငြိမ်းချမ်း‌ရေးအဆိုနဲ့လှုပ်ရှားမှု မှန်သမျှ ပယ်ချခံရမည့် ‌ရှေ့‌တော်‌ပြေးနိမိတ်

1655
တူ‌မောင်ညို (ဩဂုတ် ၁ဝရက်၊ ၂၀၁၁။)

“အိတ်ဖွင့်‌ပေးစာ”ချင်း တိုးတိုက်မိကြ‌လေသ‌လော။

“ငြိမ်းချမ်း‌ရေး လိုလားသူများအတွက်”ဆိုပြီး ရည်ညွန်းထားသည့် “လွှတ်‌တော်ကိုယ်စားလှယ်များ၏ အိတ်ဖွင့်‌ပေးစာ” (ဩဂုတ် ၈ရက်) ‌နေ့စွဲဖြင့် ထွက်လာသည်။ (မြန်မာ့အလင်းသတင်းစာ/၉ ဩဂုတ်၊ စာမျက်နှာ ၆ တွင်‌ဖေါ်ပြထားသည်)

“ငြိမ်းချမ်း‌ရေး”ကို တပြည်လုံးက လိုလားသည်။ လူမျိုးစုံ‌ပေါင်းစုံပြည်သူလူထုတစ်ရပ်လုံးကလည်း အူလှိုက်သည်းလှိုက် လိုလား သည်။ ယင်းကို သံသယ မရှိသင့်။

ထူးဆန်းသည်က ပြည်‌ထောင်စုဝန်ကြီး ဦး‌ကျော်ဆန်းက ငြိမ်းချမ်း‌ရေးနဲ့ နိုင်ငံ‌ရေးကို “အန္တရာယ်”ဆိုပြီး ရိုးမယ်ဖွဲ့‌နေခြင်း ဖြစ် သည်။ ဦး‌ကျော်ဆန်းက ငြိမ်းချမ်း‌ရေးနဲ့ နိုင်ငံ‌ရေးကို “အန္တရာယ်”ဟု ‌ပြောဆိုပြီး‌နောက် ဤအိတ်ဖွင့်‌ပေးစာ ‌ပေါ်ထွက်လာခြင်း ဖြစ်သည်။

“လွှတ်‌တော်ကိုယ်စားလှယ်များ၏ အိတ်ဖွင့်‌ပေးစာ”ကို‌လေ့လာကြည့်ကြပါစို့။
“ကြံ့ဖွံ့ပါတီ (USDP)လွှတ်‌တော်အမတ်များ ဦး‌ဆောင်သည့်” အိတ်ဖွင့်‌ပေးစာ ဖြစ်သည်။

လက်ရှိ ဥပ‌ဒေပြု‌ရေး၊ အုပ်ချုပ်‌ရေး၊ တရားစီရင်‌ရေး မဏ္ဍိုင် ၃ရပ်ကို ကြံ့ဖွံ့ပါတီဝင်များဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်သည်။ သို့ပါ၍ အိတ်ဖွင့်‌ပေးစာပါ သ‌ဘောထားသည် လက်ရှိ အစိုးရ၏ သ‌ဘောထားကို နီးနီးကပ်ကပ် ထင်ဟပ်‌နေမှာ ‌သေချာသည်။

‌နေ့စဉ်ထုတ် သတင်းစာအားလုံးတွင် ‌ဖေါ်ပြထား‌သော “အိတ်ဖွင့်‌ပေးစာ”လည်း ဖြစ်သည်။ အခြား‌သော လွှတ်‌တော်ကိုယ်စား လှယ်များက အိတ်ဖွင့်‌ပေးစာ ထုတ်ပြန်ခဲ့လျှင် ‌နေ့စဉ်ထုတ်သတင်းစာများတွင် ယင်းကဲ့သို့ ‌ဖေါ်ပြနိုင်ခွင့်ရှိပါသ‌လော။

အိတ်ဖွင့်‌ပေးစာ၏ သ‌ဘောထားအချုပ်မှာ ဓါတ်ပြား‌ဟောင်းပြန်ဖွင့်ပြခြင်းသာ ဖြစ်သည်။ အုပ်စိုးသူအစိုးရ အဆက်ဆက်သည် ‌ကောင်း၏။ ငြိမ်းချမ်း‌ရေးကို လိုလား၏၊ လက်နက်ကိုင်အဖွဲ့အစည်းများသည် သံသယလွန်ကဲ၏၊ အစွန်း‌ရောက်၏ စသဖြင့် တစ်ဖက်သတ် အပြစ်ပုံချကာ ‌ရေးသားထားခြင်းဖြစ်၏။

အိတ်ဖွင်‌ပေးစာပါ သ‌ဘောထားသည် အပြုသ‌ဘောထားမျိုးမဟုတ်။
တန်းတူရည်တူ ‌ဆွေး‌နွေး‌ဖြေရှင်း ‌ပြေလည်လိုသည့် သ‌ဘောထား‌ဖေါ်ပြချက်လည်း မဟုတ်ပါ။
“အိတ်ဖွင့်‌ပေးစာ”ကို ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် (၂၀)ဦးနဲ့ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် (၃)ဦး ပါဝင် လက်မှတ် ‌ရေးထိုးထားသည်ဟု ဆိုသည်။
ပါဝင်လက်မှတ်‌ရေးထိုးကြသူများတွင် နိုင်ငံ‌ရေးပါတီ (၁၂)ပါတီမှ (၂၂)ဦးနှင့် တသီးပုဂ္ဂလ (၁)ဦး ပါဝင်ပါသည်။
ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ (USDP)မှ အများဆုံးဖြစ်သည်။ (၈)ဦး ပါဝင် လက်မှတ်ထိုးပါသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ ဒုတိယအများဆုံးဖြစ်ပြီး ၃ဦး ပါဝင်လက်မှတ်‌ရေးထိုးပါသည်။ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)မှ ၂ဦး၊ ကရင်ပြည်သူ့ပါတီမှ ၁ဦး၊ ချင်းအမျိုးသားပါတီမှ ၁ဦး၊ ဖလုံစ‌ဝေါ် ဒီမိုကရက်တစ်ပါတီမှ ၁ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီ(တစည)မှ ၁ဦး၊ အမျိုးသားဒီမိုက‌ရေစီအင်အားစုပါတီ(NDF)မှ ၁ဦး၊ စည်းလုံးညီညွတ် ‌ရေးနှင့် ဒီမိုက‌ရေစီပါတီ ကချင်ပြည်နယ်(စဒက)မှ ၁ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်‌ရေးပါတီမှ ၁ဦး၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီမှ ၁ဦး၊ ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (ယခင် DKBA)မှ ၁ဦးနှင့် ပုဂ္ဂလိက ၁ဦးတို့ ပါဝင် လက်မှတ်‌ရေးထိုးပါသည်။ (ဇယားတွင် ကြည့်ပါ)

ထူးဆန်းသည်ဟု‌ပြောရမည်လားမသိ။

လွန်ခဲ့‌သော ဩဂုတ်လ ၃ရက်‌နေ့က “ညီ‌နောင်တိုင်းရင်းသား ၅ပါတီ”၏ သ‌ဘောထား‌ကြေညာချက် (၄/၂၀၁၁)ကို သက်ဆိုင် ရာပါတီများမှ ဥက္ကဋ္ဌ ၃ဦး၊ ဒုဥက္ကဋ္ဌ ၁ဦးနှင့် ဗဟိုအလုပ်အမှု‌ဆောင် ၁ဦးတို့က ပါဝင်လက်မှတ်‌ရေးထိုး ထုတ်ပြန်ခဲ့ပါသည်။

“ကြံ့ဖွံ့ပါတီ(USDP) လွှတ်‌တော်အမတ်များ ဦး‌ဆောင်သည့်” အိတ်ဖွင့်‌ပေးစာ (ဩဂုတ်၈)တွင်လည်း အဆိုပါ “ညီ‌နောင်တိုင်း ရင်းသား ၅ ပါတီ”မှ လွှတ်‌တော်ကိုယ်စားလှယ် ၇ဦးက ပါဝင်လက်မှတ်‌ရေးထိုးထားပြန်သည်။

သက်ဆိုင်ရာပါတီမှ ကိုယ်စားပြုပြီး ဝင်‌ရောက်ယှဉ်ပြိုင် အ‌ရွေးခံခဲ့ကြရ‌သော လွှတ်‌တော်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ မိခင်ပါတီနှင့်အတူ မရပ်တည်ဘဲ ယခုကဲ့သို့ သီးခြားရပ်တည် ‌ဆောင်ရွက်နိုင်ခွင့်ရှိ်ပါသ‌လော။
သို့တည်းမဟုတ် “နိုင်ငံ‌ရေး‌ပေါ်တာ” အဆွဲခံရခြင်းပင်‌လော။

ညီ‌နောင်တိုင်းရင်းသားပါတီ ၅ပါတီမှ (ပြည်သူ့ + အမျိုးသား) လွှတ်‌တော်ကိုယ်စားလှယ် စုစု‌ပေါင်းသည် ၅၃ဦးရှိသည်။

“ကြံ့ဖွံ့ပါတီ(USDP)လွှတ်‌တော်အမတ်များ ဦး‌ဆောင်သည့် အိတ်ဖွင့်‌ပေးစာ”သည် “ညီ‌နောင်တိုင်းရင်းသား ၅ပါတီ”၏ သ‌ဘော ထား‌ကြေညာချက်(၄/၂၀၁၁)တွင် ပါရှိ‌သော “အပစ်အခတ်ရပ်စဲ‌ရေး၊ ငြိမ်းချမ်း‌ရေး‌ကော်မတီဖွဲ့စည်း‌ရေး၊ ငြိမ်းချမ်း‌ရေး အလုပ်ရုံ ‌ဆွေး‌နွေးပွဲကျင်းပ‌ရေး၊ ဒုက္ခ‌ရောက်‌နေ‌သော ‌ဒေသခံပြည်သူများအား ကူညီ‌ရေး”စတဲ့ အဆိုပြုချက်များကို ပယ်ချလိုက်ခြင်း လည်း ဖြစ်သည်။

“ကြံ့ဖွံ့ပါတီ(USDP) လွှတ်‌တော်အမတ်များ ဦး‌ဆောင်သည့် အိတ်ဖွင့်‌ပေးစာ”သည် လာမည့် ဩဂုတ်လ ၂၂ ရက်‌နေ့တွင် စတင် ကျင်းပမည်ဆို‌သော လွှတ်‌တော်အစည်းအ‌ဝေးများတွင် တင်ပြလာနိုင်သည့် “ငြိမ်းချမ်း‌ရေး” အဆိုမှန်သမျှ ပယ်ချခံရမည့် ‌ရှေ့ ‌တော်‌ပြေးနိမိတ်လည်းဖြစ်သည်။

“အိတ်ဖွင့်‌ပေးစာ”ကို “အိတ်ဖွင့်‌ပေးစာ”နဲ့ တုန့်ပြန်လိုက်တာလည်း ဖြစ်နိုင်သည်။ အိတ်ဖွင့်‌ပေးစာခြင်း ထိပ်တိုက်‌တွေ့ကြတာ လည်း ဖြစ်နိုင်သည်။
အာဏာရအစိုးရ၏ လွှတ်‌တော်ကိုယ်စားလှယ်‌တွေ ဦး‌ဆောင်တဲ့ တုန့်ပြန်ချက်လည်းဖြစ်သည်။
အာဏာရအစိုးရ၏ လွှတ်‌တော်ကိုယ်စားလှယ်‌တွေ ဦး‌ဆောင်တဲ့ လွှတ်‌တော်ပြင်ပ တိုက်ပွဲဟုလည်း ‌ပြောနိုင်သည်။

“ကြံ့ဖွံ့ပါတီ (USDP) လွှတ်‌တော်အမတ်များ ဦး‌ဆောင်သည့်အိတ်ဖွင့်‌ပေးစာ”တွင်
ပါဝင်လက်မှတ်‌ရေးထိုးသူများ
၂၀၁၁ ဩဂုတ်လ ၈ ရက်
(ဇယား ၁)
စဉ် အမည် မဲဆန္ဒနယ် ပါတီ
၁။ ‌ဒေါ်မိယဉ်ချမ်း ကျိုက်မ‌ရော ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ
၂။ ‌ဒေါ်နန်းနွံ ရှား‌တော ။
၃။ ဦးသူရိန်‌ဇော် ‌ကော့ကရိတ် ။
၄။ ဦးဝင်းစိန် ကဝ ။
၅။ ဦးတီခွန်မြတ် ကွတ်ခိုင် ။
၆။ ဦး‌မောင်တိုး မင်းလှ ။
၇။ ဦးလှမြင့်ဦး ပျဉ်းမနား ။
၈။ ဦးသန်းမြင့် ဆားလင်း ။
၉။ ဦး‌ဆောင်ဆီ ‌ကျောက်မဲ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
၁၀။ ဦးစိုင်းသီဟ‌ကျော် မိုင်းရယ် ။
၁၁။ ‌ဒေါ်နန်းဝါနု ကွန်ဟိန်း ။
၁၂ ဦးခွန်‌မောင်‌သောင်း ပင်‌လောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ယခင် PNO)
၁၃ ဦး‌နေဝင်းထွန်း ရှမ်းပြည်နယ်၊ အမှတ် ၉ ။
၁၄ ဦး‌စော‌နေ‌ကော်ကြီး သံ‌တောင်ကြီး ကရင်ပြည်သူ့ပါတီ
၁၅ ဦးငွန်‌မောင်း ဟားခါး ချင်းအမျိုးသားပါတီ
၁၆ ဦး‌စောသိန်း‌အောင် လှိုင်းဘွဲ့ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ
၁၇ ဦးမန်း‌မောင်‌မောင်ဉာဏ် ပန်းတ‌နော် တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီ (တစည)
၁၈ ‌ဒေါက်တာသန်းဝင်း ‌မြောက်ဥက္ကလာပ အမျိုးသားဒီမိုက‌ရေစီအင်အားစုပါတီ (NDF)
၁၉။ ‌ဒေါ်ဒွဲဘူ အင်ဂျန်းယန် စည်းလုံးညီညွတ်‌ရေးနှင့် ဒီမိုက‌ရေစီပါတီ
ကချင်ပြည်နယ် (စဒက)
၂၀။ ‌ဒေါ်ခင်‌စော‌ဝေ ရ‌သေ့‌တောင် ရခိုင်တိုင်းရင်းသားများ တိုးတက်‌ရေးပါတီ (RNDP)
၂၁။ ‌ဒေါ်မိမြင့်သန်း ‌ရေး မွန်‌ဒေသလုံးဆိုင်ရာဒီမိုက‌ရေစီပါတီ
၂၂။ ဦးမန်း‌အောင်တင်မြင့် ကရင်ပြည်နယ်၊ အမှတ် ၁၂ ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ
(ယခင် KPF)
၂၃။ ဦးစခုန်တိန့်ယိန်း ကချင်ပြည်နယ်၊အမှတ် ၄ တသီးပုဂ္ဂလ

အမှတ်စဉ် (၁၃/၂၂/၂၃) တို့သည် အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ်များဖြစ်ပြီး ကျန်သူများမှာ ပြည်သူ့လွှတ်‌တော် ကိုယ် စားလှယ်များ ဖြစ်သည်။

ညီ‌နောင်တိုင်းရင်းသား ၅ပါတီ၏ သ‌ဘောထား‌ကြေညာချက်( ၄/၂၀၁၁) တွင်
လက်မှတ်‌ရေးထိုးကြသူများ
၂၀၁၁ ခုနှစ်၊ ဩဂုတ်လ(၃)ရက်
(ဇယား ၂)
စဉ် အမည် တာဝန် ပါတီ
၁။ ဦးဇိုဇမ် ဥက္ကဋ္ဌ ချင်းအမျိုးသားပါတီ
၂။ ဦးနိုင်‌ငွေသိန်း ဥက္ကဋ္ဌ မွန်‌ဒေသလုံးဆိုင်ရာဒီမိုက‌ရေစီပါတီ
၃။ ဦး‌စောသန်း‌ကျော်ဦး ဥက္ကဋ္ဌ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ
၄။ ဦးစိုင်း‌ထွေး‌မောင် ဗဟိုအလုပ်အမှု‌ဆောင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
၅။ ဦးအုန်းတင် ဒု- ဥက္ကဋ္ဌ ရခိုင်တိုင်းရင်းသားများတိုးတက်‌ရေးပါတီ