Home ထိပ်တန်းသတင်း မြစ်ဆုံစီမံကိန်း တရုတ် အရှိန်မြှင့်လုပ်‌ဆောင်‌နေ

မြစ်ဆုံစီမံကိန်း တရုတ် အရှိန်မြှင့်လုပ်‌ဆောင်‌နေ

2308
ဩဂုတ်လ ၃၁ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA အကြား စစ်ပွဲများ ဖြစ်ပွား‌နေသည့်တိုင် တရုတ် ကုမ္ပဏီဘက်မှ မြစ်ဆုံ‌ရေကာတာ တည်‌ဆောက်‌ရေးကို အရှိန်မြှင့်လုပ်‌ဆောင်‌နေသည်ဟု ကချင်လူမှုဖွဲ့ဖြိုး‌ရေးကွန်ယက်အဖွဲ့-KDNG ၏ ထုတ်ပြန်ချက်တွင် ‌ဖေါ်ပြထားသည်။

တရုတ်နိုင်ငံ၏ အကြီးမားဆုံး ‌ရေကာတာတည်‌ဆောက်‌ရေးအဖွဲ့ ဆိုင်နိုဟိုက်ဒရို‌ကော်ပို‌ရေးရှင်း (Sinohydro Corporation) ကုမ္ပ ဏီသည် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည့် ဇွန်လတွင် ရပ်ဆိုင်းထားခဲ့‌သော ၎င်းတို့၏ ‌ဆောက်လုပ်‌ရေးလုပ်ငန်းများကို တလ‌ကျော် အကြာတွင် ပြန်‌ရောက်လာပြီး လုပ်သား ၇၀၀‌ကျော်ဖြင့် ‌နေ့‌ရောညပါ အလုပ်လုပ်‌နေကြသည်ဟု အဆိုပါအဖွဲ့က ‌ထောက်ပြထား သည်။

KDNG အဖွဲ့၏ ‌ပြောခွင့်ရပုဂ္ဂိုလ် အားနန်က “ဒီတရုတ်ကုမ္ပဏီက ပထမအဆင့် ကန်ထရိုက်ရထားတယ်။ သူတို့ ဒီနှစ်အတွင်း ပထမ အဆင့် ပြီး‌အောင်လုပ်မယ်လို့ တရားဝင် ထုတ်ပြန်ထားတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၂၀၀၄ခုနှစ်တွင် စတင် ဖွဲ့တည်‌ထောင်ခဲ့သည့် ကချင်လူမှုဖွံ့ဖြိုး‌ရေးကွန်ယက်အဖွဲ့-KDNG သည် လူမှု‌ရေးနှင့် ဖွံ့ဖြိုး‌ရေးကိစ္စတို့ကို ‌ဆောင်ရွက်လျက်ရှိသည့်အဖွဲ့ ဖြစ်သည်။

‌မေလအတွင်းက ထုတ်‌ဝေဖြန့်‌ဝေခဲ့သည့် “ခက်ခဲပြင်းထန်‌သော မြစ်ကြီးနားတိုက်ပွဲ”အမည်ရှိ ဆိုင်နိုဟိုက်ဒရို‌ကော်ပို‌ရေးရှင်း ကုမ္ပဏီ ၏ ဗွီဒီယိုမှတ်တမ်း‌ခွေတွင် မြစ်ဆုံ‌ရေကာတာစီမံကိန်းနှင့် ပတ်သက်၍ ‌နှောင့်‌နှေးကြန့်ကြာ‌စေမည့် မည်သည့်အခက်အခဲ အ‌နှောက် အယှက်မဆို ၎င်းတို့ ‌ကျော်လွှားသွားမည်ဟု ‌ဖော်ပြထားခဲ့သည်။

ထို့အပြင် ၎င်းတို့အ‌နေဖြင့် ‌ရေကာတာကို ဇူလိုင်လနှင့် ဩဂုတ်လအတွင်း တည်‌ဆောက်သွားမည်ဟုလည်း ထုတ်ပြန်ထား‌ကြောင်း KDNG အဖွဲ့က ‌ပြောသည်။

တရုတ်ကုမ္ပဏီ၏ ‌ရေကာတာစီမံကိန်းအ‌ပေါ် KDNG က အ‌ရေး‌ပေါ် သတင်းထုတ်ပြန်ချက် တ‌စောင်လည်းထုတ်ပြန်ခဲ့ပြီး ထုတ်ပြန် ချက်အရ တရုတ်အလုပ်သမားများသည် အလုပ်ပြန်ဆင်းပြီး‌နောက် စီမံကိန်း‌နေရာများတွင် ‌တောင်ကတုံးများဖြစ်သည်အထိ ခုတ် ထွင်ရှင်းလင်းခြင်း၊ ‌မြောင်းများ တူး‌ဖော်ခြင်းနှင့် တမံတုတ်ခြင်းများကို လုပ်‌ဆောင်‌နေသည်ဟု ‌ဖော်ပြထားသည်။

မြန်မာအစိုးရအ‌နေဖြင့် မြစ်ဆုံ‌ရေကာတာ တည်‌ဆောက်‌ရေးစီမံကိန်း ပြန်လည်သုံးသပ်ရန် ‌ဒေါ်‌အောင်ဆန်းစုကြည်က ထုတ်ပြန် ချက်ထုတ်ကာ ‌တောင်းဆိုထားသလို အစိုးရဘက်မှ ပြန်ကြား‌ရေးဝန်ကြီး ဦး‌ကျော်ဆန်းကလည်း ဧရာဝတီမြစ်ကို ကာကွယ်မည်ဖြစ် ‌ကြောင်း၊ ယခုလဆန်းပိုင်း ‌နေပြည်‌တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ‌ပြောဆိုခဲ့သည်။

စီမံကိန်း တည်‌ဆောက်‌ရေး‌နေရာကို KIA တပ်များ မတိုက်ခိုက်နိုင်ရန် မြန်မာအစိုးရက လုံခြုံ‌ရေး အပြည့်အဝ ချထားပြီး လူဝင်လူ ထွက်ကိုလည်း တားမြစ်ထားသည်ဟု KDNG ၏ ‌ပြောဆိုချက်အရ သိရသည်။

မြစ်ဆုံ‌ရေကာတာတည်‌ဆောက်‌ရေးတွင် လမ်းတံတားတည်‌ဆောက်‌ရေး၊ သံတမံတည်‌ဆောက်‌ရေးနှင့် ‌ရေ‌မြောင်းတူး‌ဖော်‌ရေး အပါ အဝင် ‌ဆောက်လုပ်‌ရေး ၈ခုရှိပြီး ပထမအဆင့် တည်‌ဆောက်သည့် မြစ်ဆုံ‌ရေကာတာသည် မြစ်ကြီးနားမြို့၏ ‌မြောက်ဘက် ကီလိုမီ တာ ၄ဝ (၂၇မိုင်) တည်ရှိသည်ဟု KDNG က ‌ပြောသည်။

မြစ်ဆုံ‌ရေကာတာ စီမံကိန်းကို ၂၀၀၅ခုနှစ်တွင် မြန်မာနှင့် တရုတ်အစိုးရတို့က သ‌ဘောတူညီမှုရရှိပြီး လျှပ်စစ်စွမ်းအားစုစု‌ပေါင်း ၁၃,၃၆ဝမဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်။ မြစ်ဆုံ‌ရေကာတာ စီမံကိန်းအတွက် တရုတ်နိုင်ငံက အ‌မေရိကန် ‌ဒေါ်လာဘီလျံ ၂ဝ ရင်း နှီးမြှုပ်နှံမည်ဖြစ်ပြီး မြန်မာနိုင်ငံအဖို့ ရင်းနှီးမှု အကြီးမားဆုံး စီမံကိန်းတစ်ခုလည်း ဖြစ်သည်။