Home ထိပ်တန်းသတင်း ‌ရေကြီးမှု‌ကြောင့် ‌ကျောင်းပိတ် ထားရသည့် ဒုက္ခသည်က‌လေးများ စာသင်‌နေပြီ

‌ရေကြီးမှု‌ကြောင့် ‌ကျောင်းပိတ် ထားရသည့် ဒုက္ခသည်က‌လေးများ စာသင်‌နေပြီ

1871
ဩဂုတ်လ ၂၃ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မယ်‌ဟောင်‌ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ မယ်ရာမိုနှင့် မယ်လအူး ဒုက္ခသည်စခန်းများကို ယခုလဆန်းပိုင်းက မှိုင်းလုံးကြီး (မူယူ‌ချောင်း) ‌ရေနစ်မြုပ်ခဲ့သည့်အတွက် ပိတ်ထားခဲ့ရသည့် စခန်းတွင်းရှိ စာသင်‌ကျောင်းများမှာ ယခုအချိန်တွင် ပြန် လည် ဖွင့်လှစ်ကာ စာသင်‌နေပြီဖြစ်‌ကြောင်း စခန်းမှ လာသည့်သတင်များအရ သိရသည်။

စခန်းတွင်း ‌ရေလွှမ်းမိုးမှု‌ကြောင့် ဩဂုတ်လ ၂ရက်‌နေ့မှစ၍ စာသင်‌ကျောင်းများကို စတင်ပိတ်ခဲ့ရပြီး ယခုအခါ ‌ချောင်း‌ရေများ ပြန်ကျသွားပြီဖြစ်‌သော‌ကြောင့် ပြီးခဲ့သည့် ၁၇ရက်‌နေ့တွင် ‌ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်‌ကြောင်း ကရင်ဒုက္ခသည် ‌ကော်မတီ-KRC ဥက္ကဌ ‌စော‌ရောဘတ်‌ထွေးက ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “စခန်းထဲမှာ ‌ရေကြီးလို့ အိမ်‌တွေ ‌ရေမြုပ်ကုန်တယ်။ ဒါ‌ကြောင့် ‌ကျောင်းသား ၆၀၀‌ကျော်‌လောက်က သူတို့ရဲ့‌ကျောင်း သုံးစာအုပ်‌တွေနဲ့ ပစ္စည်း‌တွေအားလုံး ‌ရေထဲမှာ ပါသွားတယ်၊ အခု‌တော့ စခန်းထဲမှာ ‌ကျောင်းသုံးပစ္စည်း‌တွေကို ‌ဝေငှသုံးစွဲ‌နေ ကြပြီး ‌ကျောင်း‌တွေ‌တော့ ပြန်တက်‌နေကြပါပြီ။”ဟု ‌ပြောသည်။

မယ်ရာမိုစခန်းတွင် ‌ကျောင်းသား‌ကျောင်းသူဦး‌ရေ ၈‌ထောင်‌ကျော်ရှိကာ မူကြို‌ကျောင်းမှ အထက်တန်းလွန်‌ကျောင်းအထိ စုစု ‌ပေါင်း‌ကျောင်း ၂၀‌ကျော်ရှိပြီး မယ်လအူးစခန်းတွင် ‌ကျောင်းသား‌ကျောင်းသူဦး‌ရေ ၆‌ထောင်‌ကျော်ရှိကာ မူလတန်းမှ အထက် တန်းလွန်‌ကျောင်းအထိ စုစု‌ပေါင်း ‌ကျောင်း ၁၀‌ကျောင်း ရှိသည်။

မယ်ရာမိုစခန်းတွင် အိမ်‌ပေါင်း ၃၀၀‌ကျော် ပျက်စီးခဲ့ရပြီး မယ်လအူးစခန်းတွင်လည်း အိမ်‌ပေါင်း ၆၀‌ကျော် ပျက်စီးခဲ့ကာ ယခုအ ခါတွင် ထိုဒုက္ခသည်များသည် ယာယီ တဲအိမ်များ ‌ဆောက်လုပ်ကာ ‌နေထိုင်‌နေရ‌ကြောင်းနှင့် ၎င်းတို့အား NGO နှင့် KRC မှ တာဝန်ရှိသူများက ကြိုး၊ အဝတ်အစား၊‌ရေပုံး၊ ဇလုံနှင့် အိမ်သုံးပစ္စည်းအချို့ ကူညီ‌ဆောင်ရွက်‌ပေးခဲ့‌ကြောင်း မဲ့စရင်းမြို့မှ KRC ဝန်ထမ်းတစ်ဦးက ‌ပြောဆိုသည်။

ယခုအချိန်တွင် ‌ရေကြီးမှု‌ကြောင့် ကျိုးကျသွားသည့် မယ်ရာမိုစခန်း၏ ရပ်ကွက်(၇)အတွင်းရှိ ကြိုးတံတားမှာ ပြန်လည်ပြုပြင် နိုင်ခြင်းမရှိ‌သေးသည့်အတွက် ‌ကျောင်းသူ‌ကျောင်းသားများမှာ စက်‌လှေဖြင့်သည ‌ချောင်းဖြတ်ကူး‌နေကြရသည်ဟု သိရသည်။

ဒုက္ခသည်စခန်းနှစ်ခုတွင် ဒုက္ခသည် ၂,၀၀၀‌ကျော် ‌ရေ‌ဘေးသင့်ခဲ့ပြီး ရိက္ခာဂို‌ဒေါင်များ ပြိုကျပျက်စီးကာ အစားအစာရိက္ခာ၊ အိမ် ‌ခြေ၊ တံတားနှင့် ‌ကျောင်းများ ပျက်စီးဆုံးရှုံးခဲ့ရာ တန်ဖိုးအားဖြင့် ထိုင်းဘတ်‌ငွေသန်းတစ်‌ထောင်‌ကျော်ရှိသည်ဟု သိရှိရသည်။