Home ထိပ်တန်းသတင်း ‌ဒေါ်စုနှင့်အစိုးရ‌တွေ့ဆုံမှုမှ သုံးပွင့် ဆိုင် ‌ဆွေး‌နွေးပွဲ ဖြစ်လာရန် ‌မျှော် လင့်ချက်နည်း

‌ဒေါ်စုနှင့်အစိုးရ‌တွေ့ဆုံမှုမှ သုံးပွင့် ဆိုင် ‌ဆွေး‌နွေးပွဲ ဖြစ်လာရန် ‌မျှော် လင့်ချက်နည်း

1679
ဩဂုတ်လ ၁၆ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အစိုးရဝန်ကြီး ဦး‌အောင်ကြည်တို့ ‌တွေ့ဆုံပြီး နှစ်ဖက် ပူး‌ပေါင်း‌ဆောင်ရွက်မှု သ‌ဘောထားထုတ်ပြန်ထား‌သော်လည်း သုံးပွင့်ဆိုင် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ဖြစ်လာရန် ‌မျှော်လင့်ချက် နည်းသည်ဟု အတိုက်အခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ‌ပြောသည်။

အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်ကြည်နှင့် ‌ဒေါ်စုတို့ ဩဂုတ်လ ၁၂ရက်နှင့် ဇူလိုင်လ ၂၅ ရက်၌ ‌တွေ့ဆုံခဲ့ပြီး‌နောက် အစိုးရနှင့် NLD အကြားသာမက အစိုးရနှင့် ဒီမိုက‌ရေစီလှုပ်ရှားမှုအကြားတွင်ပါ ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး လမ်း‌ကြောင်းသို့ ဦးတည်‌နေသည်ဟု NLD ၏ ‌ပြောကြားချက်ကို အတိုက်အခံ လက်နက်ကိုင်အဖွဲ့များက တုံ့ပြန်လိုက်ခြင်း ဖြစ် သည်။

NLD ၏ ‌ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “သုံးပွင့်ဆိုင် ‌ဆွေး‌နွေးပွဲက‌တော့ အချိန်ကြာ‌စောင့်ရဦးမယ်။ ပထမနှစ်ဖွဲ့(NLDနဲ့အစိုးရ) အဆင်‌ပြေသွားရင် ကျန်တာ‌တွေ တဆင့်ပြီးတဆင့် ဖြစ်လာမှာပါ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

လက်ရှိအ‌ခြေအ‌နေအရ NLD သည် အစိုးရနှင့် ညှိနှိုင်း‌နေဆဲကာလဖြစ်ပြီး နှစ်ဘက်နားလည်မှု ရသွားပါက ကျန်သည့် တိုင်းရင်း သားအ‌ရေးကို ချန်ထားလိမ့်မည်မဟုတ်ဟု ၎င်းက ‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ၏ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “အစိုးရနဲ့ NLD တို့ ပူး‌ပေါင်း‌ဆောင်ရွက် သွားမှာဟာ KNU အ‌နေနဲ့ အ‌ကောင်းမြင်‌ပေမဲ့ အများကြီး‌တော့ မ‌မျှော်လင့်ထားဘူး။ ဘာဖြစ်လဲဆို‌တော့ အချိန်အကြာကြီးမှ ဖြစ် လာမယ့်ကိစ္စကို ‌ဟောကိန်းထုတ်လို့ မရဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

မြန်မာအစိုးရနှင့် NLD တို့ ‌ရှေ့ဆက် ပူး‌ပေါင်း‌ဆောင်ရွက်မှုများပြုလုပ်ပြီး သုံးပွင့်ဆိုင်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ဖြစ်‌ပေါ်လာ‌ရေးဆိုလျှင် အစိုးရအ‌ပေါ်သာ မူတည်‌နေသည်ဟု သူက ဖြည့်စွက်‌ပြောဆိုသည်။

မွန်ပြည်သစ်ပါတီ-NMSP ၏ အတွင်း‌ရေးမှူးချုပ် နိုင်ဟံသာကလည်း “အစိုးရက NLDနဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှု လုပ်လိုက်တာဟာ နိုင်ငံ‌ရေး လှည့်ကွက်တခုပဲလို့ မြင်တယ်။ သုံးပွင့်ဆိုင်က‌တော့ ဖြစ်ဖို့မလွယ်ပါဘူး။”ဟု ‌ပြောသည်။

အစိုးရနှင့် ပူး‌ပေါင်း‌ဆောင်ရွက်မှုတွင် NLD ပါတီသည် ဝါရင့်သည့် နိုင်ငံ‌ရေးအဖွဲ့ဖြစ်သည့်အတွက် ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် တိုင်း ရင်းသားများ၏ ရသင့်ရထိုက်သည့် အခွင့်အ‌ရေးကို ဆက်လုပ်သွားမည်ဟု ‌မျှော်လင့်‌သော်လည်း ၎င်းတို့နှစ်ဖွဲ့၏ ပူး‌ပေါင်း‌ဆောင် ရွက်မှုသည် မည်သည့်ကာလအထိ အချိန်ကြာမြင့်မည်ကို ‌စောင့်ကြည့်ရဦးမည်ဖြစ်‌ကြောင်းလည်း သူက ဆက်‌ပြောသည်။

ထို့အပြင် အစိုးရနှင့် တိုက်ပွဲ ဖြစ်ပွား‌နေသည့် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIO ကလည်း မြန်မာအစိုးရနှင့် တတိယအကြိမ် ‌တွေ့ ဆုံခဲ့ပြီး‌နောက် ယခုဆိုလျှင် ‌ဆွေး‌နွေးပွဲ ပျက်သွားသည့် အ‌နေအထားသို့ ‌ရောက်‌နေပြီဟု ‌ပြောဆိုထားသည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲအပြီး မြန်မာအစိုးရသစ်လက်ထက်တွင် ‌ဒေါ်‌အောင်ဆန်းစုကြည်သည် အစိုးရဝန်ကြီး ဦး‌အောင်ကြည်နှင့် ၂ကြိမ် ထပ်မံ ‌တွေ့ဆုံခဲ့ပြီး‌နောက် တိုးတက်မှုများရှိသည်ဟု NLD က ကြိုဆို‌ကြောင်း ထုတ်ပြန်ခဲ့သည်။

NLD ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ၂၀၁ဝ နိုဝင်ဘာလ မတိုင်မီ ‌နေအိမ်အကျယ်ချုပ်ဖြင့် ရှိစဉ် ကာလအတွင်း ယခင် စစ်အစိုးရလက်ထက် အစိုးရဝန်ကြီး ဦး‌အောင်ကြည်နှင့် ၉ကြိမ် ‌တွေ့ဆုံခဲ့‌သော်လည်း သိသားထင်ရှားသည့် နိုင်ငံ‌ရေးရလဒ်‌ကောင်း မရခဲ့‌ပေ။