Home ထိပ်တန်းသတင်း ‌ချောင်း‌ရေကျသွား‌သော်လည်း ဒုက္ခသည်စခန်းမှ ‌ရေ‌ဘေးသင့် သူများ ယာယီ‌နေရာတွင် ရှိ‌နေဆဲ

‌ချောင်း‌ရေကျသွား‌သော်လည်း ဒုက္ခသည်စခန်းမှ ‌ရေ‌ဘေးသင့် သူများ ယာယီ‌နေရာတွင် ရှိ‌နေဆဲ

1644
ဩဂုတ်လ ၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မယ်‌ဟောင်‌ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ မယ်ရာမိုနှင့် မယ်လအူး ဒုက္ခသည်စခန်းကို ယခုလဆန်းပိုင်းက နစ်မြုပ်ခဲ့ သည့် မှိုင်းလုံကြီး(မူယူ)‌ချောင်း‌ရေသည် ယခုရက်ပိုင်းအတွင်း ‌လျော့ကျသွား‌သော် လည်း‌ရေ‌ဘေးဒုက္ခသည်များမှာ မိမိ‌နေအိမ် သို့ ပြန်လည်‌နေထိုင်နိုင်ခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

“‌ရေ‌တော့ ပြန်ကျသွားပါပြီ။ ဒါ‌ပေမယ့် ‌လော‌လောဆယ် ဒုက္ခသည်‌တွေ သူတို့အိမ်ကို လုံးဝ ပြန်‌နေလို့မရ‌သေးဘူး။ သူတို့အိမ် ‌တွေ အကုန်လုံး ပျက်စီးသွားတယ်‌လေ။ အထူးသဖြင့် ရပ်ကွက် ၆နဲ့ ရပ်ကွက် ၇‌ပေ့ါ။ အခု ‌ဆေးရုံ၊ ‌ကျောင်း၊ ဘုရား‌ကျောင်း‌တွေ မှာ ခိုလှုံ‌နေရတုန်းပဲ။ ‌ရေ‌လျော့ကျသွား‌ပေမယ့် မိုးဆက်တိုက် ထပ်ရွာလို့ရှိရင် စိုးရိမ်ရတဲ့ အ‌ခြေအ‌နေမှာရှိတုန်းပဲ။”ဟု စခန်း တွင်းရှိ Karen Refugee Committee Education Entity (KRCEE) အတွင်း‌ရေးမှူး ‌စော‌ကော်မူက ‌ပြောသည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်း၍ မူယူ‌ချောင်း‌ရေကြီးမှု‌ကြောင့် လူ‌နေအိမ်၊ ရိက္ခာဂို‌ဒေါင်များသာ ပျက်စီးပြီး လူအ‌သေအ ‌ပျောက်မရှိ‌ကြောင်း ဒုက္ခသည်တာဝန်ရှိသူများက ‌ပြောဆိုကြ‌သော်လည်း ထိုင်းသတင်းများ၏ ‌ရေးသား‌ဖော်ပြချက်အရ မယ်လ အူးဒုက္ခသည်စခန်းနှင့် မဲ့စလဲ့‌ကျေးရွာကြားတွင် ဒုက္ခသည်မဟုတ်သူ ၃ဦး‌သေဆုံးပြီး ၅ဦး‌ပျောက်ဆုံး‌နေသည်ဟု ဆိုသည်။

ထိုသို့ ‌ရေများ ‌လျော့ကျလာ‌သော်လည်း စာသင်‌ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အနည်းဆုံး ၂ပတ် သို့မဟုတ် ၃အထိအ ချိန်ယူရမည်ဖြစ်သလို ‌ရေနစ်မြှုပ်မှု‌ကြောင့် ဒုက္ခသည်များသည် မိုးထဲ‌ရေထဲတွင် သွားလာလှုပ်ရှား‌နေရ‌သော‌ကြောင့် ‌ကျောင်း ‌နေအရွယ်က‌လေးငယ်များမှာ ဖျားနာမှုများရှိသည်ဟု ‌စော‌ကော်မူက ‌ပြောသည်။

၎င်းက “ပျက်စီးသွားတဲ့ အိမ်‌တွေ၊ တံတား‌တွေကို ပြန်လည်ပြုပြင်ရမယ်ဆို‌တော့ ‌ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့က အနည်းဆုံး အချိန် ၁လ‌လောက် ယူရအုံးမယ်။ က‌လေး‌တွေလည်း မိုးထဲ‌ရေထဲမှာ သွားလာ‌နေရ‌တော့ တချို့ဖျားနာတာလည်း ရှိသလို ‌နောက်ဆက်တွဲအဖြစ် ဝမ်း‌လျောတာ‌တွေလည်း ရှိတယ်။”ဟု ‌ပြောသည်။

ယခုအချိန်တွင် မယ်ရာမိုနှင့် မယ်လအူးစခန်းများမှ ၎င်း‌ရေ‌ဘေးဒုက္ခသည်များအတွက် အ‌ရေး‌ပေါ်လိုအပ်သည့် အကူအညီများ ကို ဦးစွာ လုပ်‌ဆောင်‌ပေး‌နေသည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ(KRC)ဥက္ကဌ ‌စော‌ရောဘတ်‌ထွေးက ‌ကေအိုင်စီကို ‌ပြောသည်။

သူက “ကားလမ်းက‌တော့ သွားလို့ရပြီဆို‌ပေမယ့် ပစ္စည်း‌တွေကို ခက်ခက်ခဲခဲ ယူသွားရတာ‌ပေါ့။ အိမ်ပျက်စီးသွားတဲ့လူ‌တွေအ တွက် အ‌ရေး‌ပေါ်အဖြစ် တာလပတ်အမိုးအကာတို့ သွား‌ပေးတယ်။ အဝတ်အစားတချို့လည်း ပါတယ်။ စခန်းနဲ့နီးတဲ့ ထိုင်း ‌ကျေးရွာတချို့လည်း ‌ရေနစ်မြှုပ်တာ ခံရတာ။ အ‌သေအ‌ပျောက်လည်း ရှိတယ်လို့ သိရတယ်။”ဟု ‌ပြောသည်။

ဒုက္ခသည်စခန်း ၂ခုတွင် ဒုက္ခသည် ၂,၀၀၀‌ကျော် ‌ရေ‌ဘေးသင့်ခဲ့ပြီး မယ်ရာမိုဒုက္ခစခန်းမှ လူ‌နေအိမ် ၄၀၆လုံး၊ မူယူ‌ချောင်းကို ဖြတ်‌ကျော်သည့် ကြိုးတံတားကြီး အပါအဝင် စခန်းရှိ တံတားငယ် ၁ဝစင်း၊ ရိက္ခာဂို‌ဒေါင် ၃လုံးမှ ဆန်အိတ် ၂၉၇ဝအိတ်၊ ဆား ၆၃အိတ်၊ ပဲ ၃၃၂အိတ်၊ စားသုံးဆီ ၁၃၆ပုံး၊ Asia Mix (ဂျုံမှုန့်) ၂၅၅အိတ်၊ ငါးပိ ၆၅ပုံး ပျက်စီးသွားခဲ့ပြီး မယ်လအူးစခန်းတွင်မူ ‌နေအိမ် ၅၉လုံးနှင့် စာသင်‌ကျောင်း ၂‌ကျောင်း ပျက်စီးခဲ့သည်ဟု (KRC)၏ မှတ်တမ်းအရ သိရသည်။