Home ထိပ်တန်းသတင်း အုန်းဖျန်စခန်း ဒုက္ခသည်များကို ဂျပန်နိုင်ငံက ‌ခေါ်မည်

အုန်းဖျန်စခန်း ဒုက္ခသည်များကို ဂျပန်နိုင်ငံက ‌ခေါ်မည်

1957
ဩဂုတ်လ ၂၅ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

တတိယနိုင်ငံသို့ ‌နေရပ်‌ပြောင်း‌ရွှေ့‌နေရာချထား‌ရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ၂၀၁၂ခုနှစ်၌ ဂျပန်နိုင်ငံက ‌ခေါ်ယူ ‌နေထိုင်ခွင့်ပြုသွားမည်ဟု အုန်းဖျန်စခန်းတာဝန် ရှိသူများက ‌ပြောသည်။ သို့‌သော် လက်ခံ‌ခေါ်ယူမည့် ဒုက္ခသည် အ‌ရေအတွက်ကိုမူ မသိရ‌သေး‌ပေ။

ဇူလိုင်လက ဂျပန်အစိုးရ ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး(UNHCR) အဖွဲ့တို့က အုန်းဖျန် စခန်းရှိ တာဝန်ရှိသူများနှင့် လာ‌ရောက်‌တွေ့ဆုံကာ ဂျပန်နိုင်ငံ သွား‌ရောက်‌နေထိုင်လိုသူ ဒုက္ခသည်များကို လာမည့်နှစ် စက် တင်ဘာတွင် အမည်စာရင်း လာ‌ကောက်ယူမည်ဟု အသိ‌ပေး ‌ပြောကြားခဲ့သည်။

အုန်းဖျန်စခန်း ဥက္ကဌ ‌စောဝါးထီးက “သူတို့(ဂျပန်နှင့် UNHCR)က ဂျပန်နိုင်ငံ သွားချင်တဲ့သူ‌တွေ လာမယ့်နှစ်မှာ ‌လျှောက်လို့ရ ပြီ‌ပေါ့။ ဒုက္ခသည်‌တွေ စခန်းက‌နေ ထွက်ဖို့ တဆင့်ပြီးတဆင့် သူတို့ ‌ဆောင်ရွက်သွားမယ်။”ဟု ‌ပြောသည်။

ဂျပန်အစိုးရက ၎င်းနိုင်ငံအတွင်း အ‌ခြေချ‌နေထိုင်ရန် ‌လျှောက်လွှာတင်သူများသည် UNHCR ၏ တရားဝင် မှတ်ပုံတင်လက် မှတ် ကိုင်‌ဆောင်ထားသူများ ဖြစ်ရမည်ဟု သတ်မှတ်ထားပြီး အ‌ရွေးခံရသူများကို ၂၀၁၃ခုနှစ်၊ စက်တင်ဘာလတွင် ဂျပန်နိုင်ငံ သို့ လာ‌ရောက်နိုင်ရန် စီစဉ်မည်ဖြစ်‌ကြောင်း သူက ဆက်‌ပြောသည်။

အုန်းဖျန်စခန်းတွင် ‌နေထိုင်သူ ဒုက္ခသည် ‌နော်‌ဘော့‌ညောက “ဂျပန်နိုင်ငံကို သွားဖို့ စိတ်ဝင်စားတဲ့သူ အများကြီးရှိတယ်။ ဂျပန် နိုင်ငံက အလုပ်နိုင်ရင် လုပ်သလို အခ‌ကြေးရတယ်‌လေ။ ကျမလည်း စိတ်ဝင်စားတယ်။ ဒါ‌ပေမယ့် မိသားစု အကန့်အသတ် ရှိ‌တော့ သွားလို့ မရဘူး။”ဟု ‌ပြောသည်။

ဂျပန်နိုင်ငံ‌လျှောက်သူများသည် ‌ခြေပြတ်၊ လက်ပြတ်ဒုက္ခိတ မဖြစ်ရ၊ အိမ်‌ထောင်သည်များ ဖြစ်ရမည်၊ သို့‌သော် မိသားစုဦး‌ရေ ၄‌ယောက်ထက် မများသူ၊ အသက် ၄ဝနှစ်‌အောက် အရွယ်ရှိသူ ဖြစ်ရမည်ဟု ဂျပန်အစိုးရက သတ်မှတ်ထား‌ကြောင်းလည်း အုန်းဖျန်တာဝန်ရှိသူများက ‌ပြောသည်။

ဂျပန်နိုင်ငံတွင် အ‌ခြေချသည့် ဒုက္ခသည်များကို ဂျပန်အစိုးရက ‌ငွေ‌ကြေးနှင့်အတူ ဂျပန်ဘာသာစကား၊ စာ‌ပေ ယဉ်‌ကျေးမှုနှင့် အသက်‌မွေးဝမ်း‌ကျောင်း ပညာတို့ကို ၆လကြာ ကူညီ‌ထောက်ပံ့ သင်ကြား‌ပေးသည်။

သို့‌သော် ယခုနှစ် မတ်လ၌ ဂျပန်နိုင်ငံတွင် ဆူနာမီ သဘာဝ‌ဘေးအန္တရာယ် ကျ‌ရောက်ပြီး လူအများအပြား ‌သေဆုံးမှု‌ကြောင့် အုန်းဖျန်စခန်းရှိ ဒုက္ခသည်အချို့ ဂျပန်နိုင်ငံသွားရန် တုံ့ဆိုင်း‌နေသည်ဟု အုန်းဖျန်ဒုက္ခသည်များက ‌ပြောသည်။

Photo-KIC (အုန်းဖျန်ဒုက္ခသည်စခန်း)

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့မှ ‌တောင်ဘက် ၇၅ကီလိုမီတာခန့် အကွာတွင်ရှိသည့် အုန်းဖျန်စခန်းသည် ၁၉၉၉ခုနှစ်တွင် စတင် တည်‌ထောင်ခဲ့ပြီး မြန်မာဒုက္ခသည် နှစ်‌သောင်း‌ကျော် ‌နေထိုင်လျက်ရှိသည်ဟု ကရင်ဒုက္ခသည်များ‌ကော်မတီ-KRC ၏ ဇူလိုင် လထုတ် အစီရင်ခံစာအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၌ ထိုင်း-မြန်မာနယ်စပ် အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းမှ ဒုက္ခသည် ၂၇ဦးကို ဂျပန်အ စိုးရက ၎င်း၏နိုင်ငံတွင် အ‌ခြေချ ‌နေထိုင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်တ‌လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ်းဟင်၊ ဘန့်ဒုံယမ်း စသည့် ကရင်ဒုက္ခ သည်စခန်း ၇ခုနှင့် ကရင်နီစခန်း အမှတ်(၁)၊ အမှတ်(၂) အပါအဝင် ဒုက္ခသည်စခန်း ၉ခုရှိပြီး လူဦး‌ရေ တစ်သိန်း‌ကျော်ရှိသည် ဟု သိရသည်။