Home ထိပ်တန်းသတင်း သံဖြူဇရပ် ရဲစခန်းကို အမည် မသိ ‌သေနတ်သမား ၂ဦး ပစ်ခတ်

သံဖြူဇရပ် ရဲစခန်းကို အမည် မသိ ‌သေနတ်သမား ၂ဦး ပစ်ခတ်

1582
ဩဂုတ်လ ၂၉ရက်။ (‌ကေအိုင်စီ)

မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ ‌အောင်‌ဇေယျရပ်ကွက်ရှိ မြို့မရဲစခန်းကို အမည်မသိ ‌သေနတ်သမားနှစ်ဦးက ယ‌နေ့ ‌နေ့လည် ၁၁နာရီ ဝန်းကျင်ခန့်က ‌သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။

ဆိုင်ကယ်စီးလာသည့် ထို‌သေနတ်သမား ၂ဦးသည် မြို့လယ်ရှိ ရဲစခန်းကို ၄၀-မမဖြင့် ပစ်ခတ်သွားရာ စခန်းခြံစည်းရိုးထိကာ ‌ပေါက်ကွဲမှုမရှိသည့်အတွက် တစုံတရာ ထိခိုက်မှုမရှိ‌ကြောင်း သိရသည်။

“အရပ်သားဝတ်စုံနဲ့ပဲ ၂‌ယောက် ဆိုင်ကယ်စီးရင်းနဲ့ ပစ်သွားတာ။ ‌နောက်က စီးတဲ့လူက ပစ်တယ်။ စခန်းဝင်းကို‌တော့ ထိသွား တယ်။ ဒါ‌ပေမယ့် ဘာထိခိုက်မှုမှ မရှိဘူး။”ဟု သံဖြူဇရပ်မှ ရဲအရာရှိတဦးက ‌ပြောသည်။

ထို‌သေနတ်သမားနှစ်ဦးသည် ‌မော်လမြိုင်ဘက်မှ လာသည့်လမ်းအတိုင်း ဝင်လာပြီး ရဲစခန်းကို ပစ်ခတ်ကာ ပငသွားရာလမ်းဘက် သို့ ဆိုင်ကယ်ဖြင့် ထွက်‌ပြေး‌မောင်းနှင်သွား‌ကြောင်း မြို့ခံများက ‌ပြောသည်။

အဆိုပါရဲစခန်းကို ဝင်ပစ်သွားသည့် ‌သေနတ်သမားနှစ်ဦးမှာ မည်သူမည်ဝါဖြစ်ပြီး မည်သည့်အဖွဲ့အစည်းမှ ဖြစ်သည်ကို အာဏာပိုင် များက ရှာ‌ဖွေ‌ဖော်ထုတ်နိုင်ခြင်း မရှိ‌သေး‌ပေ။

သံဖြူဇရပ် မြို့ခံတစ်ဦးက “စခန်းကို ပစ်သွားပြီး‌တော့ ပငသွားတဲ့လမ်းဘက်ကို ‌မောင်း‌ပြေးသွားတာကြားတယ်၊ အ‌သေးစိတ်ကို ‌တော့ ဘာမှမသိရ‌သေးဘူး။”ဟု ‌ပြောသည်။

ရဲစခန်းဝင်ပစ်သွားသည့် ထို‌သေနတ်သမားနှစ်ဦးကို မြို့‌ပေါ်ရှိ တာဝန်ရှိရဲများနှင့် စစ်တပ်များတို့က လိုက်လံရှာ‌ဖွေ‌နေဆဲဖြစ်သည်ဟု ၎င်းမြို့ခံက ‌ပြောသည်။

၂၀၁ဝ ခုနှစ်၊ ‌မေလက သံဖြူဇရပ် မြို့မရဲစခန်းအတွင်း ဗုံးတလုံး‌ပေါက်ကွဲခဲ့‌သော်လည်း ယခုဖြစ်စဉ်လိုပင် တစုံတရာ ထိခိုက်ပျက် စီးမှု မရှိခဲ့‌ပေ။

အလားတူ ၂၀၁၁ခုနှစ်၊ ဇွန်လတွင်လည်း သံဖြူဇရပ်မြို့၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး အိမ်အနီး၌ ဗုံးတလုံး‌ပေါက်ကွဲခဲ့ရာ အုတ်တံတိုင်း ပြို ကျတာသည်မှလွဲ၍ ပျက်စီးဆုံးရှုံးမှု မရှိသလို ထိုဗုံး‌ပေါက်ကွဲမှုမှာလည်း မည်သူ့လက်ချက်ဖြစ်သည်ကို အာဏာပိုင်တို့က ‌ဖော်ထုတ် နိုင်ခြင်း မရှိခဲ့‌ပေ။