Home ထိပ်တန်းသတင်း သမ္မတ၏ ဖိတ်‌ခေါ်ချက်ကို အယုံကြည်မရှိဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ‌ပြောဆို

သမ္မတ၏ ဖိတ်‌ခေါ်ချက်ကို အယုံကြည်မရှိဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ‌ပြောဆို

1928
ဩဂုတ်လ ၁၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မြန်မာအစိုးရကို ဆန့်ကျင်‌နေသည့် မည်သည့်လက်နက်ကိုင် အဖွဲ့မဆို ငြိမ်းချမ်း‌ရေးရယူသည့် ဆန္ဒရှိပါက သက်ဆိုင်ရာ ပြည် နယ်အစိုးရအဖွဲ့နှင့် အချိန်မ‌ရွေး ‌ဆွေး‌နွေးနိုင်‌ကြောင်း သမ္မတဦးသိန်းစိန်၏ ‌ပြောကြားချက်အ‌ပေါ် အယုံအကြည်မရှိ‌ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ‌ပြောသည်။

မြန်မာအစိုးရ သမ္မတဦးသိန်းစိန်က ယမန်‌နေ့မွန်းလွဲပိုင်းတွင် ‌နေပြည်‌တော်၊ ဇမ္ဗူသီရိမြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန (MICC)၌ ကျင်းပသည့် စီးပွား‌ရေး၊ လူမှု‌ရေးနယ်ပယ်အသီးသီး၊ အသင်း၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူ များနှင့် ‌တွေ့ဆုံပွဲအခမ်းအနားတွင် မိန့်ခွန်း‌ပြောကြားချက်ကို လက်နက်ကိုင်အဖွဲ့များက တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “တကယ်တမ်း သူ့မှာ နိုင်ငံ‌ရေးအရ ‌ဖြေရှင်းဖို့ ‌ပေါ်လစီရှိမယ်ဆိုရင် အများက ‌တောင်းဆိုထားတဲ့ဟာ‌တွေကို မလိုက်‌လျောဘဲနဲ့ စကားနဲ့ပဲ ပြန်လာကြပါ။ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနဲ့အညီ အ တွင်းမှာ ပြန်လာလက်နက်ချကြပါ။ ဒီလိုအ‌ခြေအမြစ်မရှိတဲ့ ‌ပြောဆိုချက်က ကျ‌နော်တို့နဲ့ ‌စေ့စပ်ညှိနိုင်းလို့ရတဲ့ လိုင်းမှ မဟုတ် တာ။”ဟု ဆိုသည်။

ထို့အပြင် ဦးသိန်းစိန်အစိုးရက လက်ရှိ ဖြစ်ပျက်‌နေသည့် နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် မ‌ဖြေရှင်း‌သေးသ၍ လက်နက် ကိုင် တိုင်းရင်းသားအဖွဲ့များအ‌နေဖြင့်လည်း ၎င်းတို့အစိုးရ အတည်ပြုခဲ့သည့် ၂၀၀၈ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေ‌အောက်တွင် လက်နက်ချ အညံ့ခံရန် လုံးဝ အ‌ကြောင်းမရှိဟု ဗိုလ်မှူး‌စောလှ‌ငွေ ဆက်‌ပြောသည်။

ဦးသိန်းစိန်က ‌ကေအိုင်အို၊ ‌ကေအိုင်‌အေတင်မက ရှမ်းနှင့် ကရင်ပြည်နယ်ရှိ အစိုးရကို ဆန့်ကျင်‌နေသည့် မည်သည့် လက်နက် ကိုင်အဖွဲ့မဆို ငြိမ်းချမ်း‌ရေး ရယူလိုသည့် ဆန္ဒရှိပါက သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် အချိန်မ‌ရွေး ‌ဆွေး‌နွေးနိုင်‌ကြောင်း လမ်းဖွင့်‌ပေးထားပြီး ပြည်‌ထောင်စု အစိုးရအဖွဲ့အ‌နေဖြင့် ဒို့တာဝန်အ‌ရေး ၃ပါး အဓိကထားကာ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေနှင့်အ ညီ ‌ဆောင်ရွက်သွားမည်ဟု သူ၏ မိန့်ခွန်းထဲတွင် ‌ပြောကြားခဲ့သည်။

မွန်ပြည်သစ်ပါတီ အတွင်း‌ရေးမှူးချုပ် နိုင်ဟံသာက “ငြိမ်းချမ်း‌ရေး၊ အပစ်အခတ်ရပ်စဲ‌ရေး ဆိုတာက တပြည်လုံးနဲ့ သက်ဆိုင် တယ်။ အထက်က မူအတိအကျမရှိဘဲနဲ့ ပြည်နယ် အစိုးရနဲ့ လုပ်တယ်ဆိုတာ ပြီးပြတ်မှာ မဟုတ်ဘူး။ ‌နောက် ဒီပြည်နယ်မှာ တမျိုး၊ ဟိုပြည်နယ်မှာတမျိုး လုပ်တာလည်း အားလုံးကို မခြုံငုံမိနိုင်ဘူး။ သူတို့‌ပြော‌ပြော‌နေတဲ့ ငြိမ်းချမ်း‌ရေးလိုချင်ရင် ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေအရ‌ပေါ့ဗျာ။ အဲဒီ‌ဘောင်ထဲမှာ ဝင်ရမယ်ဆိုတဲ့ဟာက ကျ‌နော်တို့ လက်မခံနိုင်တဲ့ အ‌နေအထားပဲ။ ဦးသိန်းစိန်အ ‌နေနဲ့ တပြည်လုံးငြိမ်းချမ်း‌ရေး လိုချင်ရင် တပြည်လုံးနဲ့ ဆိုင်တဲ့မူကို ဘယ်လိုလုပ်မလဲ။ ကျ‌နော်တို့ကလည်း တိုင်းရင်းသားအား လုံးနဲ့ သက်ဆိုင်တဲ့ မူအ‌ပေါ်မှာပဲ လုပ်ချင်တယ်။”ဟု ‌ပြောသည်။

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)၏ အတွင်း‌ရေးမှူး(၁) ခူးဦးရယ်ကလည်း “ဒါက‌တော့ လူကြား‌ကောင်း‌အောင် ‌ပြောတာပဲလို့ ကျ‌နော်တို့ ထင်တယ်။ သူတို့နဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းကြားမှာ နိုင်ငံတကာက သူတို့ကို အမြင်‌ကောင်း‌အောင် ‌ပြောရတယ်ဆိုတဲ့ သ‌ဘောမျိုးပဲလို့ ကျ‌နော်တို့ နားလည်တယ်။ ဒီလို ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ဆိုတာက တရား ဝင် ကျ‌နော်တို့ကို စာနဲ့‌ပေနဲ့ ကမ်းလှမ်းတာမျိုး သို့မဟုတ် မစ်ရှဲန်‌တွေဖွဲ့ပြီး‌တော့ ကျ‌နော်တို့ကို ‌တွေ့ဆုံညှိနှိုင်းသင့်တယ်။”ဟု ‌ပြောသည်။

ထို့အပြင် ယမန်‌နေ့က ပြုလုပ်သည့် ‌တွေ့ဆုံပွဲတွင် သမ္မတဦးသိန်းစိန်က အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ပြည်ပကို ‌ရောက်ရှိ‌နေကြ သည့် မြန်မာနိုင်ငံသား တိုင်းရင်းသားများကိုလည်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိပါက အချိန်မ‌ရွေး ပြန်လာနိုင်ရန် စဉ်း စား‌ပေးမှာဖြစ်သလို ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်‌သော ပြစ်ဒဏ်ခံယူရန် ပြန်လာမည်ဆိုပါက ၎င်းတို့အစိုးရအ‌နေဖြင့် သ‌ဘောထားကြီးစွာဖြင့် စဉ်းစား‌ပေးမှာဖြစ်‌ကြောင်း ထုတ်‌ဖော်‌ပြောဆိုခဲ့သည်။

၎င်းဖိတ်‌ခေါ်ချက်နှင့် ပတ်သက်၍ ပြည်တွင်းရှိ နိုင်ငံ‌ရေးအင်အားစုများနှင့် လူမှု‌ရေးအဖွဲ့အစည်းများက ‌ထောက်ခံကြိုဆိုကြ ‌သော်လည်း ပြည်ပ‌ရောက် အဖွဲ့အစည်းများက လက်ရှိ နိုင်ငံ‌ရေးအကျဉ်းသားများကို ဦးစွာ ပြန်လွှတ်‌ပေးရန် လိုအပ်‌နေ ‌ကြောင်း ‌ဝေဖန်‌ထောက်ပြ ‌ပြောဆို‌နေကြသည်။

အလားတူ ကချင်ပြည်နယ်ဘက်တွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်‌ရေးတပ်ဖွဲ့(KIA)တို့အကြား ဖြစ်ပွား‌နေသည့် ပစ်ခတ်မှု များမှာ KIA အဖွဲ့၏ ကချင်ပြည်နယ်ရှိ နိုင်ငံ‌တော်၏ ‌ရေအားလျှပ်စစ် စီမံကိန်းများကို ဖျက်လိုဖျက်ဆီးလုပ်ရာမှ ပြဿနာ စခဲ့ ခြင်းဖြစ်‌ကြောင်း သမ္မတဦးသိန်းစိန်က ထည့်သွင်း‌ပြောဆိုခဲ့သည်။