Home ဆောင်းပါး ယပက်လက် မှန်လျှင် ကကိုပြင်၊ က ဆိုရန်ခက် ယ ကိုဖျက်

ယပက်လက် မှန်လျှင် ကကိုပြင်၊ က ဆိုရန်ခက် ယ ကိုဖျက်

2211
M.ထက်‌ခေါင်

(၁)

ဟုတ်မဟုတ်ဆို၊ မနာလိုနှင့်၊ နာလိုတုံဘိ၊ ကျိုးမရှိငြား၊
စကား‌လေးလုံး၊ သူမိုက်သုံးကို၊ သက်ဆုံးဉာဏ်ရှင်၊ မမိန့်ချင်ဘူး၊
သူပင်နာလို၊ မနာလိုတိ၊ ကျိုးရှိဟုတ်မှန်၊ ဤနှစ်တန်သာ၊
သူမွန်သူထွဋ်၊ သူမြတ်ပညာဝါ၊ သမ္မာသမ္ဗုဒ္ဓ၊ သုဂတတို့၊
‌ပြောကြစရိုး၊ နည်းမှန်ခိုး‌လော့။
မဃ‌ဒေဝ
စကားတလုံးကို မည်သူမျှ အကျိုးမရှိဘဲ ကျ‌နော် မ‌ပြောတတ်။ ရံဖန်ရံခါ ရယ်စရာ ‌ပျော်စရာစကားများ ‌ပြောခဲ့ဘူး‌သော်လည်း အ‌ရေမရ အဖတ်မရ ‌ပေါက်ရ‌လေးဆယ် ‌တောင်‌တောင်အီအီ ‌ရောက်တတ်ရာရာ‌ပြောပြီး ‌ပျောက်သွား‌သော စကားမျိုးကို မဆို မိရန် အမြဲပင် သတိထား ဆင်ခြင်ခဲ့သည်။ စကားကို ရည်ရွယ်ချက်ဖြင့်သာ ‌ပြောဆိုခဲ့၏။

ပြီးခဲ့သည့် နှစ်များအတွင်း လစဉ်လတိုင်း ကျ‌နော် ‌ပြောဆိုခဲ့သည့် စကားများမှာ စစ်အုပ်စုကို ၎င်းတို့ အသုံးချ‌နေ‌သော လက် နက်ကိုင်နည်းလမ်းဖြင့်ပင် တိုက်ခိုက်တွန်းလှန်‌ရေး ဖြစ်သည်။ ဆိုးရွားရမ်းကားသူများကို လှလှပပ လက်တုံ့ပြန် လက်စား‌ချေ ‌သော နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားအချို့ကိုလည်း လူထု ကြည့်ရှု နည်းယူနိုင်‌ရေးအတွက် ကျ‌နော် ညွှန်းခဲ့သည်။ ကျ‌နော့်စာ တ‌ကြောင်း‌ကြောင့် လူမျိုး‌ရေး၊ ဘာသာ‌ရေး အဓိကရုဏ်းများ မ‌ပေါ်‌ပေါက်‌စေရန် အထူးပင် ဂရုပြုခဲ့‌သော်လည်း စစ်အုပ်စုကို အုံ ကြွတွန်းလှန်‌ရေး ‌နှောင့်‌နှေး‌တွေ‌ဝေ‌နေသည့် ဗမာပြည်သူလူထုကြီးအား တိုက်တွန်းနှိုးဆွသည့် စာများကို‌တော့ ဗမာပြည် လွတ် ‌မြောက်‌ရေး ‌ဆောင်ရွက်‌နေမှုအ‌ပေါ် အားမလို အားမရဖြစ်စွာ ကျ‌နော် ‌ရေးခဲ့သည်။

မည်သည့် ဘာသာတရားတွင်မဆို လက်တုံ့ပြန် လက်စား‌ချေ‌ရေးကို မလုပ်‌ကောင်း‌သော အလုပ်၊ မကြံစည်‌ကောင်း‌သော အ ‌တွေး၊ မခံယူသင့်‌သော သ‌ဘောထားအဖြစ် သတ်မှတ်ထားကြမည်ဖြစ်ပြီး ‌မေတ္တာ‌စေတနာ၊ ခွင့်လွှတ်ခြင်း၊ ‌ဗွေမယူခြင်း၊ သင် ပုန်း‌ချေ ‌ကျေ‌အေးခြင်း စသည့်အမှုကိစ္စများကိုသာ မြင့်မြတ်သည့် သ‌ဘောထားလုပ်ရပ်များအဖြစ် မှတ်ယူထားကြ‌ပေလိမ့်မည်။

သို့ရာတွင် ဓားဓားချင်း တုတ်တုတ်ချင်း ‌ဖြေရှင်းမှ ပြီးပြတ်နိုင်သည့် ကိစ္စ‌တွေလည်း ကမ္ဘာ‌လောကမှာ ရှိ‌နေသည်။

နား‌ထောင်‌ကောင်း‌အောင် နားဝင်ချို‌အောင် ‌ပြောဆို ‌ဖျောင်းဖျကြသည့် သူ‌တော်‌ကောင်း ‌ယောင်‌ဆောင်‌သောစကား‌တွေ များ စွာရှိသည်။ တကယ်တမ်း ‌စေတနာမှန်‌သော စကားများကို နားလည်ခံစားတတ်သူတို့အ‌နေဖြင့် အနှစ်ဗလာ အညာသက်သက် အများကြား၍ သင့်‌လျော်‌အောင် အသံ‌ကောင်းဟစ်သည့် ‌ကြောင်သူ‌တော်စကားများကို နား‌ယောင်မ‌နေဘဲ တကယ့် လက်ရှိ ဖြစ်ရပ်များအ‌ပေါ် မှန်မှန်ကန်ကန် ရှုမြင်လျက် ရဲရဲဝံ့ဝံ့ ဆုံးဖြတ် လမ်းညွှန်‌သော စကားမျိုးကိုသာ ပို၍ ကြားချင်ကြမည် ဖြစ် သည်။

မိုက်ရိုင်းရမ်းကား ကျူး‌ကျော်သတ်ဖြတ် ‌စော်ကားတတ်သူကို ဘုရားရှင်ကိုယ်‌တော်တိုင်ပင် ‌မေတ္တာပြ ‌ဖျောင်းဖျ၍မရ။ မိမိ၏ လုပ်‌ဆောင်နိိုင်စွမ်း တန်ခိုးကို ပြရသည်။ အစွမ်းအစကို ပြရသည်။ ရှင်‌မောဂ္ဂလန်တို့၊ ရှင်သာရိပုတြာတို့လို ရဟန်း‌တော်များက လည်း ရန်သူထက် အင်အားကြီးမားစွာ ဖန်ဆင်းပြပြီး ရန်သူကို ‌နောင်ကြဉ်‌အောင် လုပ်ကြရသည်။ ‌နောင်ကြဉ်‌အောင် လုပ်ပြီးမှ သာ ခွင့်လွှတ်‌ကျေ‌အေးသင့်သူများကို ခွင့်လွှတ်ပြီး တာဝန်ရှိသူများကို ထိုက်သင့်သလို အ‌ရေးယူမှုများ လုပ်ကြရမည် ဖြစ် သည်။ လူထုအ‌နေဖြင့် မိမိတို့၏ အင်အား အစွမ်းအစကို မပြနိုင်လျှင် ရန်သူ၏ ဖိနှိပ်‌စော်ကားမှုကို သားစဉ်‌မြေးဆက် ဆက် လက်၍ ခံကြရဖို့သာ ရှိ‌လေသည်။

(၂)

အကြမ်းမဖက် ‌တော်လှန်‌ရေး ဟူသည်မရှိ။

‌တော်လှန်‌ရေး၏ သ‌ဘောသွားမှာ ဖိနှိပ်အုပ်စိုးသူများနှင့် ၎င်းတို့ကျင့်သုံး‌နေသည့် လမ်းစဉ် စနစ် မူဝါဒများအ‌ပေါ် သည်းမခံနိုင် ‌သော‌ကြောင့် လက်နက်စွဲကိုင်ကာ အကြမ်းနည်းဖြင့် တွန်းလှန်‌ပြောင်းလဲပစ်ခြင်း ဖြစ်၏။ အနုနည်းဖြင့် ‌မေတ္တာရပ်ခံ ညှိနှိုင်း ‌ဆွေး‌နွေး ‌တောင်းဆို၍ မရနိုင်သည့်အတွက် ‌ခေတ်စနစ်တခုကို ပြုပြင်‌ပြောင်းလဲရန် မလွဲသာ မ‌ရှောင်သာ အကြမ်းနည်း အသုံး ပြုရခြင်းမှာ ‌တော်လှန်‌ရေး၏ အသက်ပင် ဖြစ်‌လေသည်။

ဖိနှိပ်အုပ်စိုးသူ၏ ခိုင်း‌စေ မှာကြားမှုများကို နားမ‌ထောင်ရုံ၊ ဖိနှိပ်သူအား ဆန့်ကျင်‌ကျောခိုင်း‌နေရုံ၊ မိမိ၏ မလိုလားမှုကို ငြိမ်းချမ်း စွာ ဆန္ဒပြ ထုတ်‌ဖော်ရုံလုပ်ရပ်များသည် ‌တော်လှန်‌သော လုပ်ရပ်များအဖြစ် မှတ်ယူနိုင်မည် ဖြစ်‌သော်လည်း ဖိနှိပ်သူအား အာခံ ဆန့်ကျင်ရုံသက်သက်သာ ဖြစ်ပြီး ဖိနှိပ်သူများကိုလည်း‌ကောင်း ၎င်းတို့ကျင့်သုံး‌နေသည့် မတရား‌သော မူဝါဒများကို လည်း‌ကောင်း ‌ပြောင်းလဲ‌စေနိုင်မည် မဟုတ်‌သော‌ကြောင့် ‌တော်လှန်‌ရေးဟု ‌ခေါ်ဆိုနိုင်မည် မဟုတ်‌ချေ။

အကြမ်းဖက်၍လည်း မ‌တော်လှန်၊ ငြိမ်ငြိမ်ဆိမ်ဆိမ်လည်း ငုံ့ခံမ‌နေ၊ ရန်သူ့သ‌ဘောအတိုင်းလည်း မလိုက်ပါနိုင်၊ ရန်သူကိုလည်း အတိအလင်း ဆန့်ကျင်ထိုးနှက်မှု မပြု၊ ငြိမ်းချမ်းစွာ ဆန္ဒပြမည်ဆိုသည့် သ‌ဘောထားမှာ ငြိမ်းချမ်း‌ရေးကို တကယ်တမ်း လို လား‌သော သ‌ဘောထားမဟုတ်နိုင်။ မတရား‌သော ‌ခေတ်စနစ်ကို ပြုပြင်‌ပြောင်းလဲလိုသူများအား လမ်းလွဲ‌စေသည့် ရန်သူ့အ ကြိုက် သ‌ဘောထားသာ ဖြစ်‌လေသည်။

ထို့ထက်ပို၍ ဆိုးဝါးသည့် သ‌ဘောထားက‌တော့ ရန်သူနှင့် အ‌ပေးအယူ အ‌လျှော့အတင်းလုပ်ကာ ‌ဆွေး‌နွေးပြီး ရန်သူ‌ပေးသမျှ အခွင့်အ‌ရေးက‌လေးများ၊ မိမိတို့အတွက် ရနိုင်သမျှ လုပ်ပိုင်ခွင့် အခွင့်အ‌ရေးက‌လေးများကို ‌တောင်းဆိုရယူလိုသည့် သ‌ဘော ထားဖြစ်သည်။ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်‌စေကာ လွှတ်‌တော်ထဲ မိမိတို့လူများ တတ်နိုင်သမျှ များများ‌ရောက်ရှိ ‌အောင် သွင်းယူမည့် အစီအစဉ်မှာ ဘယ်‌လောက်အထိ ခရီး‌ရောက် ‌အောင်မြင်ခဲ့ပါသနည်း။ ဒီမိုက‌ရေစီဘက်သား အ‌ရေခြုံ လွှတ်‌တော်အမတ်များကို ‌ထောက်ခံအား‌ပေးကာ ၎င်းတို့မှတဆင့် မိမိတို့ လိုချင်တာ‌တွေ လွှတ်‌တော်ထဲ တင်ပြ‌တောင်းဆိုခိုင်း မည့် အစီအစဉ်၊ မတရား ‌ရေးဆွဲထား‌သော အ‌ခြေခံဥပ‌ဒေကို တဖြည်းဖြည်းချင်း ‌ဆွေး‌နွေးတင်ပြ ပြုပြင်ယူမည့် အစီအစဉ်တို့မှာ လည်း လူရယ်ဖွယ်ရာ အစီအစဉ်များသာ ဖြစ်၏။ ရန်သူ့လက်‌အောက်ခံအဖြစ်မှ ဘယ်‌သောအခါမျှ မလွတ်‌မြောက်နိုင်သည့် ထို သ‌ဘောထား အကြံအစည်များသည် ရန်သူကို သက်ဆိုးရှည်စွာ လူထုအ‌ပေါ် ပို၍ ဖိနှိပ်နိုင်‌ရေး အားဖြည့်‌ထောက်ကူ‌ပေး‌နေ ‌လေသည်။

(၃)

ယခု ဖြစ်‌နေသည်မှာ ‌တော်လှန်‌ရေး အဖွဲ့အစည်းတရပ်တည်း၊ လူမျိုးစုတစုတည်း၏ အ‌ရေးကိစ္စမဟုတ်။ တိုင်းရင်းသား ပြည်သူ လူထု တရပ်လုံး ပါဝင်ဆင်နွဲလိုက်ကြရမည့် ကိစ္စရပ်ကြီး ဖြစ်သည်။ ကိုယ်နှင့်မဆိုင်ဟု ဆိုကာ ထိုင်ကြည့်‌နေ၍မရ။ ‌တော်လှန် ‌ရေး အဖွဲ့အစည်းများကို အားမလို အားမရဖြစ်‌နေ၍လည်း မရ။ လက်နက်ကိုင် တိုက်ခိုက်သူ‌တွေက တိုက်ခိုက်‌နေသလို ၎င်း တို့အတွက် ပံ့ပိုးကူညီ အားဖြည့်‌ပေးမည့်သူများ အ‌ရေးတကြီး လိုအပ်လျှက်ရှိသည်။ ဆက်သွယ်‌ရေး၊ သယ်ယူပို့‌ဆောင်‌ရေး ကဏ္ဍများအပြင် ‌တော်လှန်‌သော တပ်ဖွဲ့များအား ရန်သူ့သတင်းများ‌ပေးခြင်း၊ ရန်သူကို တတ်နိုင်သမျှ အကူအညီမ‌ပေးဘဲ သတင်းမှားများသာ‌ပေးခြင်းနှင့် တတ်အားသမျှ အလစ်အငိုက် သတ်ဖြတ်ခြင်းများဖြင့် ‌နေရာတိုင်းမှ ပါဝင်လိုက်ကြရမည် ဖြစ် သည်။ နယ်‌မြေတွင်းမှ အရပ်သားများ၊ ‌တော်လှန်‌ရေး အဖွဲ့အစည်းဝင်များ၏ မိသားစုများအားလုံး နယ်စပ်‌ဒေသများသို့ ‌ပြေး ‌ရှောင်ကာ ဒုက္ခသည်များအဖြစ် ခံယူ‌နေ၍ မဖြစ်။ မကျန်းမာသူများ၊ ကိုယ်ဝန်‌ဆောင်များ၊ က‌လေးသူငယ်များနှင့် သက်ကြီးရွယ် အိုများကိုသာ ရန်သူ့လက်နက်ကြီး ပစ်ခတ်မှုများရန်မှ လွတ်ကင်းရာသို့ ‌ရှောင်တိမ်း‌နေ‌စေပြီး လူငယ်လူရွယ် အမျိုးသား အမျိုး သမီးများ အားလုံးပင် မိမိတို့လူမျိုး၏ ဇာတိမာန်ကို ‌ဖော်ထုတ်ပြသကြရမည် ဖြစ်၏။

ရှမ်းပြည်နယ် လူထုကလည်း ရှမ်း‌တော်လှန်‌ရေး အဖွဲ့အစည်းကို ကူညီ၊ ကရင် ကချင် ရခိုင် မွန် စသည့်ပြည်နယ်များမှ လူထု ကလည်း မိမိတို့ အမျိုးသား‌တော်လှန်‌ရေး အဖွဲ့အစည်းများကို ကူညီအားဖြည့်‌ပေးကြမည်ဆိုလျှင် ‌နေပြည်‌တော်နှင့် ‌တောင် ကြီးနယ်အတွင်းမှ ‌မြေ‌အောက်ဥမင်လှိုဏ်‌ခေါင်းများအတွင်း ပုန်း‌အောင်း‌နေသည့် စစ်အုပ်စု‌ခေါင်း‌ဆောင်များနှင့် ၎င်းတို့ ‌နောက် လိုက်‌နောက်ပါများအား ဗမာပြည်အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ပြည်လုံးဆိုင်ရာ လူထုခုံရုံးကြီးတွင်တင်လျက် တရားမျှ တစွာ စီရင်နိုင်ကြမည် ဖြစ်‌လေသည်။

စစ်အုပ်စုကို ခုံရုံးတင်‌ရေးနှင့် ပတ်သက်‌သော ‌ဒေါ်‌အောင်ဆန်းစုကြည်၏ သ‌ဘောထားက‌တော့ ရှင်းလင်း ပြတ်သားမှု မရှိ။ စစ် အစိုးရ၏ ပြစ်မှုများကို စုံစမ်းစစ်‌ဆေးဖို့ရန်အတွက် ပါ‌မောက္ခကင်တားနားက ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်း‌ရေး‌ကော်မရှင်ဖွဲ့ဖို့ရန် ‌တောင်းဆိုသည်ကို ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အဲန်အယ်လ်ဒီက ‌ထောက်ခံ‌ကြောင်း၊ သို့ရာတွင် စစ်ဗိုလ်ချုပ်‌တွေကို စွဲချက် တင် တရားစွဲဖို့မဟုတ်ဘဲ စုံစမ်းစစ်‌ဆေးဖို့ ‌တောင်းဆိုတာသာ ဖြစ်သည်ဟု ‌ဒေါ်‌အောင်ဆန်းစုကြည်က ဆိုသည်။ ဗမာပြည်မှ လူ့အခွင့်အ‌ရေး အ‌ခြေအ‌နေများ ‌ပြောင်းလဲဖို့ရန်မှာ ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်‌ဆေး‌ရေး ‌ကော်မရှင်ဖွဲ့စည်းဖို့ လိုအပ်သည်ဟု ပါ‌မောက္ခကင်တားနားက ယူဆ‌ကြောင်း ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောသည်။

ထိုသ‌ဘောထား အယူအဆမှာ မပြတ်သား။ ကုလသမဂ္ဂ စုံစမ်းစစ်‌ဆေး‌ရေး ‌ကော်မရှင်ဖွဲ့ကာ စုံစမ်းစစ်‌ဆေးပြီး‌နောက် စစ်အစိုး ရ၏ ပြစ်မှုများကို ‌ဖော်ထုတ်ရုံသက်သက်၊ မှတ်တမ်းတင်ရုံသက်သက်ဖြင့် ဗမာပြည်၏ လူ့အခွင့်အ‌ရေး အ‌ခြေအ‌နေများ ‌ပြောင်း လဲသွားနိုင်မည်လား။ ပြစ်မှုများကို စုံစမ်းစစ်‌ဆေးခြင်း၏ ဦးတည်ချက်သည် အဘယ်နည်း။ စုံစမ်းစစ်‌ဆေးပြီး‌နောက် ဘာဆက် လုပ်မည်နည်း။ ပြစ်မှုများကို ‌သေချာစွာ စိစစ်စုံစမ်းပြီး‌နောက် ပြစ်မှုကျူးလွန်ခဲ့သူ‌တွေအား ထိုက်သင့်သည့် အပြစ်ဒဏ်များ ‌ပေး အပ်ဖို့မဟုတ်လျှင် ထိုစုံစမ်းစစ်‌ဆေးမှုမှာ မည်သည့်အဓိပ္ပါယ်ကို ‌ဖော်‌ဆောင်သနည်း။

တိုင်းပြည်တွင်းမှ ပြည်‌ထောင်စု လူ့အဖွဲ့အစည်းတရပ်လုံးအ‌ပေါ် ကျူးလွန်ခဲ့သမျှ ပြစ်မှုများနှင့် ‌လျော်ညီစွာ၊ တတိုင်းတပြည်လုံး သိရှိမြင်‌တွေ့နိုင်ကြမည့် ခုံရုံးတရပ်ကိုပါ ဖွဲ့စည်းလျက် ပြစ်မှုကျူးလွန်ခဲ့သူ‌တွေကို ထိုက်သင့်‌သော အပြစ်ဒဏ်များ ‌ပေးရမည် ပင် ဖြစ်သည်။ ထိုသို့ အပြစ်‌ပေး အ‌ရေးယူ ‌ဆောင်ရွက်နိုင်ရန်မှာ ၎င်းတို့နှင့် ၎င်းတို့ဩဇာခံတပ်များအား လက်နက်ကိုင်စွဲကာ ထိထိ‌ရောက်‌ရောက် တိုက်ခိုက်ခြင်းမှတပါး အခြားမရှိ‌ချေ။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ တိုက်ပွဲများ ‌နေ့စဉ်နှင့်အမျှ ဖြစ်‌နေ၏။ နယ်‌မြေရှင်းလင်း‌ရေး စီမံချက်အ ဖြစ် က‌လေး လူကြီး ‌ယောကင်္ျား မိန်းမ မချန် အားလုံး သတ်ဖြတ်ရန် အမိန့်ထုတ်ပြန်ထား‌သော‌ကြောင့် လူထုအများအပြားပင် စစ်အုပ်စု၏ လက်နက်ကြီးများရန်မှ လွတ်ရာ၊ စစ်အုပ်စု လက်ပါး‌စေ ပါးကွက်သားများရန်မှ လွတ်ရာ နယ်စပ်‌ဒေသများသို့ ‌ပြေး ‌ရှောင်‌နေကြရ၏။ တိုက်ပွဲဖြစ်‌နေသာ နယ်‌မြေများအတွင်း စစ်အုပ်စု၏ လူ့အခွင့်အ‌ရေး ချိုး‌ဖောက် ကျူးလွန်မှုများကိုလည်း မပြတ်ကြားသိ‌နေရ၏။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်းလိုလိုမှာ သုံးပွင့်ဆိုင် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး စားပွဲဝိုင်းဖြစ်‌မြောက်ဖို့ရန် လိုလား ကြသူများ ဖြစ်၏။ ပြည်‌ထောင်စုတခုတည်းတွင် ရှိ‌နေကြ‌သော ပြည်‌ထောင်စုသားချင်း စစ်မက်ဖြစ်ပွားပြီး ပျက်စီး ဆုံးရှုံး ‌သေ ‌ကြေ အနာတရ ဖြစ်မှုများဖြင့် ‌ကြောက်မက်ဖွယ် အနိဌာရုံများ ဆိုးကျိုးများ ‌ပေါ်‌ပေါက်လာမည်ကို မလိုလားကြ။ ပြဿနာများ ကို ညှိနှိုင်း‌ဆွေး‌နွေး‌ရေး၊ ရင်ကြား‌စေ့‌ရေးနှင့် ငြိမ်းချမ်း‌ရေးကို လိုလားကြသူများ ဖြစ်၏။

‌ဒေါ်‌အောင်ဆန်းစုကြည် ဦး‌ဆောင်‌သော ဒီမိုကရက်တစ် ပါတီ အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများမှ လူထုအ ကျိုး စာနာ‌ထောက်ထားတတ်‌သော ‌ခေါင်း‌ဆောင်များနှင့် တိုင်းပြည်အာဏာကို မတရား‌သော နည်းမျိုးစုံဖြင့် အဓမ္မ ရယူထား ‌သော လက်ရှိ စစ်အုပ်စု‌ခေါင်း‌ဆောင်များကိုပါ ‌နေရာတခု‌ပေးကာ သုံးဦးသုံးဖလှယ် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ဒီမိုကရက်တစ်များ နှင့် တိုင်းရင်းသား အဖွဲ့အစည်းများက ကာလကြာမြင့်စွာကပင် ဦးတည်ကြိုးပမ်းခဲ့ကြ‌သော်လည်း ယ‌နေ့အထိ ဖြစ်မလာ။ ဘယ်‌သောအခါမျှလည်း ဖြစ်လာလိမ့်မည် မဟုတ်‌ချေ။

ပြီးခဲ့သည့် ရက်များအတွင်း စစ်အုပ်စု လက်‌အောက်ခံတပ်များထဲမှ အချို့‌သော စစ်ဗျူဟာများ၊ တပ်မများ၊ တပ်ရင်းများ နှုတ် ထွက်ကြသည့်သတင်းများကို သိုးသိုးသန့်သန့် ကြားကြရသည်။ ယခင်ကလည်း စစ်တပ်တွင်း ပစ်ကြခတ်ကြသည့် သတင်း များ၊ ဆန္ဒပြသည့် သတင်းများကို ကြားရသည်။ စစ်အုပ်စုက ထိုသတင်း‌တွေကို ဖုံးဖိထား၏။ မိမိတို့ ဂုဏ်သိက္ခာကို အ‌လေး ထား‌သော တပ်မ‌တော်သား‌ကောင်းများက‌တော့ လူထုကို နှိပ်စက်သည့်အထဲ မပါဝင်လိုကြ‌ချေ။ တပ်မ‌တော်ဖြိုခွဲသူ တို့ရန်သူ ဟု ဟစ်‌အော်‌နေ‌သော်လည်း မည်သူကမျှ တပ်မ‌တော်ကို မဖြိုခွဲ။ စစ်အုပ်စု၏ လုပ်ရပ်များ‌ကြောင့်ပင် တပ်မ‌တော်မှာ သူ့အလို အ‌လျောက် ပြိုကွဲလုနီးပါး ဖြစ်လာခဲ့သည်။ သူတို့အတွင်းပိုင်းထဲ ‌အောက်‌ခြေစစ်တပ်များသာမက တပ်မှူး အ‌တော်များများပါ အထက်‌အောက် မညီမျှမှု ပြဿနာများကို ခံစားလာကြရသည်။ တပ်တွင်း ရိက္ခာ မ‌လောက်ငမှုများ၊ လခကို ဖြတ်‌တောက်စု ‌ဆောင်းခိုင်းပြီး ပြန်လည် ထုတ်ယူလိုသည့်အခါ ထုတ်မ‌ပေးကြ၍ မ‌ကျေနပ်မှု ပြဿနာများ ‌ပေါ်လာခဲ့သည်။

တပ်တွင်း စီမံကွပ်ကဲမှု က‌မောက်ကမ ဖြစ်လာ‌တော့မည့် အ‌ခြေအ‌နေများအပြင် တိုင်းရင်းသား‌တွေနှင့် ဖြစ်ပွား‌နေ‌သော စစ်ပွဲ၌ လူထုအာရုံစိုက်မှု ‌လျော့ပါ‌စေ‌ရေး၊ တိုက်ပွဲအတွင်း လူထု ဝင်‌ရောက်ကူညီမှု မပြုလာ‌စေ‌ရေး လူထုကို အာရုံလွှဲသည့်အ‌နေဖြင့် ဒီမိုက‌ရေစီ‌ရေး ‌ဆောင်ရွက်‌နေသူများဘက်သို့ စစ်အုပ်စုက ဦးတည့်‌ပေးလိုက်ပြန်သည်။

ပြီးခဲ့‌သောအပတ် အဲန်အယ်လ်ဒီကို နိုင်ငံ‌ရေးပါတီအဖြစ် တရားဝင် ရပ်တည်ခွင့် မရှိ‌တော့‌သော‌ကြောင့် ‌ဒေါ်‌အောင်ဆန်းစု ကြည်နှင့် အဲန်အယ်လ်ဒီအ‌နေဖြင့် နိုင်ငံ‌ရေးမလုပ်ရန် ‌ကြေညာ‌ပြောဆို‌နေ‌သော စစ်အုပ်စုက ထို‌ကြေညာမှုကို ရုတ်သိမ်းခြင်း မ ပြု‌သေးသည့်အကြားကပင် ၎င်းတို့ကျင်းပ‌သော အာဇာနည်‌နေ့ အခမ်းအနားသို့ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ရာ ‌ဒေါ် ‌အောင်ဆန်းစုကြည်ကလည်း ၎င်းတို့၏ ဖိတ်ကြားမှုကို လက်ခံတက်‌ရောက်ခဲ့သည်။ ထိုသို့ဖိတ်ကြားခြင်း၊ တက်‌ရောက်ခြင်းများ ကို ‌ရှေ့‌လျှောက် နှစ်ဦးနှစ်ဖက် ပူး‌ပေါင်း ‌ဆောင်ရွက်နိုင်မည့် အလားအလာ‌ကောင်းတရပ်အဖြစ် ‌ပြောဆိုသူများလည်း ရှိခဲ့ သည်။ စစ်အုပ်စုက လူထုကို အာရုံလွှဲရန် ‌ရွှေ့လိုက်သည့်ကျားကွက်ဟူ၍မူ မည်သူမျှ မဆိုကြ။

ထိုသို့ တက်‌ရောက်ပြီး ရက်အနည်းငယ် အကြာတွင်ပင် အ‌မေရိကန် နိုင်ငံခြား‌ရေးဝန်ကြီး ‌ဟေလာရီကလင်တန်က ဗမာပြည် တွင်း နိုင်ငံ‌ရေးပြဿနာများ ‌ပြေလည်နိုင်‌ရေး စစ်အုပ်စုအား ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ရန် တိုက်တွန်း လိုက်သည်။ စစ်အုပ်စုနှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်တို့ ညှိနှိုင်းကာ နိုင်ငံ‌ရေးပြဿနာများကို အ‌ဖြေရှာကြဖို့၊ ပိုမို‌ကောင်းမွန် သင့် မြတ်သည့် ဒီမိုက‌ရေစီ‌ရေး ငြိမ်းချမ်းစွာ အသွင်ကူး‌ပြောင်း‌ရေးတို့အတွက် တိုက်တွန်းခြင်း ဖြစ်သည်။

ထိုသို့ တိုက်တွန်းပြီး‌နောက် ရက်များမကြာမီမှာပင် စစ်အုပ်စု၏ အလုပ်သမား‌ရေး၊ လူမှုဖူလုံ‌ရေးနှင့် ပြန်လည် ‌နေရာချထား‌ရေး ဝန်ကြီး ဦး‌အောင်ကြည်နှင့် စိမ်းလဲ့ကန်သာတွင် မိနစ် ၈ဝကြာ ‌တွေ့ဆုံခဲ့ပြန်သည်။ ဗမာပြည် အ‌ရေးကိစ္စအတွက် အဆုံးအ ဖြတ် ‌ပေးနိုင်စွမ်းမရှိ‌သော ပုဂ္ဂိုလ်နှင့် ‌ပေး‌တွေ့သည်ကို ‌ဒေါ်‌အောင်ဆန်းစုကြည်က “ဘာပဲလုပ်လုပ် ဘာစကား‌တွေပဲ‌ပြော‌ပြော ဘယ်သူနဲ့ပဲ‌တွေ့‌တွေ့ ကျမတို့ရဲ့ ရည်ရွယ်ချက်က‌တော့ နိုင်ငံနဲ့ ပြည်သူပြည်သား‌တွေကို အကျိုးပြုဖို့ပါပဲ”ဟု ဆိုခဲ့သည်။ ဦး ‌အောင်ကြည်ကလည်း တရားဥပ‌ဒေစိုးမိုး‌ရေး၊ စိတ်ဝမ်းကွဲပြားမှု ပ‌ပျောက်‌ရေးများကို ‌ဆွေး‌နွေးခဲ့‌ကြောင်းနှင့် ပြည်သူလူထု စိတ် ချမ်းသာ‌စေဖို့ အပြုသ‌ဘောဖြင့် ‌ဆွေး‌နွေးခဲ့‌ကြောင်း ကြိုတင်‌ရေးထား‌သော ‌ကြေညာချက်ကို ဖတ်ပြသည်။ စစ်အုပ်စု ‌နောက် လိုက်‌နောက်ပါတို့၏ လုပ်ရပ်မှာ အထက်အမိန့်အတိုင်း လုပ်ကိုင်‌နေရခြင်းဖြစ်၍ ‌နေထိုင်‌ပြောဆိုမှုကအစ စက်ရုပ်ဆန်သည်။ လူ့ ဦး‌ဏှောက်ဖြင့် လူပီသစွာ စဉ်းစား ‌တွေး‌ခေါ် ‌ပြောဆို ခံစားတတ်မှု မရှိ။ ‌နောက်ထပ် ‌တွေ့ဆုံမည့် ‌ဆွေး‌နွေးပွဲများတွင်လည်း ပြည်သူကို ‌မျှော်လင့်ချက်‌ပေး ‌ချွေးသိပ်‌သောစကားများဖြင့် လူထုကြီး၏ အုံကြွတွန်းလှန်မှုများ ‌ပေါ်‌ပေါက်မလာ‌စေရန် လမ်းလွဲ ဦးမည်သာ ဖြစ်‌လေသည်။

(၄)

ဗမာပြည်၌ ဖြစ်‌နေသည့် ပြဿနာမှာ စစ်အုပ်စုနှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်အကြား လိပ်ခဲတည်းလည်း ဖြစ်‌နေ‌သော ဒီမိုက‌ရေ စီ‌ရေးရာ ပြဿနာသက်သက် မဟုတ်။ စစ်အုပ်စုနှင့် တိုင်းရင်းသား လူမျိုးစု‌တွေအကြား မ‌ထွေးနိုင် မအံနိုင် ဖြစ်‌နေသည့် အမျိုး သားတန်းတူ‌ရေး ပြဿနာ၊ စစ်အုပ်စုနှင့် ပြည်သူလူထု တရပ်လုံးအကြား ကြိတ်မနိုင်ခဲမရ ဖြစ်‌နေ‌သော လူမှုအခွင့်အ‌ရေးနှင့် တရားမျှတ‌ရေး ပြဿနာဖြစ်သည်။ စစ်အုပ်စုအ‌နေဖြင့် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့်သာမက သ‌ဘောထားရိုး‌ဖြောင့်ပြီး အများအ ကျိုး လိုလားသည့် တိုင်းရင်းသား‌ခေါင်း‌ဆောင်‌တွေနှင့်‌ကော စစ်မှန်‌သော ဒီမိုက‌ရေစီ‌ရေးကို လိုလားသည့် လူထုတရပ်လုံးက လက်ခံထား‌သော ‌ထောင်တွင်း‌ရောက် လူငယ်‌ခေါင်း‌ဆောင်များနှင့်ပါ ‌တွေ့ဆုံ‌ဆွေး‌နွေးကြရမည် ဖြစ်သည်။

မတရား ဖမ်းဆီးကာ နှစ်ရှည်‌ထောင်ဒဏ်များ ချမှတ်ထား‌သော နိုင်ငံ‌ရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ လွှတ်‌ပေး ရုံ၊ တပြည်လုံးမှ တိုက်ပွဲများကို ရပ်‌ပေးရုံ၊ ‌မွေးရာပါ ရပိုင်ခွင့် အခွင့်အ‌ရေးများထဲမှ ဒီမိုက‌ရေစီ အခွင့်အ‌ရေးအချို့ကို လိုက် ‌လျော‌ပေးရုံမျှဖြင့် စစ်အုပ်စုအား ၎င်းတို့ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှုများအားလုံးကို သင်ပုန်း‌ချေ ‌ကျေ‌အေးပြီး ၎င်းတို့ လက်ရှိ အ ‌ခြေအ‌နေအတိုင်း လက်ခံကာ ဗမာပြည်ကို အတူပူး‌ပေါင်း ‌ဆောင်ရွက်‌ရေးမူဖြင့် ဆက်လက် အုပ်ချုပ်ခွင့် ‌ပေးကြမည်လား။

၎င်းတို့ မတရား ရယူသိမ်းပိုက်ထားသည့် တိုင်းရင်းသားတို့၏ နယ်‌မြေများနှင့် ပြည်သူလူထုကြီး၏ ဘိုးဘွားပိုင် အိမ်ယာ‌မြေ များ၊ ဓားမဦးချ လုပ်ကိုင်လာခဲ့သည့် လယ်ယာ‌မြေများ၊ ပြည်တွင်း အနယ်နယ် အရပ်ရပ်နှင့် ပြည်ပနိုင်ငံကြီးများမှ ဘဏ်တို့၌ အပ်နှံသိမ်းဆည်းထားသည့် ပြည်သူ့ဘဏ္ဍာများ၊ ပြည်ပနိုင်ငံအချို့မှ လုပ်ငန်းကြီးများ၌ ရင်းနှီးမြှုပ်နှံထည့်ဝင်ထားသည့် အစု ရှယ်ယာများ၊ စား‌သောက်ဆိုင်မှအစ ရတနာဆိုင်အဆုံး ပြည်ပတွင် ဖွင့်လှစ်ထား‌သော ဟိုတယ် မိုတယ် ရီ‌ဇော့များနှင့် ကုမ္ပဏီ များကို ၎င်းတို့လက်ထဲ ဆက်လက် လည်ပတ်‌စေပြီး ရသမျှ အကျိုးအမြတ်အားလုံး ၎င်းတို့ကိုချည်း ဆက်လက် ခံစား‌စေမည် လား။

၎င်းတို့ကို ပြတ်ပြတ်သားသား မတိုက်ထုတ်နိုင်ဘဲ ပြည်တွင်းငြိမ်းချမ်းမှု ရရှိလို‌ဇောဖြင့် ၎င်းတို့နှင့် ‌ဆွေး‌နွေးမည်ဆိုလျှင် သို့ တည်းမဟုတ် ၎င်းတို့နှင့် ပူး‌ပေါင်းကာ ၎င်းတို့လက်‌အောက် ၎င်းတို့‌ပေး‌သော အမတ်၊ ဝန်ကြီး ‌နေရာများမှ‌နေ၍ ပြည်သူအတွက် ဆင့်ပါးစပ် နှမ်းပက်သည့် လုပ်‌ဆောင်နိုင်ခွင့်က‌လေးများကိုသာ ရနိုင်သ‌လောက်က‌လေး ယူကြမည်ဆိုလျှင် ၎င်းတို့ မတရားရ ယူထား‌သော လက်ရှိ စည်းစိမ်များနှင့် အကျိုးစီးပွားများကို မည်သူတဦးတ‌ယောက်၊ တစုတဖွဲ့ကမျှ လုံးဝ မထိပါး မစွက်ဖက် နိုင်သည့် အခွင့်အ‌ရေးများအားလုံး ၎င်းတို့ကို ‌ပေးရမည်မှာ အ‌သေအချာပင် ဖြစ်၏။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအ‌နေဖြင့် သုံးပွင့်ဆိုင် ‌ဆွေး‌နွေးပွဲ မကြာမီပင် ဖြစ်‌တော့မ‌ယောင် အရိပ်အ ‌ယောင် ပြလာနိုင်သည့် အ‌ခြေအ‌နေများအတွင်း အငိုက်မိ မခံရ‌စေဖို့ အလိမ်ခံ မထိ‌စေဖို့ အ‌ရေးကြီးသည်။ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းအရ ‌တွေ့ဆုံ‌ဆွေး‌နွေး အ‌ဖြေရှာခြင်းမှာ အ‌ကောင်းဆုံးနည်းလမ်း ဖြစ်‌သော်လည်း မိမိတို့၏ လက်နက်ကိုင် ‌တော် လှန်မှုကို စွန့်ပယ်၍မရ။ မတရားမှု ရှိ‌နေသမျှ တွန်းလှန်ကာကွယ်မှုကလည်း ရှိ‌နေရမည် ဖြစ်သည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်က လက်နက်ကိုင် အကြမ်းမဖက်‌ရေးကို ကိုင်စွဲထား‌သော်လည်း မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မည်သူတဦးတ ‌ယောက်ကိုမျှ အကြမ်းမဖက်‌ရေးလမ်းစဉ်ကို လိုက်ပါ‌ဆောင်ရွက်ရန် မည်သည့်အခါကမျှ မ‌ပြောခဲ့ပါဟု ဆိုသည်။ အကြမ်းမဖက် ပါနှင့်ဟု မ‌ပြောခြင်း၊ မတိုက်တွန်းခြင်းသည် အကြမ်းဖက်လိုက ဖက်နိုင်သည်ဟု ဆိုလိုခြင်းပင် ဖြစ်‌လေသည်။

စစ်အုပ်စု၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ‌ဒေါ်‌အောင်ဆန်းစုကြည် ဦး‌ဆောင်‌သော ဒိမိုက‌ရေစီ‌ရေး လှုပ်ရှားသူများ သုံးဦး သုံးဖလှယ် ပါဝင်မည့် တကယ်တမ်း စစ်မှန်မျှတ‌သော ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးမှာ မည်သည့်အခါမျှ ‌ပေါ်‌ပေါက်လာနိုင်မည် မ ဟုတ်‌ကြောင်းကို ဤ‌ဆောင်းပါးတ‌နေရာ၌ ကျ‌နော် တင်ပြခဲ့ပြီး ဖြစ်သည်။ ‌ပေါ်‌ပေါက်လာ‌တော့မလို အရိပ်အ‌ယောင်မျိုးသာ ဖြစ်လာနိုင်ပြီး ‌ဆွေး‌နွေးလျှင်လည်း ပြီး‌မြောက်‌အောင်မြင်စွာ ညှိနှိုင်းမည်မဟုတ်‌သော အတုအ‌ယောင် ‌ဆွေး‌နွေးပွဲသာ ဖြစ်‌ပေ လိမ့်မည်။ စစ်အုပ်စုကို မတိုက်နိုင်ဘဲ ၎င်းတို့နှင့်တန်းတူ ‌ဆွေး‌နွေးလို၍ မရ။ ပြည်သူလူထုနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ အ‌နေဖြင့် လုပ်စရာ လမ်း ၂သွယ်ပဲ ရှိ၏။ ဆိုခဲ့ပြီးသည့်အတိုင်း ၎င်းတို့အား သင်ပုန်း‌ချေ၊ အခွင့်အ‌ရေးများ ‌ပေးပြီး‌နောက် ၎င်းတို့ လက်‌အောက်သို့ အညံ့ခံဝင်‌ရောက်ကာ အတူပူး‌ပေါင်းလုပ်ကြမည်လား။ ၎င်းတို့ကို ဆက်လက် သက်ဆိုးရှည်ခွင့်မ‌ပေးဘဲ ပြတ် ပြတ်သားသား တိုက်ကြမည်လား။ ကကြီးလိုလို ယပက်လက်လိုလို လုပ်၍မရ။ အညံ့ခံလျှင်ခံ၊ မခံလျှင်တိုက်။ လက်နက်ကိုင် စစ်အုပ်စုနှင့် တန်းတူ‌ရေး ဆိုသည်မှာ မရှိ။ တန်းတူ‌ရေးနှင့် ငြိမ်းချမ်း‌ရေးမှာ တိုက်ပွဲ၏‌နောက်တွင် ‌ပေါ်‌ပေါက်လာမည့် ကိစ္စများ ဖြစ်‌လေသည်။

အနုနည်းဖြင့် ရနိုင်သူကို အနုနည်းသုံးပြီး အနုနည်းဖြင့် မရနိုင်သူကို‌တော့ ၎င်းတို့ လုပ်‌ဆောင်‌နေသည့် အကြမ်းနည်းအတိုင်း တွန်းလှန်ကာကာွယ်ခြင်းဖြင့်သာ ပြဿနာရပ်များကို ‌ပြေလည် ပြီး‌မြောက်နိုင်‌စေမည် ဖြစ်၏။

ယခင်က ကျ‌နော် ‌ရေးခဲ့‌သော ‌ဆောင်းပါးတပုဒ်တွင် အနည်းငယ် ‌ဖော်ပြခဲ့ဘူးသည့် မန်လည်ဆရာ‌တော်၏ မိန့်မှာချက်တခုကို ထပ်မံ ‌ကောက်နှုတ်တင်ပြလိုသည်။

ကိစ္စပြီးလို၊ ‌ရှေးအဟိုက၊ သံကိုကြွက်စား၊ သားကိုစွန်ချီ၊ ‌ရွှေနီကား‌ကြေး၊ ရင်‌သွေး‌မျောက်ဖြစ်၊
လူစစ်တသီး၊ သမီးဆိတ်မ၊ ပုံကိုဆလျက်၊ ဝကင်္ဝကင်္ ီ၊ ပလီဉာဏ်ဆိုး၊ ထိုလူမျိုးကို၊
အိုးရွဲ့စ‌လောင်း၊ ပိတ်တုံ‌ရောင်းသို့၊ ‌စောင်းလျှင် ‌စောင်းတူ၊ တည့်မူတည့်လိုက်၊ မူချင်းတိုက်‌လော့…။