Home ထိပ်တန်းသတင်း နယ်စပ်ရှိ စစ်‌ပြေးဒုက္ခသည် ၁၀၀‌ကျော် ရိက္ခာ‌ထောက်ပံ့‌ပေး သူမရှိ‌သေး

နယ်စပ်ရှိ စစ်‌ပြေးဒုက္ခသည် ၁၀၀‌ကျော် ရိက္ခာ‌ထောက်ပံ့‌ပေး သူမရှိ‌သေး

2042
ဩဂုတ် ၅ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ဒီ‌ကေဘီ‌အေနှင့် နယ်ခြား‌စောင့်တပ်များကြား ပစ်ခတ်မှုများ‌ကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်က ကရင်ပြည်နယ် နယ်စပ် မဲ့သ ‌ဝေါ‌ကျေးရွာသို့ ထွက်‌ပြေး‌ရောက်ရှိလာသည့် လှိုင်းဘွဲမြို့နယ်မှ စစ်‌ပြေးဒုက္ခသည် ၁၃ဝဦးမှာ ယခုအချိန်တွင် စားနပ်ရိက္ခာ ‌ထောက်ပံ့‌ပေးသူမရှိဘဲ ဒုက္ခ‌ရောက်‌နေကြသည်ဟု သိရသည်။

၎င်းစစ်‌ပြေးဒုက္ခသည်များကို ဒီ‌ကေဘီ‌အေအဖွဲ့မှ ဆန်အနည်းငယ်သာ ကူညီ‌ပေးနိုင်သဖြင့် အချို့မှာ ရွာဘုန်းကြီး‌ကျောင်းတွင် သွား‌ရောက်မှီခိုစား‌သောက်‌နေရသည်ဟု မဲ့သ‌ဝေါ‌ကျေးရွာရှိ ဒီ‌ကေဘီ‌အေ‌ဆေးမှူး ‌စော‌ပေါခလာက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“‌လော‌လောဆယ်‌တော့ ဘာအကူအညီမှ မရဘူး။ တ‌ယောက်ကို ဆန်တစ်ပြည်၊ နှစ်ပြည် အဲသ‌လောက်ပဲ ကျ‌နော်တို့‌တွေ ‌ပေး နိုင်တယ်။ တချို့ကလည်း ဘုန်းကြီး‌ကျောင်းမှာ ထမင်းသွားစားရတာ‌ပေါ့။”ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် ဒီ‌ကေဘီ‌အေအဖြစ် ပြန်လည် ရပ်တည်ခဲ့‌သော နယ်ခြား‌စောင့်တပ်ဖွဲ့နှင့် ကျန်ရှိ‌နေသည့် နယ် ခြား‌စောင့်တပ်ဖွဲ့ဝင်တို့အကြား ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ‌ကြောင့် ‌ယော်ပို၊ တကွီကလား၊ ကမားထာ၊ ပနွယ့်သာက လား စသည့်‌ကျေးရွာမှ ရွာသူရွာသားများမှာ နယ်စပ်သို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြခြင်း ဖြစ်သည်။

အဆိုပါ စစ်‌ပြေးဒုက္ခသည်များသည် မဲ့သ‌ဝေါ‌ကျေးရွာရှိ နီးစပ်ရာ အသိ၊ ‌ဆွေမျိုးများအိမ်တွင် ခိုလှုံလျှက်ရှိပြီး ယခုအချိန်တွင် မိုး ဆက်တိုက် ရွာသွန်းမှု‌ကြောင့် ငှက်ဖျား‌ရောဂါ ဖြစ်ပွားလျှက်ရှိသည်ဟု ‌ဆေးမှူး‌စော‌ပေါခလာက ‌ပြောသည်။

သူက “ထွက်‌ပြေးလာတဲ့ ရွာသား‌တွေ‌ကော၊ ဒီမှာရှိတဲ့ ရွာသား‌တွေပါ ဒီ‌ကေဘီ‌အေ တပ်မှူးတပ်သား‌တွေ ငှက်ဖျား‌တော်‌တော် ဖြစ်ကြတယ်။ ရိုးရိုးငှက်ဖျားမျိုး မဟုတ်ဘူး။ အပြင်းဆုံး ငှက်ဖျားပိုး အမျိုးအစား‌တွေ အဖြစ်များတာ ‌တွေ့ရတယ်။”ဟု ၎င်းက ဆက်‌ပြောသည်။

Photo-KTWG (မဲ့သ‌ဝေါရွာသို့ ထွက်‌ပြေးလာ‌နေသည့် စစ်‌ပြေးဒုက္ခသည်များ)

၎င်းရွာသူရွာသားများအား မြန်မာနိုင်ငံ‌ဆေးပညာရှင်များအသင်း (Burma Medical Association) က လိုအပ်သည့် ‌ဆေးဝါးကု သမှုများကို လုံ‌လောက်စွာ ‌ထောက်ပံ့‌ပေးလျှက်ရှိသည်ဟု BMA Program Director ‌စော‌နေထူးက ‌ပြောသည်။

ထို့အပြင် ပစ်ခတ်မှုများ‌ကြောင့် မယ့်ကွီးထာ့၊ ‌လော်ပူ၊ ဝဲပျာ့၊ ဝါ့တမူ့၊ မဲ့‌ဆေ၊ မဲ့‌လော်ထာ့၊ ထီးလာနဲ၊ ‌ယော်ပို၊ တကွီကလား၊ တ‌ရေဖိုးကွီး၊ ကမားထာ့၊ ကွီး‌လေး၊ ပနွယ့်သာကလား(ရွာသစ်)၊ ထီးပယ်‌ကျေးရွာများမှ စာသင်‌ကျောင်း ၁၄‌ကျောင်း ပိတ်ပစ်ခဲ့ရ သလို လာမည့် ပွင့်လင်းရာသီတွင် ပစ်ခတ်မှုများ ပိုမို ပြင်းထန်လာနိုင်သဖြင့် ‌ဒေသခံရွာသူရွာသားများ နယ်စပ်ဘက်ခြမ်းသို့ ထပ်မံ ထွက်‌ပြေး‌ရောက်ရှိလာနိုင်သည်ဟု နယ်စပ်အ‌ခြေအ‌နေ ‌စောင့်ကြည့်သူများက ‌ပြောဆို‌နေကြသည်။