Home ထိပ်တန်းသတင်း ထားဝယ်-ကန်ချနပူရီ စီမံကိန်း နယ်‌မြေတွင်း ‌ကေအဲန်ယူ စစ်‌ရေး ဆက်လှုပ်ရှားမည်ဆို

ထားဝယ်-ကန်ချနပူရီ စီမံကိန်း နယ်‌မြေတွင်း ‌ကေအဲန်ယူ စစ်‌ရေး ဆက်လှုပ်ရှားမည်ဆို

2079
ဩဂုတ်လ ၁ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

ထားဝယ်‌ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထားဝယ်- ကန်ချနပူရီ အ‌ဝေး‌ပြေးလမ်း စီမံကိန်းနယ်‌မြေတွင် လိုအပ်ပါက စစ်‌ရေးလှုပ်ရှားမှုများ ဆက်လက် လုပ်‌ဆောင်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး ‌ကေအဲန်ယူက ‌ပြောသည်။

“ကျ‌နော်တို့ရဲ့ စစ်‌ရေးလှုပ်ရှားမှုက‌တော့ အမြဲရှိတယ်။ ‌နောက်ထပ်လည်းရှိအုံးမယ်။ အခွင့်အ‌ရေးရရင် ရသလို အဲဒီမှာရှိတဲ့ မြန်မာ စစ်တပ်‌တွေကို ကျ‌နော်တို့လူ(KNLA တပ်ဖွဲ့)‌တွေက‌တော့ ဝင်တိုက်မှာပဲ။”ဟု ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒို‌စော ကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်၏ လက်‌အောက်တွင် ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၄) တပ်ဖွဲ့ဝင်များ စစ်‌ရေးလှုပ်ရှားလျှက်ရှိ သည်။

ယင်းအ‌ဝေး‌ပြေးလမ်းကို ‌ဖောက်လုပ်‌နေသည့် အီတာလျှံ-ထိုင်းကုမ္ပဏီ၏ အ‌ခြေစိုက်စခန်း အမှတ် (၁) တည်ရှိရာ ထားဝယ်မြို့နယ် အလက်စတိုးအ‌ခြေစိုက် မြန်မာစစ်တပ်ကို KNU တပ်ဖွဲ့ဝင်များက ဇူလိုင်၂၈ရက်‌နေ့တွင် နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှု ‌ကြောင့် အဆိုပါစခန်းမှ အလုပ်သမား ၅ဝခန့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့သည်။

၎င်းအလုပ်သမားများသည် ‌နောက်တ‌နေ့နံနက်တွင် ၎င်းတို့စခန်းသို့ ပြန်သွားခဲ့‌သော်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်‌နေ ကြသည်ဟု ထားဝယ်‌ရေနက် ဆိပ်ကမ်းစီမံကိန်းအတွင်း လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများနှင့် ပတ်သက်၍ အချက်အလက် စု ‌ဆောင်း‌နေသူတဦးက ‌ပြောသည်။

“အဲဒီ အလုပ်သမား‌တွေဟာ ထိုင်းနိုင်ငံသား‌တွေ ပိုများတယ်။ သူတို့အလုပ်လုပ်‌နေတဲ့ ‌နေရာတ‌လျှောက်က KNU လှုပ်ရှား‌နေတဲ့ နယ်‌မြေဖြစ်‌နေ‌တော့ နဂိုကတည်းက ‌ကြောက်‌နေကြတယ်။ သူတို့အတွက် လုံခြုံ‌ရေးယူထားတာကလည်း မြန်မာအစိုးရတပ်‌တွေ ‌လေ။”ဟု ၎င်းက ‌ပြောသည်။

Photo-KIC (KNLA soldier)
ဇူလိုင် ၂၈ရက်‌နေ့ တိုက်ခိုက်မှုသည် KNU တာဝန်ရှိ ပုဂ္ဂိုလ်အချို့နှင့် အီတာလျှံ-ထိုင်းကုမ္ပဏီ ‌ဆောက်လုပ်‌ရေးတာဝန်ခံတို့ ဇူလိုင် ၁၆ရက်‌နေ့က ထားဝယ်‌ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ ‌ဆွေး‌နွေးခဲ့ပြီး‌နောက်ပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့‌သော် ယခု တိုက်ပွဲသည် အဆိုပါ ‌ဆွေး‌နွေးပွဲနှင့် မပတ်သက်‌ကြောင်း ပဒို‌စောကွယ်ထူးက ဖြည့်စွက်‌ပြောဆိုသည်။

ယခု တိုက်ပွဲသည် ထားဝယ်-ကန်ချနပူရီ အ‌ဝေး‌ပြေးလမ်း ‌ဖောက်လုပ်‌ရေးစီမံကိန်းနယ်‌မြေတွင် ပထမဆုံးဖြစ်ပွားသည့် တိုက်ပွဲ ဖြစ် သည်။