Home ထိပ်တန်းသတင်း တိုင်းရင်းသားအ‌ရေးအတွက် ‌ဒေါ်စု စွမ်း‌ဆောင်နိုင်မည်ဟု (ENC) လိုလား

တိုင်းရင်းသားအ‌ရေးအတွက် ‌ဒေါ်စု စွမ်း‌ဆောင်နိုင်မည်ဟု (ENC) လိုလား

1503
ဩဂုတ်လ ၂ရက်။ (‌ကေအိုင်စီ)

တိုင်းရင်းသား‌ဒေသအတွင်း ဖြစ်ပွား‌နေသည့် ပြည်တွင်းစစ် ရပ်စဲ‌ရေးနှင့် ပြည်‌ထောင်စုကြီး အနာဂတ် အာမခံနိုင်မည့် စစ် မှန်‌သော တိုင်းရင်းသားစည်းလုံးညီညွှတ်မှု ရရှိ‌ရေးအတွက် ‌ဒေါ်‌အောင်ဆန်းစုကြည် တဖက်တလမ်း စွမ်း‌ဆောင်နိုင်မည်ဟု (ENC) အ‌နေဖြင့် ယုံကြည်‌ကြောင်း ယမန်‌နေ့က ‌ကြေညာချက်ထုတ်ပြန် ‌ပြောဆိုသည်။

“‌ဒေါ်စုအ‌နေနဲ့ အခုလက်ရှိ တိုင်းရင်းသား‌တွေမှာ ဖြစ်ပျက်‌နေတဲ့ ပြဿနာ‌တွေအ‌ပေါ် သူ့အ‌နေနဲ့ စိုးရိမ်မကင်းဖြစ်‌နေတယ် ဆိုတာ ‌ပြောလို့ရတယ်။ ကျ‌နော်တို့အ‌နေနဲ့လည်း ကြိုဆိုတယ်။”ဟု တိုင်းရင်းသားလူမျိုးများ‌ကောင်စီ (ENC) အတွင်း‌ရေးမှူး ချုပ် ‌ဒေါက်တာဆလိုင်း‌ရွှေခါးက ‌ပြောသည်။

တိုင်းရင်းသားအဖွဲ့များ စု‌ပေါင်းပါဝင်ထားသည့် တိုင်းရင်းသားလူမျိုးများ‌ကောင်စီ ENC က ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် မြန်မာနိုင်ငံ၏ ပြည်‌ထောင်စုအ‌ရေး၊ တိုင်းရင်းသားအ‌ရေးများကို လုပ်ကိုင်နိုင်စွမ်းရှိမည်ဟု ထုတ်ပြန်ထားသည့် ‌ကြေငြာ ချက်တွင် ‌ဖော်ပြပါရှိသည်။

“တိုင်းရင်းသားဘက်က‌နေ အခုလို ‌ဒေါ်စုက‌နေ အိတ်ဖွင့်‌ပေးစာနဲ့ ကမ်းလှမ်းလာတဲ့အ‌ပေါ်မှာ (ENC) က‌တော့ ကြိုဆိုတယ် ‌ကောင်းတယ်လို့လည်း မြင်တယ်” ဟု ‌ဒေါက်တာ‌ရွှေခါးက ‌ပြောသည်။

ဇူလိုင်လ ၂၈ရက်‌နေ့မှာ ထုတ်ပြန်သည့် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ အိတ်ဖွင့်‌ပေးစာတွင် နိုင်ငံ‌တော် သမ္မတ ဦးသိန်းစိန်၊ ကချင်လွတ်‌မြောက်‌ရေးတပ်ဖွဲ့(KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် ရှမ်းပြည်တပ်မ ‌တော်(SSA) အဖွဲ့များသို့ ‌ပေးပို့ထားသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်က သူမ၏ အိတ်ဖွင့်‌ပေးစာ၌ တိုင်းရင်းသား‌ဒေသများတွင် အပစ်အခတ် ရပ်စဲ‌ရေးအတွက် ငြိမ်းချမ်း ‌ရေးလုပ်ငန်းစဉ်များကို ပံ့ပိုးရန် သူမအ‌နေဖြင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းသွားရန် အသင့်ရှိ‌နေ‌ကြောင်း ‌ရေးသား‌ဖော်ပြ ထား‌သေးသည်။

၎င်းအပြင် ပြည်‌ထောင်စုသား အချင်းချင်း ဖြစ်ပျက်‌နေ‌သော ပြဿနာများဖြစ်၍ အပြန်အလှန် ယုံကြည်‌လေးစားမှုတို့ဖြင့် ‌ဖြေရှင်းရန်လည်း တိုက်တွန်းထားသည်။

ENC ၏ ထုတ်ပြန်‌ကြေညာချက်တွင်လည်း လက်ရှိ ဖြစ်‌ပေါ်‌နေသည့် ပြည်တွင်းစစ်များ ရပ်စဲပြီး စစ်မှန်‌သော ‌တွေ့ဆုံ‌ဆွေး ‌နွေးမှုများဖြင့် နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှုကို မြန်မာအစိုးရသစ်အ‌နေဖြင့် ပြုလုပ်ရန် ‌တောင်းဆိုထားသည်။